Chae Soo Bin နဲ့ ပြင်းပြတဲ့အနမ်း အကြောင်း ပြန်ပြောပြတဲ့ မင်းသား Yoo Seung Ho

Movie & Music
03/02/2018
4k views
မကြာသေးခင်ကမှ ကိုရီးယားမှာ ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ I'm not a robot ဆိုတဲ့ Romance Drama လေးမှာအတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Yoo Seung Ho နဲ့ မင်းသမီးလေး Chae Soo Bin တို့ဟာလိုက်ဖက်တယ်ဆိုတာကို ပရိတ်သတ်တွေ သတိပြုမိကြပါတယ် ။ အဲဒီဇာတ်လမ်းလေးကတော့ ငယ်ဘ၀စိတ်ဒဏ်ရာကြောင့် လူတွေနဲ့ ဓါတ်မတည့်ဖြစ်နေတဲ့ သူဠေးလေး တစ်ယောက်အတွက် အကူအညီပေးနိုင်မယ့် စက်ရုပ်လေးတစ်ရုပ်ကို သိပ္ပံပညာရှင်အုပ်စုက တီထွင်ခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်ဘဲ သူဠေးလေးဆီအပ်ရခါနီးမှ အပ်လို့မရ အခက်အခဲတွေ့နေခဲ့ပါတယ် ။ စက်ရုပ်ရဲ့ မျက်နှာကို သိပ္ပံပညာရှင်က သူ့ချစ်သူဟောင်းရဲ့ မျက်နှာပုံနဲ့ လုပ်ထားခဲ့တာမို့ ဒီအခြေအနေမှာ ချစ်သူဟောင်းကို အကူအညီတောင်း စက်ရုပ်ပုံစံဟန်ဆောင်ပြီး သူဠေးဆီပို့လိုက်ပါတယ် ။ စက်ရုပ်လို့ထင်ပြီး လူမှန်းမသိတဲ့ သူဠေးနဲ့ စက်ရုပ်မဟုတ်လို့ နှလုံးသားရှိတဲ့ ကောင်မလေးတစ်ယောက် သံယောဇဉ်တွေ တွယ်လာတဲ့ ဇာတ်လမ်းလေးပါ ။

   

ဒီဇာတ်လမ်းလေးမှာ သူတို့နှစ်ယောက် နမ်းရတဲ့ ဇာတ်ဝင်ခန်းတွေ ပါခဲ့ပေမယ့် ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်နမ်းခဲ့ရပါတယ် ။

   

အဲဒီအကြောင်းနဲ့ပါတ်သတ်ပြီး မင်းသား Yoo Seung Ho က

" Drama ထဲမှာ Kiss scene တွေ အများကြီးပါပေမယ့် မီးဖိုခန်းထဲမှာနမ်းရတဲ့ kiss scene ကတော့ အကုန်လုံး ကျွန်တော့ Idea ပါ ။ ဒီဇာတ်ဝင်ခန်းကို ရိုက်လို့ပြီးမှ ဒီလောက်ပြင်းထန်သွားမှန်း ကျွန်တော် သတိထားမိပါတယ် ။ ကျွန်တော့်သူငယ်ချင်းတွေက ဒီအခန်းကို ကြည့်ပြီးကျွန်တော့ ကို သူခိုးကောင် လို့တောင် နောက်ပြောင်ခေါ်နေကြတော့တာပါပဲ " တဲ့ ။

   

   

မင်းသားကတော့ ဖြစ်ရမယ်နော် ... 

Athena 
Source : Ilovekstar
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views