Taeyang နဲ့ Min Hyo Rin တို့ရဲ့ Pre-wedding ဓါတ်ပုံတွေ 

Movie & Music
03/02/2018
310 views
Kpop လောကရဲ့ အထင်ရှားဆုံး Boy Group တစ်ခုဖြစ်တဲ့ Big Bang က Taeyang ကတော့ မကြာခင်မှာ လူပျိုကြီးဘ၀ကို စွန့်လွှတ်တော့မှာပဲဖြစ်ပါတယ် ။

   

သူနဲ့ ၄နှစ်ကြာချစ်ကြိုက်ခဲ့တဲ့ ချစ်သူမင်းသမီး Min Hyo Rin ကိုပဲလက်ထပ်မှာမို့ ကို Taeyang ရဲ့ အချစ်ကြီးပုံကိုတော့ လေးစားရပါတယ် ။ လက်ထပ်တော့မယ့် သူတို့ချစ်သူစုံတွဲလေးကတော့ ပျော်ရွှင်စရာအချိန်လေးတွေကိုအတူဖြတ်သန်းနေကြပြီး Pre wedding ပုံတွေကို ဟာဝိုင်အီမှာ သွားရောက်ရိုက်ကူးခဲ့ပါတယ် ။

 

နှစ်ယောက်လုံး ခရစ်ယာန်ဘာသာကိုးကွယ်သူတွေမို့ သူတို့ဟာ ဖေဖော်ဝါရီလ သုံးရက်နေ့မှာ ဘုရားကျောင်းမှာ ရင်းနှီးတဲ့ ဆွေမျိုး မိတ်သင်္ဂဟများနဲ့ Private လက်ထပ်ပွဲလေး ပြုလုပ်ကြမှာဖြစ်ပါတယ် ။  

 

လက်ထပ်ပွဲအပြီး ဒင်နာပါတီကိုတော့ Paradise City Hotel မှာကျင်းပမှာပါ ။ သူမတို့လက်ထပ်ပွဲကို အလှဆင်ပေးမယ့်သူကတော့ နာမည်ကျော် Twilight ဇာတ်ကားထဲက လက်ထပ်ပွဲကို ပြင်ဆင်ဆင်ယင်ပေးခဲ့တဲ့ Wedding Designer Youngsong Martin ပဲဖြစ်ပါတယ် ။ 

 

လက်ထပ်ပြီးအတူနေဖို့ Taeyang က $ 4 million တန်ဖိုးရှိတဲ့ ဇိမ်ခံအဆောက်အဦးကြီးကို ၀ယ်ယူပြီး အိမ်တွင်းပစ္စည်းတွေလဲ ဖြည့်တင်းထားပြီးပြီလို့ သိရပါတယ် ။ 

 

 

   

   

   

   

   

          

အလန်းစားပုံရိပ်တွေထဲ သူတို့နှစ်ယောက်ရဲ့ စေ့စပ်လက်စွပ်ကလေးတွေကိုလည်းတွေ့မြင်ရမှာပါ ။

   

သူတို့ရဲ့ စေ့စပ်လက်စွပ်တွေဟာ Chanel တံဆိပ် 18 K White Gold တန်ဖိုးကြီး လက်စွပ်တွေဖြစ်ပြီး ရိုးရှင်းစွာလှပနေတာကိုတွေ့မြင်ရမှာပါ ။ တန်ဖိုးကတော့ $ 5950 ( မြန်မာငွေ 83 သိန်းဝန်းကျင်) တန်တယ်လို့ သိရှိရပါတယ် ။ 

   

သူတို့ ချစ်သူနှစ်ဦးကတော့ ရိုးရှင်းတာကိုအလွန်ကြိုက်ပုံပါပဲ ။ သူတို့ရဲ့ လက်ထပ်ဖိတ်စာတောင်မှ ပန်းပွင့်လေးတွေနဲ့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ခဲ့တာပါ ။

 

     

ဖေဖော်ဝါရီလသုံးရက်နေ့မှာတော့ သူတို့ချစ်သူနှစ်ဦးလက်ထပ်ကြပါတော့မယ် ။ သူတို့ကို အားပေးတဲ့ပရိတ်သတ်တွေ ပျော်ကြလား နှမြောနေကြလား ဗျိုး ?
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views