2018 မှာ အသစ်ကြည့်ရမယ့် ကိုရီးယား Drama တွေ

Movie & Music
01/02/2018
517 views
ကိုရီးယားဇာတ်ကား Crazy တွေအတွက် ခုနှစ်သစ် ၂၀၁၈ မှာ အသစ်ထွက်ရှိလာမယ့် Drama တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ ဘယ်မင်းသားမင်းသမီးတွေ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလဲဆိုတာ အောက်မှာကြည့်ကြည့်လိုက်ရအောင်နော် ...

1. Manager Park’s Private Life

   

ဆောက်လုပ်ရေး company တစ်ခုက လက်ထောက်မန်နေဂျာ Mr. Park ရဲ့ လျို့ ဝှက်ဘ၀အကြောင်း ဇာတ်ကားလေးပါ ။ 

2. Ms. B and Love Letters

   

34 နှစ်ရှိပြီဖြစ်တဲ့ Park Ga Young က အချစ်ကံခေသူပါ ။ တစ်နေ့မှာ အမည်မသိလူတစ်ယောက်ကပေးပို့တဲ့ ရည်းစားစာလေးတစ်ခု သူမရခဲ့ပါတယ် ။ အဲဒီအချိန်ကစလို့ ဒီ အချစ်စာလွှာနောက်ကွယ်က လျို့ ဝှက်ဆန်းကြယ်မှုတွေနဲ့ ကြုံတွေ့လာတဲ့အခါ သူမရဲ့ အချစ်ရေးမှာ အပြောင်းအလဲတွေ ဘယ်လိုကြုံရမလဲ ဆိုတာ ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားပါ ။  Running Man ရဲ့ ပင်တိုင်အဖွဲ့ဝင်လေး Song Ji Hyo က ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ် ။ 

3. The History of Walking Upright

   

ကျောင်းဇာတ်ကားလေးပါ ။ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တရက်မှာ နှစ်ကြိမ်ကိုယ်ပျောက်နိုင်စွမ်းရှိပါတယ် ။ သူမရဲ့ သဘာဝလွန်စွမ်းအားကိုအသုံးချပြီး အခြားသူကိုချစ်နေတဲ့ သူမရဲ့ Crush လေးကို ဘယ်လိုဆွဲဆောင်မလဲဆိုတာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် ။ 

4. Field Trip Day

   

ကိုယ့်ကိုယ်ကို သတ်သေခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ Jaeho ဟာ အသုဘအခမ်းအနားဝန်ဆောင်မှုပေးတဲ့ company တစ်ခုမှအလုပ်ရခဲ့ပါတယ် ။ အသက်ရှင်ခြင်းနဲ့ သေခြင်းကြားက သိပေမယ့် မေ့လျော့နေတဲ့ ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့ စိတ်ဝင်စားစရာ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ ။ 

5. I’m Betting On My Tambourine

   

စာချုပ်နဲ့ အလုပ်လုပ်ရတဲ့ ဘဏ်ဝန်ထမ်းလေး Oh Moon Sook ဟာ မတရားတဲ့ လုပ်ငန်းခွင်မှာ အချိန်ပြည့်ဝန်ထမ်းဖြစ်ဖို့ သည်းခံကြိုးစားနေသူပါ ။ ဒီလိုအချိန်ပြည့်ဝန်ထမ်းဖြစ်လာဖို့ သူဠေးကို သိမ်းသွင်းမယ့်အကြံအစည်ရခဲ့တဲ့ သူမဟာ သူဠေးကိုဆွဲဆောင်နိုင်ဖို့ tambourine ဆိုတဲ့ ကနည်းကို ကြိုးစားသင်ယူပါတော့တယ် ။ တကယ်ပဲ သူမရည်မှန်းချက်အတိုင်းဖြစ်လာမလားဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် ။ 

6. Poem Collection

   

ကဗျာတွေနဲ့ ပြည့်နေတဲ့ ဒိုင်ယာရီစာအုပ်လေးကိုကောက်ရတဲ့ မိန်းကလေးတစ်ယောက် ။ အဲဒီ စာအုပ်ကလေးက သူမသူငယ်ချင်း အသက် ၁၇ နှစ်အရွယ်က ရေးခဲ့တဲ့စာအုပ်ဖြစ်ကြောင်းသိခဲ့ရပါတယ် ။ အဲဒီစာအုပ်ကလေးကနေတဆင့် အတိတ်ကအမှတ်ရစရာတွေကို ပြန်လည်တူးဖော်ပြမယ့် ဇာတ်လမ်းလေးပါ ။ 

7. Not Played

   

ကလေးတွေအတွက် အမြဲအနစ်နာခံပေးဆပ်ခဲ့တဲ့ အမေက ငွေရဖို့ part-time အလုပ်တွေကို လုပ်ရပါတယ် ။ တစ်ခါမှတော့ ဘိလိယက်ခန်းမမှာ သန့်ရှင်းရေးလုပ်ရင်း သူမရဲ့ ဘိလိယက် ပါရမီကို သတိထားမိသွားတဲ့အခါ ... ဘယ်လို ဘ၀ရဲ့ အချိုးအကွေ့တွေနဲ့ ကြုံရမလဲ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် ။ 

8. Tasty Home

   

အမေ အဖွား နဲ့ အတူနေတဲ့ ကလေးလေးက သူ့ကို ဂရုတစိုက်ထမင်းချက်ကျွေးမယ့်အဖွား ကွယ်လွန်သွားတဲ့နောက်မှာ အားလုံးဆုံးရှုံးသွားရပါတယ် ။ ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အမေက သူမကို ဂရုမစိုက်နိုင်ခဲ့ပါဘူး ။ တစ်ခါမှာတော့ သူမလေးရဲ့ မိခင်က ကောလဟာလဒဏ်တွေကြောင့် ရုပ်ဖျက်ပြီး စားသောက်ဆိုင်တစ်ခုမှာဝင်ရောက်အလုပ်လုပ်ခဲ့ပါတယ် ။ သားအမိ နှစ်ယောက်ကြားက ဖြစ်ရပ်လေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ။ 

9. Ms. Fighter

   

အင်တာနက်မှာ ကောလဟာလနဲ့ နာမည်ဖျက်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရဲရဲရင့်ရင့် နဲ့ သူမအတွက် အဖြစ်မှန်ကို ဘယ်လို တိုက်ပွဲဝင်ဖော်ထုတ်မလဲ ဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားပါ ။ အမျိုးသမီးထုရဲ့ အခွင့်အရေးအကြောင်းအရာတွေ ဒီဇာတ်ကားလေးထဲမှာပါဝင်တာမို့ ပညာပေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ 

10. Last Meal Chef

   

သေဒဏ်ကျအကျဉ်းသားတွေ ပြစ်ဒဏ်မချခံရခင် နောက်ဆုံးထမင်း ငါးနပ်ကို ချက်ပြုတ်ကျွေးမွေးရတဲ့ စားဖိုးမှုးအလုပ်ကို လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ် ။ သူမ ဒီအလုပ်ကိုလုပ်ခဲ့တာ ငါးနှစ်ရှိခဲ့ပါပြီ ။ သူမဖြစ်ချင်တာကို အလွတ်တမ်း ဓါတ်ပုံဆရာမပါ ။ တစ်ရက်မှာတော့ သူသေရတော့မယ် ဆိုတာတောင်မသိတဲ့ စိတ်ကျန်းမာရေးချို့ ယွင်းနေတဲ့ သေဒဏ်ကျ အကျဉ်းသားတစ်ယောက်အတွက် နောက်ဆုံး ထမင်းကို သူမပြင်ဆင်ပေးခဲ့ရပါတယ် ... အဲဒီနောက်မှာတော့ ... စိတ်ဝင်စားစရာ ဇာတ်လမ်းကျောရိုးနဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ ။ 

ဒီဇာတ်ကားလေးတွေကတော့ 2018 မှာ အသစ်ထွက်ရှိမယ့် ဇာတ်ကားလေးတွေပါတဲ့ ။ ဘယ်ဇာတ်ကားလေးကို စောင့်ကြည့်မလဲ ရွေးသာထားလိုက်ကြပါတော့နော် ... 

Athena 
Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views