လီကွမ်ဆူရဲ့ တကယ့်စိတ်ရင်းကိုသိသာစေတဲ့ အခိုက်အတန့်လေးတွေ

Movie & Music
28/01/2018
314 views
Running က သစ္စာဖောက်တတ်တဲ့ သစ်ကုလားအုတ်ကလေးဟာ တကယ်တမ်းမှာတော့ ဆိုးတဲ့သူမဟုတ်ခဲ့ဘူးဆိုတာ အခိုက်အတန့်အချို့ ကို သတိထားမိရင်သိသွားပါလိမ့်မယ် ။ သူ့ရဲ့ တကယ့်စိတ်ရင်းကတော့ နတ်သားလေးတစ်ပါးလိုပဲဆိုတာကို အောက်က အခိုက်အတန့်လေးတွေက ပြနေပါတယ် ။ 
ကွမ်ဆူ နဲ့ ဆောင်ဂျီဟိုဟာ Show ထဲမှာတော့ မကြာခဏ အသင်းမတူတဲ့ ယှဉ်ပြိုင်ဖက်တွေ ဖြစ်ရပါတယ် ။

   

ဒါပေမယ့် Show ပွဲနောက်ကွယ်မှာတော့ ကွမ်ဆူက သူ့အမကို တော်တော် ဂရုစိုက်တာပါ ။ လိုက်ကြည့်ပြီး လိုတာတွေလုပ်ပေးနေတတ်ပါတယ် ။ 
ပုံထဲမှာက အပြင်က ဂျီဟို ၀င်လာတဲ့ အချိန်မှာ လုပ်လက်စအလုပ်ကိုချပြီး ဂျီဟိုထိုင်ဖို့ ခုံထဆွဲပေးတာပါ ။ 

   

တစ်ခါက ရေကန်ထဲမှာဆော့ရတဲ့ Game အပြီး ရေတွေစိုလို့ ဂျီဟို Underwear ပေါ်နေတာကို သတိထားမိတဲ့ ကွမ်ဆူက ချက်ချင်း သူ့ သဘက်ကလေးကိုပေးပြီး ကာကွယ်စေခဲ့ပါတယ် ။

   

တစ်ခါမှာတော့ အချုပ်ခန်းထဲ အရင်ရောက်နေတဲ့ သူဟာ ဂျီဟိုလာတဲ့အချိန် ထိုင်ခုံတွေပြည့်နေတာမို့ သူနေရာကထပြီး ဂျီဟို ထိုင်ဖို့ ဦးစားပေးတာတွေ့ရပါလိမ့်မယ် ။ 

   

ပြေးနေရင်း နောက်မှာကျန်ခဲ့တဲ့ ဂျီဟိုကို စောင့်ခေါ်ပေးတာ

   

ပြုတ်ကျမှာစိုးလို့ လက်နဲ့ကာထားပေးတာတွေက သူ့အမကို တကယ်ဂရုစိုက်တဲ့ ကွမ်ဆူရဲ့ စိတ်ကိုတွေ့မြင်ရမှာပါ ။

   

Show ထဲမှာတင်မဟုတ်ပါဘူး Show အပြင်က ရိုက်ကွင်းတွေမှာလည်း ကွမ်ဆူက ဂျီဟိုကို ဂရုစိုက်ပေးပါတယ် ။ 
သူက ဂျီဟိုတစ်ယောက်ထဲကိုပဲ ဂရုစိုက်တာမဟုတ်ပါဘူး ။ သူ့ရဲ့ လူကြီးလူကောင်းဆန်မှုက လူတိုင်းအပေါ် ဒီလိုပါပဲ ။ 
Show ရဲ့ အပိုင်းတစ်ခုမှ အဖော်တွေရှာပြီး အတွဲလိုက် သရုပ်ဆောင်တာပြိုင်ခဲ့တုန်းက ဧည့်သည်မင်းသား Joo Jin Mo က သစ်သားချောင်းကို သူ့ဦးထုပ်နဲ့ရိုက်ပြီး ကျိုးအောင်လုပ်တော့မယ့်အချိန်မှာ ကွမ်ဆူက သစ်သားကျိုးသွားရင် သူ့ဘေးက အဖော်ကို သစ်သားစတွေပြန့်လာပြီး ထိမှာစိုးလို့ လက်နဲ့ ကြိုကာပေးထားခဲ့ပါတယ် ။

   

သူကိုယ်တိုင်တောင် သတိမထားမိခင်မှာ အခြားသူကို ကာကွယ်ပေးပြီးသားဖြစ်နေတဲ့သူပါ ။ ယောကျာင်္းလေးတွေကိုလည်း ဒီအတိုင်းပါပဲ ။ မင်းသား Go Chang Suk လာတဲ့ အပိုင်းမှာဆိုရင်လဲ အားလုံးအပေါ်ကြင်နာတတ်တဲ့ သူ့စိတ်ကိုပြပေးသွားပါတယ် ။ Running Man ရဲ့ ဧည့်သည်တွေကို ကင်မရာထဲမှာ ပေါ်လွင်နေအောင် မျက်နှာမှာပေနေတာရှိရင်တောင် ဂရုတစိုက်နဲ့ လိုက်သုတ်ပေးတတ်သူပါ ။ သပ်သပ်ရပ်ရပ်ဖြစ်အောင်လဲ လိုက်ကြည့်ပြီး ပြုပြင်ပေးတတ်ပါသေးတယ် ။

   

အနားမှာ ရှိတဲ့ ဘယ်သူ့အတွက်မဆို အန္တရယ်ကင်းအောင် အမြဲကာကွယ်ပေးဖို့ အသင့်ပြင်ထားတတ်ပါတယ် ။

   

အနားမှာရှိတဲ့သူတွေအပေါ်အမြဲ ကြင်နာစိတ်ထားပြီး ဂရုစိုက်ပေးတတ်တဲ့ သစ်ကုလားအုပ်ကလေးကို ပရိတ်သတ်တွေကတော့ The Prince of Asia လို့ နာမည်ပေးလိုက်ကြပါပြီ ... သူ့လောက်စိတ်ကောင်းရှိတဲ့ သူက မင်းသားလေး မဖြစ်ရင် ဘယ်သူက မင်းသားလေးဖြစ်ဦးမှာလဲ ... ကွမ်ဆူကတော့ တကယ့်ကို ရှားပါးတဲ့ ကြင်နာတတ်သူတစ်ယောက်ပါပဲ ...

   

Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views