ကလေးသရုပ်ဆောင်တွေ အသက်ကြီးလာတဲ့အခါ ... ( Part - II )

Movie & Music
17/01/2018
372 views
8 Lee Min Ho

   

Lee Min Ho ဆိုလို့ ဟို  Lee Min Ho ကို သွားမမြင်ယောင်လိုက်နဲ့နော် ။ သူမဟုတ်ပါဘူး ။ ဒါပေမယ့် ဒီ  Lee Min Ho ကိုလည်း ပရိတ်သတ်တွေကောင်းကောင်းသိနေမှာပါ ။ သူကလည်း အသက် ၅ နှစ်အရွယ်ထဲက သရုပ်ဆောင် စလုပ်ခဲ့သူဖြစ်ပါတယ် ။ ခုချိန်မှာတော့ ချောမောခန့်ညားချက်က နှုတ်ခမ်းနီမလေးတွေရဲ့ Opa ဖြစ်နေတော့တာပါပဲ ။ 

   

9 Kim Yoo Jung

   

သူလေးပေါ့ ။ ပရိတ်သတ်တွေ အသည်းကျော်ဖြစ်နေရတာ ။ ငယ်တုန်းကချောခဲ့တဲ့ အတိုင်း ကြီးလာတော့ ပိုလို့တောင်ချောလာတယ်လေ ။ အသက် ၅ နှစ်အရွယ်ကစပြီး သရုပ်ဆောင်လုပ်ခဲ့တဲ့ မင်းသမီးလေးက ကလေးသရုပ်ဆောင်အဖြစ်ရုပ်ရှင်တွေ အများကြီးရိုက်ခဲ့ပြီး ခုချိန်မှာခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်တွေ ဆက်လက်ရိုက်ကူးနေပါပြီ ။

   

10 Jin Jin Hee

   

Alone In Love ဇာတ်ကားထဲက ချစ်စရာကလေးလေးဟာ ခုချိန်မှာတော့ အလှသွေးကြွယ်နေခဲ့ပြီပေါ့ ။ ရုပ်ရှင် Drama များစွာမှာ ၀င်ရောက်သရုပ်ဆောင်နေခဲ့ပြီး ပရိတ်သတ်တွေ အမြောက်အများလည်း ပိုင်ဆိုင်နေပါပြီ ။ 

   

11 Yeo Jin Goo

   

Nation’s little brother လို့ အမည်ပေးခြင်းခံရတဲ့ မင်းသားကတော့ Yeo Jin Goo ပါ ။ သူကလည်း ကလေးသရုပ်ဆောင်ဘ၀ကလာခဲ့သူဖြစ်ပြီး  2005 ခုနှစ်ထဲက သရုပ်ဆောင်စလုပ်ခဲ့သူဖြစ်ပါတယ် ။ 

   

12 Go Ah Sung

   

နာမည်ကျော် The Host ဇာတ်ကားထဲက ကလေးသရုပ်ဆောင်လေးကိုမှတ်မိကြလား ? သူမကိုခုချိန်မြင်ရင်တော့ Wow ခနဲဖြစ်သွားမှာပါ ။ တကယ်လှပတဲ့ မိန်းမပျိုလေးအဖြစ်ကို ပြောင်းလဲသွားခဲ့လို့လေ ... 

   

13 Seo Shin Ae

   

ပါးဖောင်းဖောင်းနဲ့ ချစ်စရာကလေးမလေးကို ရုပ်ရှင်တွေထဲမြင်ဖူးကြတယ်မဟုတ်လား ? ကလေးသရုပ်ဆောင်အဖြစ်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတော်တော်များပါတယ် ။ ခုချိန်မှာတော့ သူမကလည်း လှပတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေခဲ့ပါပြီ ။

   

14 Park Ji Bin

   

ကလေးဘ၀ထဲက ပရိတ်သတ်နဲ့ မစိမ်းတဲ့ နောက်သရုပ်ဆောင်တစ်ယောက်ကတော့ Park Ji Bin ပါ ။ စစ်မှုထမ်းပြီးပြန်လာတဲ့ သူကတော့ တကယ့်ကိုယောကျာင်္းပီသတဲ့
အသွင် နဲ့ ခန့်ညားလာတော့တာပါပဲ ။

   

15 Kim Hyang Gi

   

အသည်းယားစရာကလေးမလေးက ကြီးလာတော့လည်း အလွန်ချစ်ဖို့ကောင်းနေပြန်ပါရော ။ ငယ်စဉ်က ပါးဖောင်းဖောင်းလေးတွေနဲ့ နာမည်ကြီးတဲ့ ကလေးသရုပ်ဆောင်ကောင်မလေးက ခုချိန်မှာ ချစ်စရာအပျိုမလေးအသွင်ကို ပြောင်းလဲသွားခဲ့ပြီး ရုပ်ရှင်သစ်တွေလဲ ရိုက်ကူးနေပါပြီ ။ 

   

မြန်မာစကားပုံ တစ်ခုအရဆိုရင်တော့ သူတို့ကို ဒေါင်းမျိုးလို့တောင် ခေါ်ရမလိုပါ ။ ကြီးလေလှလာလေ မဟုတ်ပါလား ။ သူငယ်ချင်းတို့ အားပေးတဲ့သူတွေပါရင် ပြောသွာခဲ့ဦးလေနော် ... 

Source : koreaboo

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views