ကလေးသရုပ်ဆောင်တွေ အသက်ကြီးလာတဲ့အခါ ...

Movie & Music
17/01/2018
353 views
ကိုရီးယားရုပ်ရှင်တွေ ကြိုက်ကြလား သူငယ်ချင်းတို့ရေ ... ရုပ်ရှင်ကြည့်ရင်းနဲ့ ဇာတ်ကားတွေထဲမှာ ကလေးသရုပ်ဆောင်အချို့ ကို တွေ့တတ်ကြတယ်မဟုတ်လား ...
သူတို့တွေက လူကြီးဖြစ်လာတဲ့အခါ ဘယ်လိုပုံစံတွေ ပြောင်းသွားသလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ။ ကလေးသရုပ်ဆောင်ဘ၀ကနေ လူကြီးသရုပ်ဆောင်ဖြစ်လာတဲ့အခါ မမှတ်မိလောက်အောင်ချောမောလာကြတဲ့ သူတွေရှိနေပါတယ် ။ သူတို့ရဲ့ ငယ်ရုပ်လေးတွေကို ကလေးသရုပ်ဆောင်ဘ၀တုန်းက မြင်ဖူးတယ်ဆိုတာ မနည်းမှန်းယူရလောက်အောင် ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေနဲ့ ကြီးပြင်းလာခဲ့ကြတာပါ ။ သူတို့က ဘယ်သူတွေလဲဆိုတာ အောက်မှာကြည့်ကြရအောင်နော် ... 

1 Kim So Hyun

   

ဒီမင်းသမီးလေးကို သိကြတယ်ဟုတ် ? မြန်မာပရိတ်သတ်တော်တော်များများရဲ့ အသည်းကျော်လေးပါ ။ သူမကတော့ အသက် ၉နှစ်အရွယ်ကစလို့ Que Sera ဆိုတဲ့
ဇာတ်ကားမှာ ပထမဆုံးသရုပ်ဆောင်စလုပ်ခဲ့ပါတယ် ။ ဆယ်နှစ်ကြာပြီးနောက်မှာတော့ The Emperor: Owner of the Mask ဆိုတဲ့ ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ ချီးကျူးအားပေးမှုကိုခံခဲ့ရပါတယ် ။ 

   

2 Lee Hyun Woo

   

The Technicians ဆိုတဲ့ ဇာတ်ကားက ၁၃ နှစ်အရွယ် ကလေးသရုပ်ဆောင်လေးဟာ နောက်ဆယ်နှစ်အကြာမှာတော့ ပရိတ်သတ်တွေ အမြောက်အများနဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ 

   

3 Yoo Seung Ho

   

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတုန်းမင်းသား Yoo Seung Ho ဟာ 2002 ခုနှစ်မှာထဲက ရုပ်ရှင်စရိုက်နေခဲ့ပါပြီ ။ ကလေးသရုပ်ဆောင်ပေမယ့် Drama ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ရတာမို့ သရုပ်ဆောင်နိုင်စွမ်းကလည်း မသေးလှပါဘူး ။ အဲဒီဇာတ်ကားလေးဟာ ပရိတ်သတ်တွေရဲ့ မျက်ရည်တွေကို ခြွေယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးလဲဖြစ်ခဲ့ပါတယ် ။ ခုချိန်မှာတော့  Yoo Seung Ho ဟာ ခန့်ညားချောမောစွာကြီးပြင်းလာခဲ့ပြီး ယခုလက်ရှိထုတ်လွှင့်နေတဲ့ " I am not a robot " ဇာတ်ကားနဲ့ ပရိတ်သတ်တွေ အသည်းခြွေယူနေလေရဲ့ ...

   

4 Park Shin Hye

   

Park Shin Hye ရဲ့ ငယ်ဘ၀ပုံလေးကိုတော့ ကောင်းကောင်းမြင်ဖူးလိမ့်မယ်ထင်ပါတယ် ။ ဘာလို့ဆိုတော့ အဲဒီဇာတ်ကားလေးက မြန်မာမှာပါ တော်တော် အောင်မြင်ခဲ့လို့ပါပဲ ။ Stairway to Heaven ဆိုတဲ့ ဇာတ်ကားမှာ ငယ်ဘ၀ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူလေးဟာ ခုချိန်မှာတော့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်နေခဲ့ပါပြီ ။ 

   

5 Park Gun Tae

   

I’m Sorry, I Love You နဲ့ East of Eden ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် Park Gun Tae ရဲ့ ငယ်ဘ၀ကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကလေးသရုပ်ဆောင်လေးဖြစ်ခဲ့တာပါ ။ 

   

6 Moon Geun Young

   

အသက် ၁၃ နှစ်အရွယ်မှာ မင်းသမီးလေး Moon Geun Youn ဟာ Autumn In My Heart ဇာတ်ကားမှာ ငယ်ဘ၀သရုပ်ဆောင်အဖြစ်ပါဝင်ခွင့်ရခဲ့ပါတယ် ။ ( မြန်မာမှာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားမို့ ဒီမင်းသမီးလေးကို အွန်စော အငယ်လေးလို့တောင် ခေါ်ကြတဲ့ထိပါပဲ ) နောက် ၁၇ နှစ်အကြာမှာတော့ သူမကလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေခဲ့ပြီပဲဖြစ်ပါတယ် ။ 

   

7 Kim Sae Ron

   

ဒီကလေးလေးကနေ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နတ်သမီးလေး တစ်ပါးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ သဘာဝအလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Kim Sae Ron ကတော့ ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပုရိသတွေရဲ့ အသည်းနှလုံးမှာနေရာယူနေသူလေးတစ်ယောက်ပါပဲ ။

   

ဆက်ရန် 
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views