နှစ်သစ်မှာသတင်း ထွက်လာတဲ့ Kpop Dating သုံးတွဲ

Movie & Music
11/01/2018
600 views
နှစ်သစ်ကူးမှာပျော်ခဲ့ကြရဲ့လားသူငယ်ချင်းတို့ရေ ... 
ဒီနှစ်သစ်ရဲ့ ပထမဆုံးရက်မှာ အဟော့ဆုံး Kpop News ကတော့ Dating News တွေပါ ။ 
Dating News ထွက်တဲ့ အနုပညာရှင်တွေက Kpop Fan တွေရဲ့ အချစ်တော်တွေမို့ ဒီသတင်းတွေက ချက်ချင်းဆိုသလိုပဲ ပျံနှံသွားတာပါ ။ 

Big Bang ရဲ့ G Dragon နဲ့ Jooyeon 

   

G Dragon ကတော့ အရင် After Girl ရဲ့ အဖွဲ့ဝင် Jooyeon နဲ့ ဂျယ်ဂျူကျွန်းမှာ သုံးရက်တာချိန်းတွေ့ခဲ့တယ်လို့ ကိုရီးယားရဲ့ နာမည်ကျော်အတွဲတွေကိုဖော်ထုတ်ပြနေတဲ့ Media Dispatch ကနေ ထုတ်ပြန်ခဲ့ပါတယ် ။ Dispatch ဟာ Idol တွေရဲ့ အချစ်ရေးကို သတင်းလိုက်ရာမှာ နာမည်အကြီးဆုံး Media တစ်ခုပါ ။ သူတို့ဟာ Girls’ Generation က Yoona နဲ့ Lee Seung Gi, Rain နဲ့ Kim Tae Hee , EXID က Hani နဲ့ JYJ က Junsu တို့ရဲ့ အချစ်ရေးတွေကို ပထမဆုံးဖွင့်ချပြခဲ့တဲ့ media လဲဖြစ်ပါတယ် ။ ခုလည်း GD တို့ ချိန်းတွေ့ခဲ့တယ်လို့ ဆိုလိုက်ပါပြီ ။ သူတို့ရဲ့ ကားတွေက နှစ်ဦးသားရဲ့ အိမ်ကို အ၀င်အထွက်ရှိတယ်ဆိုတာလဲ ဓါတ်ပုံတွေထွက်လာခဲ့ပါတယ် ။ 
ဂျယ်ဂျူးကျွန်းမှာ ရိုက်ကူးထားတဲ့ပုံလေးကို Jooyeon က Social media ကိုတင်လိုက်တဲ့အခါ GD တင်ထားတဲ့ပုံမှာ ရိုက်ထားတဲ့နေရာပဲလို့ မျက်စိလျင်တဲ့ Fan အချို့ ကသတိထားမိသွားတဲ့နောက်မှာ Jooyeon က အဲဒီပုံကိုချက်ချင်းဖျက်လိုက်ပါတယ် ။ 

Lee Joon နဲ့ Jung So Min

   

နောက်အတွဲလေးကတော့ “My Father Is Strange” ဇာတ်ကားထဲမှာ အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့တဲ့ Lee Joon နဲ့ Jung So Min တို့အတွဲပါ ။ 
သူတို့နှစ်ယောက် ကြည်ကြည်နူးနူးချိန်းတွေ့နေကြတဲ့ ပုံလေးတွေ ကြင်နာနေတဲ့ပုံလေးတွေကို Dispatch ကရိုက်ကူးနိုင်ခဲ့ပါတယ် ။  “My Father Is Strange”  ဇာတ်ကားထဲမှာ Romantic ဆန်တဲ့ ဇာတ်ဝင်ခန်းတွေဟာ တကယ်လို့တောင်ထင်ခဲ့ရပြီး ခုချိန်မှာတော့ ရုပ်ရှင်ထဲမှာတင်မကဘဲ အပြင်မှာပါ Romantic ဆန်နေကြပြီမို့ သူတို့ပရိတ်သတ်တွေကတော့ ၀မ်းသာနေတော့မှာပါပဲ ။ မကြာခင်မှာတော့ Lee Joon တစ်ယောက် စစ်မှုထမ်းသွားရတော့မှာဖြစ်ပေမယ့် မင်းသမီးလေးနဲ့ အချစ်ရေးကတော့ ပိုမို ခိုင်မြဲလာတယ်လို့လည်း ကိုရီးယားသတင်းတွေက ဆိုနေကြပါတယ် ။ လိုက်ဖက်တဲ့ အတွဲလေးတစ်တွဲ မဟုတ်ပါလား သူငယ်ချင်းတို့ရေ ... 

Hyunseung နဲ့ Shin Soo Ji

   

ဒီနှစ်စရဲ့ Dating တွေထဲ Hyunseung နဲ့ Shin Soo Ji တို့ကလည်း သူတို့ရဲ့ Relationship ကို Confrim လုပ်ပေးလိုက်ပါတယ် ။ BEAST အဖွဲ့ဝင်ဟောင်းလည်းဖြစ် Trouble Maker ရဲ့ ယောကျာင်္းလေး အဆိုရှင်လဲဖြစ်တဲ့ Hyunseung ကတော့ ဒီတစ်ခါ အားကစားမယ်ချောချောလေးကို ချစ်သူတော်လိုက်တာပါ ။
ကျွမ်းဘားအလှမယ် Shin Soo Ji ဟာ Idol တစ်ယောက်လိုပဲ သွယ်လျလှပတဲ့ခန္တာကိုယ်နဲ့ ချောမောတဲ့ရုပ်ရည်ရှိသူပါ ။ သူတို့နှစ်ယောက်ဟာ Bowling တူတူ
ကစားရင်း ရင်းနှီးကျွမ်းဝင်ကာချစ်သူတွေဖြစ်သွားခဲ့ကြတယ်လို့ အတွင်းသိတွေကဆိုကြပါတယ် ။ 

သူတို့ကတော့ ဒီနှစ်သစ်မှာ ထွက်လာတဲ့ Dating တွေပါ ။ 
G Dragon နဲ့ Jooyeon ကလွဲလို့ ကျန်တဲ့သူတွေ အားလုံး confrim လုပ်ပြီးသွားကြပါပြီ ။ Kpop ရဲ့ အတွဲသစ်လေးတွေအဖြစ်သူတို့ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views