အလုပ်ကိုထိခိုက်စေတဲ့ ဖြစ်ရပ်တွေ ကြုံခဲ့တဲ့ Kpop Idol များ

Movie & Music
30/11/2017
1k views
လူတိုင်းကတော့ အပြစ်မကင်းကြဘူး မဟုတ်ပါလား ... Kpop Idol တွေကလည်း လူထဲကလူပဲမို့ Perfect တော့ဖြစ်မနေပါဘူး ။ 
လုပ်ခဲ့ဖူးတဲ့အမှားတွေ အများကြီးရှိပါတယ် ။ အဲဒီထဲကမှ ကြီးမားတဲ့အမှားတွေလုပ်မိပြီး အလုပ်ကိုထိခိုက်စေမယ့် အဖြစ်မျိုးတွေဖြစ်ခဲ့တဲ့ Idol တွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ် ။ 

PARK BOM

   

2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Park Bom ဟာ နိုင်ငံခြားက ပြန်အလာမှာ မူးယစ်ဆေးသယ်ဆောင်လာတယ်လို့ စွပ်စွဲခံခဲ့ရပါတယ် ။ အဲဒီကိစ္စကို မကျေနပ်ကြတဲ့ ပရိတ်သတ်တွေဟာ အဲဒီအချိန်က သူမပါဝင်တင်ဆက်နေတဲ့ Roommate ဆိုတဲ့အစီအစဉ်ကနေပါ နှုတ်ထွက်ဖို့ ဖိအားပေးခဲ့ကြပါတယ် ။ အဲဒီဆေးတွေဟာ အမေရိကန်က ဆရာဝန်က သူမရဲ့ စိတ်ကျရောဂါအတွက်ပေးခဲ့တဲ့ဆေးတွေဖြစ်ပြီး ကိုရီးယားမှာတရားမ၀င်တဲ့ဆေးဖြစ်နေတာကို မသိရှိခဲ့ဘူးလို့ သူမဘက်ကပြန်ဖြေရှင်းမှုကြောင့် စွဲချက်က လွတ်ခဲ့ပေမယ့် အဆိုးဘက်ကဝေဖန်မှုတွေ မရပ်စဲသေးတဲ့အတွက် ပရိတ်သတ်ရှေ့ ကနေ ခဏ ပျောက်ကွယ်သွားခဲ့ရပါတယ် ။ 2NE1 အဖွဲ့ တရားဝင် ပြိုကွဲပြီးနောက်မှာတော့ သူမတစ်ယောက်သာ ဘယ် Agent နဲ့ မှ စာချုပ်ထပ်မချုပ်ဘဲ နေခဲ့တာပါ ။ ခုချိန်ထိ ပရိတ်သတ်တွေကတော့ သူ့ရဲ့ သီချင်းအသစ်တွေကိုမျှော်နေကြတုန်းပါပဲ ။ 

SE7EN  

   
                        
ကိုရီးယားရဲ့ Solo artist တွေထဲမှာ နာမည်အကြီးဆုံးအနုပညာရှင်တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ SE7EN ဟာ ၂၀၁၃ ခုနှစ်မှာ စစ်မှုထမ်းခဲ့ပါတယ် ။ အဲဒီစစ်မှုထမ်းနေစဉ်အချိန်အတောအတွင်းမှာပဲ ပြည့်တန်ဆာအနှိပ်ခန်းကိုသွားရောက်ခဲ့တဲ့ အကြောင်း ပျံနှံသွားခဲ့တာပါ ။ တရားဝင် ပြန်တောင်းပန်ခဲ့ပေမယ့် လူထုကတော့ သူ့ရဲ့ မဆင်မခြင် ပြုမူမှုအတွက် မကျေမနပ်ဖြစ်ခဲ့ကြပါတယ် ။                                                                                                                                            
Kim Hyun Joong

   

SS501 ရဲ့ အဖွဲ့ဝင်အဆိုတော်လဲဖြစ် မင်းသားတစ်ဦးလဲဖြစ်တဲ့ Kim Hyun Joong ကတော့ ချစ်သူဟောင်းနဲ့ ပြသာနာဖြစ်ခဲ့တာပါ ။ Choi လို့ အမည်ရတဲ့ အဆိုပါမိန်းကလေးက သူမအပေါ် Kim Hyun Joong က အကြမ်းဖက်မှုတွေရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ မင်းသားကို ထိုမိန်းကလေးက တရားပါစွဲဆိုခဲ့တာပါ ။ ကိုယ်ဝန်ပျက်ကျတဲ့အထိ အကြမ်းဖက်ခံခဲ့ရတယ်ဆိုတဲ့ ထိုမိန်းကလေးရဲ့ အဆိုကိုတော့ Kim Hyun Joong ကမဟုတ်ကြောင်းသက်သေနဲ့တကွဖြေရှင်းခဲ့ပါတယ် ။ ၂၀၁၅ ထိ ထိုအမှုက မပြီးပြတ်ခဲ့ဘဲ မင်းသားရဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားခဲ့တဲ့အတွက် ကလေးအတွက်ထောက်ပံ့ကြေးနဲ့ သူမထိခိုက်ခဲ့ရမှုတွေအတွက် Choi က တရားခွင်ကနေ လျော်ကြေးတောင်းခံခဲ့ပါတယ် ။  2017 March လမှာတော့ မင်းသားဟာ အရက်မူးပြီးကားမောင်းတဲ့အမှုနဲ့ ဒဏ်ကြေးပေးဆောင်ခဲ့ရပါသေးတယ် ။ မင်းသားဟာ ရပ်နားထားတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်ဖို့အစီအစဉ်ရှိပေမယ့်လည်း ဒီလိုအငြင်းပွားစရာဖြစ်ရပ်တွေ ကြုံခဲ့တဲ့အတွက် သူ့ကို ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေဆဲပါပဲ ။ 

Park Yoo Chun

   

စစ်မှုထမ်းနေစဉ်ကာလမှာပဲ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုရှိခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ် ။ အဲဒီလို စွပ်စွဲချက်ထွက်ပေါ်လာတဲ့အချိန်မှာပဲ အခြားမိန်းကလေးတွေကလည်း သူတို့လည်း Park Yoo Chun ရဲ့ လိင်ပိုင်းဆိုင်ရာနှောက်ယှက်မှုကို ခံခဲ့ရတယ် လို့ ထုတ်ဖော်ပြောကြားလာကြတဲ့အဖြစ်ကိုကြုံခဲ့ရတာပါ ။ အဲဒီဖြစ်ရပ်ကြောင့် Fan တွေလည်းလျော့နည်းသွားခဲ့ပါတယ် ။ 

T.O.P

   

ခုနောက်ဆုံးပူပူနွေးနွေးဖြစ်ခဲ့တာကတော့ T.O.P ရဲ့ အဖြစ်ပါ ။ စစ်မှုထမ်းနေတဲ့ကာလမှာဆေးခြောက်သုံးခဲ့တာကို ရဲတွေက စုံစမ်းသိရှိခဲ့ပါတယ် ။ ထိုနောက် ဆက်လက်စုံစမ်းရာမှာ မိန်းကလေးတစ်ယောက်နဲ့အတူ အိမ်မှာဆေးခြောက်အတူတူသုံးခဲ့တဲ့အကြောင်းလည်းပေါ်ပေါက်လာခဲ့ပါတယ် ။ ဒီဖြစ်ရပ်တွေနဲ့ပါတ်သတ်ပြီး စိတ်ဖိစီးမှုများရှိခဲ့တဲ့ T.O.P ဟာ ဆရာဝန်ပေးတဲ့ဆေးကို အသောက်လွန်ခဲ့ကာ အသက်အန္တရယ်ရှိတဲ့ထိ မေ့မျောပြီး ဆေးရုံတောင်ရောက်ခဲ့ရတာဖြစ်ပါတယ် ။ စစ်မှုထမ်းနေရာကလညည်း ရပ်စဲခဲ့ရပြီး ပြစ်ဒဏ်ကျခံပြီးတဲ့နောက်မှာမှ ပြန်လည်စစ်မှုထမ်းရတော့မှာဖြစ်ပါတယ် ။ 

သူတို့ကြုံခဲ့တဲ့ အဖြစ်တွေက မသေးငယ်လှပေမယ့် သူတို့ဘာလုပ်လုပ် ခွင့်လွတ်ပြီး အပြစ်မမြင်ဘဲ  ချစ်ခင်ကြမယ့် ပရိတ်သတ်တွေကတော့ အမာခံကျန်ရှိနေဦးမှာပါပဲ ... Admin ကတော့ Park Bom နဲ့ T.O.P ပြန်လာမယ့်အချိန်ကိုစောင့်နေမိတယ် ... သူငယ်ချင်းတို့ရော ?

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 


 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views