လက်ထပ်ပြီးကာမှ ပိုလှလာတဲ့ ကိုရီးယားမင်းသမီးတွေ

Movie & Music
28/11/2017
658 views
အပျိုနဲ့ အိမ်ထောင်သည် ဘယ်သူပိုလှမလဲလို့ မေးလိုက်ရင် အများစုက အပျိုလို့ပဲ ပြောကြမှာပါ ။
တကယ်လဲ အလှပြင်ချိန် ကိုယ့်ကိုကိုယ် ဂရုစိုက်ချိန်တွေက အပျိုတွေက အိမ်ထောင်သည်တွေထက်ပိုရကြပါတယ် ။
အိမ်ထောင်သည်တွေမှာက ဘယ်လောက်ချမ်းသာပြည့်စုံနေပါစေ မတူညီတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကိုပေါင်းစပ်ထားတာမို့ အိမ်ထောင်မှုတာဝန်တွေက ပိုများပြားလာတာတော့အမှန်ပါပဲ ။ ဒီကြားထဲက ခြွင်းချက်အနေနဲ့ အိမ်ထောင်ကျပြီးမှ ပိုလှလာတဲ့ သူတွေ လဲရှိပါတယ် ။
ကိုရီးယားမင်းသမီးတွေထဲက သူတို့တွေကတော့ အိမ်ထောင်ကျပြီးမှ ပိုလှလာတယ်လို့ ပြောခံကြရတဲ့သူတွေပါ ။ တကယ်ပဲ လှလာလား ဆိုတာတော့ သူငယ်ချင်းတို့ပဲကြည့်လိုက်ကြတော့နော် ...

1. CHA YE RYUN

   

မြန်မာနိုင်ငံက Drama ပရိတ်သတ်တွေ ရင်းနှီးနေပြီးသားမင်းသမီးတစ်လက်ပါ ။ သူမလေးဟာ မင်းသား Joo Sang-wook နဲ့လက်ထပ်ခဲ့ပြီး လက်ထပ်ပြီးနောက်ပိုင်းမှ ပိုမိုရင့်ကျက်တဲ့ အလှတရားတွေနဲ့ ပိုလှလာတယ်လို့ ပရိတ်သတ်တွေ ကအသိအမှတ်ပြုခြင်းကို ခံရပါတယ် ။ 

2. GOO HYE SUN

   

ကိုရီးယားအနုပညာလောကရဲ့ ထင်ရှားတဲ့ မ နဲ့ မောင်ရဲ့ အချစ်ဇာတ်လမ်းမှာ ခင်ပွန်းရဲ့ သည်းသည်းလှုပ်ချစ်တာ ခံရတဲ့ မင်းသမီးတစ်လက်အဖြစ်နာမည်ကြီးပါတယ် ။ သူမရဲ့ ခင်ပွန်းဟာ တက်သစ်စ သရုပ်ဆောင်ဘ၀မှာ သူမနဲ့ ရုပ်ရှင်တွဲရိုက်ခဲ့ပြီး ချစ်ကျွမ်းဝင်ကာ လက်ထပ်ခဲ့ကြတာပါ ။ အဲဒီအချိန်မှာ သူမက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်နှင့်နေပါပြီ ။ သူမထက် ငယ်တဲ့ခင်ပွန်းနဲ့လက်ထပ်ထားပေမယ့် ခင်ပွန်းက အလွန်ကို ဂရုစိုက်ချစ်ခင်တာကိုတွေ့မြင်ကြရပါတယ် ။ အိမ်ထောင်ကျပြီးမှ ပိုစိတ်ချမ်းလာသလားမသိ ။ ပိုချောနေရောပဲ ။ 

3. JUN JI HYUN

   

ရေသူမမင်းသမီးလေးကတော့ ကိုရီးယားနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် လုပ်ငန်းရှင်သူဠေးနဲ့ လက်ထပ်ထားတာပါ ။ သူမရဲ့ ခင်ပွန်းကလည်း မင်းသားတစ်ယောက်လိုကို ချောမောတဲ့ရုပ်ရည်ရှိပါတယ် ။ မင်းသမီးလေးက အိမ်ထောင်ကျပြီးရုံတင်မကဘဲ ရင်သွေးလေး ၂ ယောက်ပါရထားတာတောင် အပျိုရှုံးအောင်လှပနေဆဲပါပဲ ။

4. LEE BO YOUNG

   

ဒီမင်းသမီးလေးကလည်း မင်းသား Ji Sung နဲ့ ရုပ်ရှင်ရိုက်ရင်းဖူးစာဆုံခဲ့တာပါ ။ သူမလဲ အိမ်ထောင်ကျပြီးမှ ပိုပြီး လှပလာတယ်လို့ ပရိတ်သတ်တွေကဆိုကြပါတယ် ။ 

5. KIM TAE HEE

   

သူကတော့ သဘာဝမင်းသမီးလေးလို့ နာမည်ကြီးပါတယ် ။ အသားအရေကောင်းခြင်း ရုပ်ရည်သွင်ပြင် ကိုယ်ခန္တာအချိုးအစား ပြောစရာမရှိအောင်ပြည့်စုံလွန်းသူပါ ။
ခင်ပွန်းသည် Rain နဲ့ အလွန်လိုက်ဖက်ပါတယ် ။ သူမလေးကလည်း အိမ်ထောင်ကျပြီးမှ အလှတွေပိုတိုးလာတဲ့ မင်းသမီးစာရင်းထဲပါပါတယ်တဲ့ ။

6. SONG HYE KYO

   

မကြာသေးခင်ကမှ ကိုရီးယားတင်မက ကမ္ဘာတစ်ဝှမ်းက DOTS ဇာတ်ကားရဲ့ Fan တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားလောက်အောင် မင်းသားချော Song Joong-ki  နဲ့ လက်ထပ်ပွဲဆင်နွဲခဲ့တဲ့ မင်းသမီးလေးပေါ့ ။ သူမလေးကလဲ အိမ်ထောင်ကျပြီး ပိုလှလာတယ်လို့ ပရိတ်သတ်တွေ ခံစားရပါတယ်တဲ့ ။

သူတို့ကို ကြည့်ရင် တူညီတာတစ်ခုက သာယာချောမွေ့တဲ့ အိမ်ထောင်ရေးဘ၀လေးပါ ။ ခင်ပွန်းသည်တွေရဲ့ မြတ်မြတ်နိုးနိုး ချစ်ခင်ဂရုစိုက်ခြင်းကို ခံရတဲ့ အိမ်ထောင်ရှင်မိန်းမသားတွေမို့ စိတ်ချမ်းသာနေသလားမသိ ... ရုပ်ရည်ကိုပါ စိတ်ချမ်းသာမှုက သွားဟပ်ပြီး အလှတွေ တိုးလာကြတော့တာပါပဲ ။ အိမ်ထောင်ကျမှ ပိုလှလာတဲ့ ချစ်ဇနီးကိုပိုင်ဆိုင်ထားရပြီဆိုရင်တော့ အဲဒီခင်ပွန်းသည်ဖြစ်သူကို ဇနီးကို စိတ်ချမ်းသာအောင်ထားနိုင်သူအဖြစ် ချီးကျူးရမှာပဲဖြစ်ပါတယ် ။  ဘယ်သူတွေကို ချီးကျူးရတဲ့ ခင်ပွန်းသည်ဖြစ်စေချင်လဲ ? mention ခေါ်သွားလို့ရတယ်နော် ... 

...........................................................
ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views