မြင့်မားတဲ့ဥာဏ်ရည်နဲ့ ပညာထူးချွန်တဲ့ ကိုရီးယား Idol တွေ 

Movie & Music
28/11/2017
535 views
သူတို့အတွက်ကတော့ ဘုရားပေးတဲ့လက်ဆောင်က ချောမောတဲ့ ရုပ်ရည်တင်မကဘဲ မြင့်မားတဲ့ဥာဏ်ရည်ပါ ပူးတွဲပါလာခဲ့တာမို့ အားကျစရာပါ ။
အနုပညာနယ်ပယ်ထဲမှာ ပရိတ်သတ်အမြောက်အများနဲ့ အောင်မြင်တဲ့သူတွေဖြစ်ကြသလို ပညာရေးမှာလည်း ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်တွေ ရှိကြပါတယ် ။
ဘယ်သူက ဘယ်လို ထူးချွန်လဲ ဆိုတာ ကို ကြည့်လိုက်ကြရအောင်နော် ... 

Kim Jung Hoon

   

ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင်ထဲက ဒုတိယမင်းသားလေးကို မှတ်မိကြသေးရဲ့လား ? 
သူလေးက သရုပ်ဆောင်တာ ကောင်းရုံတင်မကဘဲ ဥာဏ်လဲအင်မတန်ကောင်းပါတယ် ။ သူ့ရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်ဟာဆိုရင် ပေးမှတ် ၄၀၀ မှာ ၃၈၀ - ၃၉၀ ကြားထိ ရအောင်ဖြေဆိုနိုင်ခဲ့တာမို့ ကိုရီးယားတစ်ပြည်လုံးမှာ ၀.၀၂ ရာခိုင်နှုန်းသာ ရှိတဲ့ ထိပ်တန်းကျောင်းသားတွေထဲက တစ်ယောက်ပါ ။ ဒါကြောင့်မို့လည်း ကိုရီးယားရဲ့ နာမည်ကြီး ဆိုးလ်တက္ကသိုလ်မှာ ပညာသင်ခွင့်ရရှိခဲ့ပါတယ် ။ 

Han Ga In

   

မင်းသမီးချောလေး Han Ga In ကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပေးမှတ် ၄၀၀ မှာ ၃၈၄ မှတ်ရရှိအောင်ဖြေဆိုနိုင်ခဲ့ပါတယ် ။ ဆေးကျောင်းသွားဖို့ ရည်မှန်းခဲ့ပေမယ့် 
မတတ်ဖြစ်ခဲ့ဘဲ Kyung Hee တက္ကသိုလ်က hotel management မှာ tourism management မေဂျာကိုသာသင်ယူခဲ့ပါတယ် ။

Song Joong Ki

   

ပရိတ်သတ်အချစ်တော်လေးလာပါပြီ ။ သူကတော့ အားလုံးသိကြတဲ့ မင်းသမီးလေး အွန်စောရဲ့ ခင်ပွန်း Song Joong Ki ပါ ။
သူကလဲခေသူတစ်ယောက်တော့မဟုတ်ပါဘူး ။ ကလေးဆန်ပြီးချစ်ဖို့ကောင်းတဲ့ ရုပ်ရည်ရဲ့ နောက်မှာ ထက်မြက်တဲ့ဥာဏ်ရည်ပါ ပူးတွဲပါလာသူပါပဲ ။
ငယ်စဉ်တုန်းက သူ့ရဲ့ Report Card တွေဟာဆိုရင် အမြဲတန်း A တွေနဲ့ ပြည့်နေတတ်ပြီး အားကစားလည်းထူးချွန်သူတစ်ယောက်ပါတဲ့ ။ 
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလဲ ပေးမှတ် ၄၀၀ မှာ ၃၈၀ - ၃၉၀မှတ် ကြားထိ ရအောင်ဖြေဆိုနိုင်ခဲ့တာမို့ သူလည်းပဲ ကိုရီးယားရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ် ။ Sungkyunkwa တက္ကသိုလ် ကို ၀င်ခွင့်ရခဲ့ပြီး business management နဲ့ဘွဲ့ရရှိခဲ့တယ်လို့ ဆိုပါတယ် ။ 

Lee Sang Yoon

   

မင်းသား Lee Sang Yoon  ကတော့ အမှတ် ၄၀၀ မှာ ၃၇၀ ရအောင်ဖြေခဲ့ပါတယ် ။ ဒါကြောင့်မို့ ဆိုးလ်တက္ကသိုလ်ဝင်ခွင့်ကိုရရှိခဲ့ပြီး psychology ကိုဆက်လက်ဆည်းပူးခဲ့တာပါ ။ 2012 ခုနှစ်မှာတော့ မင်းသားဟာ KBS 2TV ရဲ့ Happy Together ဆိုတဲ့ အစီအစဉ်လေးမှာ သူ့ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်တဲ့ အမှတ်ကိုပြောပြခဲ့ပြီး ၁၂ နှစ်တိုင် တက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ ခုချိန်ထိ ဘွဲ့မရရှိသေးတဲ့ အကြောင်းကိုပါ တစ်ပါတည်းပြောကြားသွားခဲ့ပါတယ် ။ 

Kim Tae Hee

   

မင်းသား Rain ရဲ့ ဇနီးချော မင်းသမီးလေး Kim Tae Hee ကလည်း ကိုရီးယားရဲ့ ဥာဏ်ရည်မြင့်မားသူတွေထဲပါဝင်ပါတယ် ။
ကိုရီးယားရဲ့ ထိပ်တန်း ၁.၅ ရာခိုင်နှုန်းသာ ရရှိတဲ့ အမှတ်ကို ရရှိခဲ့သူပါ ။ သူမလဲ နာမည်ကျော် ဆိုးလ်တက္ကသိုလ်ကို တတ်ရောက်ခွင့်ရခဲ့ပါတယ် ။ 
သူမရဲ့ အလှကြောင့်ကျောင်းမှာလဲ Popular ဖြစ်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ခဲ့ပါတယ်တဲ့ ။ 

Rain

   

JYP မှာ သင်တန်းသားအဖြစ် Training တွေလုပ်တဲ့အချိန်မှာ Rain ကို JYP entertainment ပိုင်ရှင် Park Jin Young က ပညာကိုပြီးအောင်မသင်ရင် အဆိုတော်လုပ်ခွင့်မပေးဘူးလို့ ဆိုခဲ့တာကြောင့် Rain တစ်ယောက် စာကိုအလွန်ကြိုးစားခဲ့ပြီး Kyung Hee University ကို တတ်ခွင့်ရခဲ့ပါတယ် ။ post-modern music မေဂျာကိုပဲယူခဲ့တာပါတဲ့ ။ Rain တစ်ယောက် ဂီတကိုရူးသွပ်ပုံများ ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုရီးယားရဲ့ နာမည်ကျော် တက္ကသိုလ်ကို တက်ခွင့်ရတဲ့သူကလည်း ဥာဏ်ရည်မြင့်မားသူတစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး ။ 

Im Si Wan

ဒီနုနုငယ်ငယ်နဲ့ကလေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပေးမှတ် ၅၀၀ မှာ ၄၅၀ ထိရအောင်ဖြေနိုင်ခဲ့တဲ့သူဆိုရင် အံ့သြသွားကြမလား ?
တကယ်ပဲဖြေနိုင်ခဲ့သူပါ ။ Mechanical engineering ပညာရပ်ကို Busan University မှာဆက်လက်သင်ကြားခဲ့ပါတယ် ။ အဲဒီမေဂျာက Busan University ရဲ့ ပင်မဘာသာရပ်တစ်ခုဖြစ်ပြီး အမှတ်မြင့်မားတဲ့သူတွေကိုသာ တတ်ရောက်ခွင့်ပြုတာဖြစ်ပါတယ် ။ 

Super Junior အဖွဲ့က Kyuhyun

   

သူကတော့ သချာင်္ပါရမီရှင်လို့ကို ခေါ်ခံရတဲ့သူပါ ။ သချာင်္ပြိုင်ပွဲတွေဆို သူ့စွမ်းရည်ကို အသိအမှတ်မပြုဘဲ မနေနိုင်အောင်ပါပဲ ။ ကျောင်းမှာထဲက အဆင့်ကောင်းတွေရရှိခဲ့ပြီး Olympiad သချာင်္ပြိုင်ပွဲမှာတောင် ၀န်ကြီးချုပ်ရဲ့ ဆုကို ရရှိခဲ့သူပါ ။ ကောလိပ်စာမေးပွဲဖြေခါနီးမှာတော့ နေမကောင်းဖြစ်ခဲ့ပြီး နားကောင်းကောင်းမကြားရတာကြောင့် Listening အပိုင်းကိုဖြေတဲ့နေရာမှာ အခက်တွေ့ခဲ့ပါတယ် ။ ဒါတောင်မှ အမှတ်ကောင်းကောင်းနဲ့အောင်အောင်ဖြေဆိုနိုင်ခဲ့ပြီး  Kyung Hee University ၀င်ခွင့်ကိုရရှိခဲ့ပါတယ် ။ TOEIC  စာမေးပွဲကို အမှတ် 820 ရအောင်ဖြေဆိုနိုင်ခဲ့သူလဲဖြစ်ပါတယ် ။ 

HA:TFELT (Yeeun)

   

အရမ်းကြိုးစားတဲ့သူလို့ နာမည်ကြီးတဲ့ HA:TFELT (Yeeun) ကတော့ ကျောင်းထဲက အဲဒီလိုနာမည်ကြီးတာပါ ။ ကျောင်းသားအယောက် ၆၀၀ ထဲမှာ သူမက Top ten list ထဲဝင်ခဲ့ပါတယ် ။ Kyung Hee University ကို တက်ခွင့်ရအောင် မြင့်မားတဲ့အမှတ်နဲ့ စာမေးပွဲကိုအောင်လာခဲ့ပြီး post-modern music ဘာသာရပ်ကို သင်ကြားခွင့်ရခဲ့ပါတယ် ။ 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views