ကိုရီးယားမော်ဒယ်ကို လက်ထပ်လိုက်တဲ့ Air Asia က CEO

Movie & Music
24/11/2017
2.4k views
ကိုရီးယားမလေးတွေရဲ့ အလှက ကမ္ဘာတစ်ဝှမ်း နာမည်ကြီးပါတယ် ။ အသားအရည်နဲ့ အလှအပကိုသေသေချာချာ ဂရုစိုက်တတ်တဲ့သူတွေမို့လည်း အရမ်းလှပကြတာပါ ။

   

ခုလည်း Air Asia က CEO ကတော့ ကိုရီးယားမလေးတစ်ယောက်ရဲ့ အလှကျော့ကွင်းမှာ မိသွားခဲ့ပါပြီ ။

 

     

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ CEO Tan Sri Tony Fernandes 
ဟာ နှစ်နှစ်ကျော်ကြာလက်တွဲခဲ့တဲ့ ကိုရီးယားမလေးနဲ့ ပြင်သစ်မှာ လက်ထပ်သွားခဲ့ပါတယ် ။ ခမ်းနားလှတဲ့ ပြင်သစ်က ဇိမ်ခံဟိုတယ် Cap Estel မှာ သူတို့ရဲ့ Wedding ကို ကျင်းပပြုလုပ်သွားတာပါ ။ New Strait Times သတင်းစာက သတင်းအရ သူတို့ရဲ့ သီးသန့်ပြုလုပ်တဲ့ Wedding မှာ စီးပွားရေးသမားမိတ်ဆွေတွေအပါအ၀င် လူ အယောက် ၁၅၀ သာဖိတ်ကြားခဲ့တာလို့ သိရပါတယ် ။ 

   

သတို့သမီးလေးနာမည်ကတော့ Chloe လို့ခေါ်ပြီး ကိုရီးယားမော်ဒယ်တစ်ဦးပါ ။ သတို့သမီးက သတို့သားထက် အသက် ၂၀ နီးပါးငယ်ပါတယ် ။
Mr Fernandes မှာတော့ အသက် ၂၃ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၁၆ နှစ်အရွယ်သားတစ်ယောက်ရှိပြီး သမီးဖြစ်သူက ဗြိတိန်မှာ graphic designer တစ်ယောက်ဖြစ်ပြီးတော့ သားလေးကတော့ Kuala Lumpur မှာပညာသင်ကြားနေတုန်းဖြစ်တယ်လို့သိရပါတယ် ။ 

   

AirAsia လေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံရဲ့ အကြီးဆုံးလကြောင်းလိုင်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်းများစွာကိုပြေးဆွဲနေတာဖြစ်ပါတယ် ။ 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views