Kpop လောကထဲကချစ်ဖို့ကောင်းတဲ့ သွေးနှောလေးတွေ 

Movie & Music
17/11/2017
1.2k views
Kpop အနုပညာလောကဟာ အရှိန်အဟုန်နဲ့ တိုးတက်လာသလိုပဲ Kpop Idol တွေအဖြစ်ရပ်တည်နေကြတဲ့ အနုပညာရှင်တွေကလည်း ကိုရီးယားလူမျိုးတွေချည်းပဲမဟုတ်တော့ဘဲ နိုင်ငံခြားသား Kpop Idol တွေပါရှိလာကြပါတယ် ။ ခုတစ်ခါကတော့ နိုင်ငံခြားသားစစ်စစ်မဟုတ်ဘဲ ကိုရီးယားသွေးနှောတဲ့ အနုပညာရှင်တွေအကြောင်းကိုပြောပြသွားမှာပါ ။ ကိုယ်အားပေးတဲ့ အနုပညာရှင်တွေများပါမလား ကြည့်ကြရအောင်နော် ... 

1. I.O.I’s Somi

   

Somi လေးကတော့ ဒတ်ခ်ျလူမျိုးဖခင်နဲ့ ကိုရီးယားမိခင်ကမွေးဖွားခဲ့တာမို့ ဒတ်ခ်ျနဲ့ ကိုရီးယားသွေးနှော အဆိုတော်မလေးတစ်ယောက်ဖြစ်ပါတယ် ။
ဒါကြောင့်မို့ သူမရဲ့ မျက်နှာလေးက အနောက်တိုင်းဆန်တဲ့အလှတရားတွေ ရှိနေတာပါ ။ သူမ တစ်နှစ်သမီးအရွယ်ကတည်းကစ ကိုရီးယားမှာသာနေခဲ့ပေမယ့် သွေးနှောဖြစ်တဲ့အတွက် အနိုင်ကျင့်ခံရမှုတစ်ချို့ လည်း ကြုံခဲ့ဖူးတယ်လို့ဆိုပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ အောင်မြင်တဲ့ Kpop Idol တစ်ယောက်အဖြစ် ပရိတ်သတ်တွေ အားပေးမှုကို ရရှိနေပါပြီ ။ 

2.  SEVENTEEN’s Vernon

   

SEVENTEEN အဖွဲ့ဝင် Vernon ကိုတော့ အမေရိကန်မိခင်နဲ့ ကိုရီးယားဖခင်တို့က New York မှာမွေးဖွားခဲ့တာပါ ။ သူဟာ အဖွဲ့ရဲ့ Dancer နဲ့ Rapper ဖြစ်ပြီး သူ့မိဘနှစ်ပါးစလုံးကလည်း သူ့ရဲ့ အနုပညာအလုပ်တွေကို အားပေးကြတယ်လို့ဆိုပါတယ် ။ 

3. Kangnam (Formerly of M.I.B)

   

M.I.B အဖွဲ့ဝင်ဟောင်း Kangnam ဟာဆိုရင်လည်း ကိုရီးယားနဲ့ ဂျပန်သွေးနှောပါပဲ ။ သူဟာ ဂျပန်မှာပဲမွေးဖွားခဲ့ပေမယ့် ဟာဝိုင်အီကျွန်းမှာနေထိုင်ခဲ့ပြီးနောက် ကိုရီးယားကို အနုပညာအလုပ်တွေလုပ်ဖို့ပြောင်းရွေ့ လာခဲ့တာပါ ။ သွေးနှောဖြစ်တဲ့အတွက် ကျောင်းတတ်တုန်းက အနိုင်ကျင့်ခံခဲ့ရတာတွေ ရှိခဲ့တယ်လို့ သူက ပြောပြခဲ့ဖူးပါတယ် ။ 

4. Yoon Mirae

   

ကိုရီးယားက မိန်းကလေး Rapper အဆိုတော်တစ်ယောက်ဖြစ်တဲ့ Yoon Mira ဟာ America မှာမွေးဖွားခဲ့ပြီး African-American သွေးနှောဖခင်နဲ့ ကိုရီးယား မိခင်တို့ကမွေးဖွားခဲ့တာဖြစ်ပါတယ် ။ သူ့ရဲ့ ကိုရီးယားနဲ့လဲမတူ အနောက်တိုင်းသားနဲ့လဲ သိပ်မဆင်ဘဲ ကွဲပြားထူးခြားတဲ့ ရုပ်ရည်ကြောင့်မို့ အထူးအဆန်းနဲ့ အကြည့်ခံရတာမျိုးတွေ မကြာခဏဖြစ်တယ်လို့ သူမက ဆိုပါတယ် ။ 

5. Apink’s Hayoung

   

Apink အဖွဲ့ဝင် Hayoung ကတော့ ဖိလစ်ပိုင်သွေးနှောတာပါ ။ သို့ပေမယ့် သူမကတော့သွေးနှောမှန်းမသိသာလှပါဘူး ။ ကိုရီးယားမှာပဲ မွေးဖွားခဲ့ပြီး ခုတော့ ကိုရီးယားပြည်သူတွေရဲ့ အချစ်တော် အနုပညာရှင်ကလေးဖြစ်လို့နေပါပြီ ။

6. Dok2

   

Rapper Dok2 ကတော့ သီချင်းဆိုရာမှာတင်မကဘဲ သူ့ရဲ့ ပြောင်မြောက်တဲ့သီချင်းစာသားတွေနဲ့ပါထင်ရှားပါတယ် ။ Dok2 က ဖိလစ်ပိုင် စပိန် နဲ့ ကိုရီးယား သွေးနှောပါ ။ 
ဖခင်က နိုင်ငံခြားသားဖြစ်လို့ပါတဲ့ ။ 

အဲဒီ ချစ်ဖို့ကောင်းတဲ့သွေးနှောလေးတွေထဲက ဘယ်သူ့ကိုအချစ်ဆုံးဖြစ်မလဲပြောပြသွားကြည့်ပါလား သူငယ်ချင်းတို့ရေ ... 

Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views