ထိုင်းမင်းသားကြီး Shakrit ရဲ့ ၆ ထပ်ကွမ်း ကံမကောင်းခဲ့တဲ့အချစ်ရေး

Movie & Music
03/11/2017
3.9k views
သူ့ကိုတော့ မြန်မာပရိတ်သတ်တွေတော်တော်များများမြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူပါတဲ့ဇာတ်ကားတွေကို ရုပ်သံတွေက ရံဖန်ရံခါလွှင့်လေ့ရှိလို့ပါ ။ မင်းသားမို့ ချစ်သူခင်သူပေါများပြီးအချစ်ရေးမှာ ၀ိုင်းဝိုင်းလည်လိမ့်မယ်လို့ မထင်ပါနဲ့ ... သူ့ရဲ့ အချစ်ရေးကတော့ လက်ထပ်မလိုနဲ့ ပြတ်ဆဲခဲ့ရတဲ့ ချစ်သူ ၅ ယောက်အပြင် လက်ထပ်ပြီးမှ ကွာရှင်းခဲ့ရတဲ့ ဇနီးဟောင်းတစ်ဦးပါ ရှိနေတာမို့ ၆ ကြိမ်စလုံးကံမကောင်းခဲ့တဲ့ အချစ်ရေးကို ပိုင်ဆိုင်ခဲ့ရသူအဖြစ်နာမည်ကြီးတာမို့ သူ့ရဲ့ အချစ်ရေးအတိတ်အကြောင်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။

1. Hi So Not

   

သူမကတော့ မင်းသားရဲ့ ပထမဆုံး အချစ်ဦးဖြစ်ခဲ့ပါတယ် ။ လက်ထပ်ခါနီးမှာ မင်းသားက အခြားမိန်းကလေးတစ်ယောက်ခိုးတွဲနေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လမ်းခွဲတဲ့ထိဖြစ်သွားခဲ့တာဖြစ်ပါတယ် ။

2. Joy Rinlanee

   

သူမလဲပဲမြန်မာပရိတ်သတ်တွေ သိကြတဲ့ မင်းသမီးတစ်လက်ပါ ။ သူတို့နှစ်ယောက်ဟာ ဇာတ်ကားရိုက်ရင်းနဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပြီး လက်ထပ်ဖို့အစီအစဉ်တွေလုပ်ခဲ့ပေမယ့် လက်မထပ်ဖြစ်ခင် ပြတ်စဲသွားကြတယ်လို့ ဆိုပါတယ် ။

3. Hi So Keung

   

မင်းသမီးနဲ့ ပြတ်ပြီးနောက်မှာ သူမနဲ့ တစ်လပဲတွဲဖြစ်လိုက်ပါတယ် ။ တစ်လအကြာမှာ ထပ်ပြတ်ပြန်တာပါပဲ ။

4. Jakjaan Akhamsiri

   

ဒီမင်းသမီးလေးနဲ့ လဲ ရုပ်ရှင်ရိုက်ရင်းကြိုက်ပြန်တာပါပဲ ။ ချစ်သူဖြစ်တာ သုံးပါတ်လောက်ရှိတဲ့အချိန်မှာ သူတို့နှစ်ဦးလက်ထပ်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ် ။
သို့ပေမယ့် ကံမကောင်းစွာနဲ့ပဲ လက်မထပ်ဖြစ်ဘဲပြတ်စဲသွားပြန်တာပါပဲ ။

5. Petch Bunyaphan

   

သူမနဲ့ကတော့မိဘက သဘောတူတာပါ ။ သူတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့စီစဉ်ခဲ့ကြပေမယ့် တစ်နှစ်လောက်တွဲပြီး လမ်းခွဲရပြန်ပါတယ် ။

6. Woonsen Virithipa

   

သူမကတော့ မင်းသားလက်ထပ်ဖြစ်တဲ့ ချစ်သူပါ ။ ဒါပေမယ့်လည်း ၄ နှစ်ကြာမှာတော့ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး ကွာရှင်းခဲ့ရပါတယ် ။

မင်းသားရဲ့ အချစ်ရေးကတော့ မြင်တဲ့အတိုင်း အဖုအထစ်တွေနဲ့ပါ ။ ရုပ်ချောတိုင်း ငွေရှိတိုင်းလဲ အချစ်ရေးသာယာတာမဟုတ်ပါဘူး ။
အပြန်အလှန် တကယ်ချစ်ပြီး အနွံအတာ ခံကြမှသာ သာယာတဲ့ အချစ်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ် ။ 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 

Source : Daranews
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views