ကိုယ်ဝန်ရှိနေတယ်လို့ သတင်းထွက်လာတဲ့ လုဟန်ရဲ့ ချစ်သူ

Movie & Music
03/11/2017
14.5k views
လုဟန်ကတော့ ချစ်သူဖြစ်တယ်လို့ တရားဝင်ကြေညာတာ ဘယ်လောက်မှ မကြာသေးခင်မှာပဲ သူ့ချစ်သူ တရုတ်မင်းသမီးလေး Guan Xiaotong မှာ ကိုယ်ဝန် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ် ။ တရုတ် သတင်းမီဒီယာ တစ်ခုကနေ နိုဝင်ဘာ ၁ ရက်နေ့ကထုတ်ပြန်တဲ့သတင်းမှာ ထိုအကြောင်းအရာ ပါလာတာပါ ။ 

   

ဒါကြောင့်မို့ လုဟန်နဲ့ သူ့ချစ်သူနဲ့ ဟာ တရားဝင်လက်ထပ်ဖို့ စီစဉ်နေကြပြီလို့လဲ သူတို့ကဆိုထားပါတယ် ။ ၂၇ နှစ်ရှိပြီဖြစ်တဲ့ လုဟန်ကတော့ " ကျွန်တော်မိဘတွေက သူတို့တုန်းကလို အသက် ၂၇ ၂၈ လောက် မှာ လက်ထပ်ပြီး တစ်နှစ် နှစ်နှစ်လောက်နေပြီး ကလေးယူတော့ " လို့ ဆိုဖူးတယ်လို့ ပြောခဲ့ဖူးတာမို့ ဒီသတင်းတွေသာအမှန်ဆိုရင်တော့ လုဟန်ရဲ့ မိဘတွေ ဆန္ဒပြည့်ဝသွားပြီလို့ဆိုရတော့မှာပါ ။

   

ထိုသတင်းတွေ ထွက်ပေါ်နေပေမယ့် ဖြေရှင်းချက်တစ်စုံတစ်ရာတော့မရှိသေးကြောင်းလဲသိရပါတယ် ။ လုဟန်က လွန်ခဲ့တဲ့လကမှ သူမှာချစ်သူရှိနေပြီဖြစ်တဲ့အကြောင်း သူ့ချစ်သူက တရုတ်မင်းသမီးလေး Guan Xiaotong ဖြစ်တဲ့အကြောင်း ပရိတ်သတ်တွေကို တရားဝင်မိတ်ဆတ်ပေးခဲ့တာပါ ။ ခု ကိုယ်ဝန်ရှိတဲ့သတင်းတွေ ထွက်ပေါ်လာစဉ်မှာတော့ ပရိတ်သတ်တွေအတွက်တအံ့တအြ ဖြစ်ခဲ့ရပြီး သူတို့ အေဂျင်စီတွေက တရားဝင်သတင်းတွေ မထွက်လာသေးတဲ့အတွက် ထိုသတင်းကို ယုံကြည်ကြသူများရှိသလို မယုံကြည်ကြသူများလည်း ရှိနေတာပဲဖြစ်ပါတယ် ။ 

  

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 

source : koreaboo
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints
Moe Moe 04/11/2017 at 05:16 PM

ဘယ်လိုပြောရမလဲ xiao Lu

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views