ဲJames Ma အကြောင်း

Movie & Music
01/11/2017
889 views

ကဲ ... ဒီတစ်ခါတော့ Admin အကြိုက်ဆုံးမင်းသားလေးတစ်ယောက်ဖြစ်တဲ့ 

James Ma ရဲ့အကြောင်းလေး မျှဝေပေးလိုက်ပါတယ် ။

James Ma ရဲ့ အမည်အရင်းကတော့ James Assarasakorn ပါတဲ့ ။

ဟောင်ကောင်နဲ့ ထိုင်းအနွယ်ဖွား မင်းသားတစ်ယောက်ဖြစ်ပါတယ် ။

July 3, 1993 မှာမွေးတာမို့ အသက်ကတော့ ၂၃ နှစ်ရှိပါပြီ ။

ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ ။ 

   

အရပ်ကတော့ ၆ ပေ ၁ လက်မ ရှိပါတယ်တဲ့ ။ ( Wow ... စွန်းမိုက်တယ်နော ) ။ 

ချစ်သူမရှိပါဘူးတဲ့ ။ Single စစ်စစ်ကလေးပါ ။

မောင်နှမ နှစ်ယောက်မှာ သူက အကြီးပါ ။ သူ့အောက်မှာ ညီမလေးတစ်ယောက်ရှိပါတယ် ။ 

အကြိုက်ဆုံးအရောင်ကတော့ အပြာနဲ့ လိမ္မော်တဲ့ ။

သူဟာ သရုပ်ဆောင်မော်ဒယ် တစ်ယောက်အပြင် အစီအစဉ်တင်ဆက်သူတစ်ဦးလဲ ဖြစ်ပါတယ် ။

   

အစားအသောက်ကောင်းကောင်းကြိုက်တတ်တဲ့ James ဟာ စားသောက်ဆိုင်ကြီးတစ်ဆိုင် ပိုင်ဆိုင်သူ ပါ ။ ဘဲသားခေါက်ဆွဲပြုတ်ကို အကြိုက်ဆုံးဖြစ်ပြီး အခြားထိုင်းစာတွေလဲ အကုန်ကြိုက်ပါတယ်တဲ့ ။

ကြောင်ချစ်တတ်တဲ့ မင်းသားတဲ့ ယုန်လေးတွေကိုလဲ ချစ်ပါတယ် ။

စိတ်သဘောထား နူးညံပြီး အေးဆေးနေတတ်ပေမယ့် အဖော်ကောင်းတဲ့အခါ အလွန်ပျော်တတ်တဲ့ မင်းသားပါ ။

တရုတ်ကန်တုံစကား ၊ English စကား နဲ့ ထိုင်းဘာသာစကား သုံးမျိုးလုံးပြောတတ်ပါတယ် ။

သူ့ ရဲ့ အိပ်မက်ထဲက ချစ်သူပုံစံကတော့ တတ်ကြွပြီး စမတ်ကျနေရမယ် ။ သူ့အကြောင်းကို ကောင်းကောင်းသိပြီး သူ့ကို ပျော်ရွှင်အောင်ထားနိုင်မယ့်သူမျိုးကို ချစ်သူတော်ချင်ပါတယ်တဲ့ ။ 

ဘယ်လိုချစ်ခွင့်ပန်မလဲဆိုတော့ ... 

သူချစ်ရတဲ့ကောင်မလေးကိုတွေ့ခဲ့ရင် ရည်းစားစာ ရေးပြီးပေးမယ် ... ဒါမှမဟုတ် ရေတံခွန် ၊ ပင်လယ် တို့နားမှာ ချစ်ခွင့်ပန်ချင်ပါတယ်တဲ့ ။ 

စိတ်ကူးယဉ်ဆန်တယ်နော် ။ သူကဆက်ပြောပါသေးတယ် ... မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ဖို့ ဂန္တ၀င်အဆန်ဆုံးနည်းလမ်းက ရည်းစားစာ ပါပဲ ။ Romantic ပိုဆန်တယ်လို့ခံစားရတယ် ။ ခံစားရသမျှ အကုန်စာထဲမှာ ချရေးပြနိုင်တယ်တဲ့ ။ ဒီခေတ်မှာ ဒီနည်းလမ်းကိုသိပ်မသုံးကြတော့ဘူးဆိုတာ သိပေမယ့် ဒါဟာ တကယ့်ကိုဆွဲဆောင်မှုအရှိဆုံး ချစ်ခွင့်ပန်နည်းလို့ ကျွန်တော်ထင်ပါတယ်တဲ့ ။ 

( Omo Omo သူ့ကောင်မလေးဖြစ်လာမယ့်သူတော့ ကြွေစေမယ့် ရည်းစားစာ တစ်စောင်တော့ သေချာပေါက်ဖတ်ရမှာပဲ ... )

သူလေးကတော့ ထိုင်းမှာတင်မကဘဲ မြန်မာပြည်မှာပါ ပရိတ်သတ်တွေ ရှိနေပါပြီ ...

သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတွေ ပြန်ကြည့်ချင်ရင်တော့ အောက်က ခေါင်းစဉ်လေးတွေကိုရှာကြည့်လို့ရတယ်နော် ...

Dramas

Suparburoot Jutathep with Mint Chalida Wijitwongtong (Ch.3/2013)
Ka Badin with Peeranee Kongthai (Matt) (Ch.3/2015)
Piang Chai Kon Nee Mai Chai Poo Wised with Kimberly Ann Voltemas (Ch.3/2016)
Arkom with Margie Rasri Balenciaga (Ch.3/2017)
Sai Tarn Hua Jai 2016 with Mint Chalida Wijitwongtong (Ch.3 2017)
Chaat Seur Pan Mungkorn with Diana Flipo (Ch.3/Upcoming 2018)
Duang Jai Nai Fai Nhao with Jeena Yeena Salarm (Ch.3/Upcoming 2018)
Klin Kasalong with Urassaya Sperbund (Ch.3/Upcoming 2018)

Movies

Thai Niyom-Prince Pom (2014)
Microlove with Ham Eun-Jung (2017)
Rong Tao Kaang Sut Tai with Diana Flipo (2016)

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 

Source : sharerice

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views