အမေရိက ဂီတလောကမှာ ရေပန်းစားလာတော့မယ့် K-Pop Idol 3 ယောက်

Movie & Music
01/11/2017
878 views

Time Magazine က အမေရိကန် ဂီတလောကထိထိုးဖောက်ဝင်ရောက်လာတဲ့ K-Pop Idol 3 ယောက် ကို အင်တာဗျူးခဲ့ပါတယ် ။ သူတို့ လုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့လဲ ပြောကြားခဲ့ပါသေးတယ် ။ 

K-pop လှိုင်းလုံးဟာအာရှနိုင်ငံများသာမက အနောက်နိုင်ငံများထိထိုးဖောက်လာပြီးနောက်

EXO, BTS, SEVENTEEN နဲ့ GOT7 စတဲ့အဖွဲ့တွေဟာ သူတို့ရဲ့  Kpop Music ကို အမေရိကန်ပရိတ်သတ်ထောင်ကျော် နှလုံးသားထဲကို သယ်ဆောင်ပေးပြီးပါပြီ သို့ပေမယ့်အမေရိကန်ဂီတလောကထဲကိုပါ ၀င်ရောက်ထိုးဖောက်ဖို့ကြိုးစားတဲ့ Kpop Idol တွေကတော့ရှားရှားပါးပါးပါပဲ ။ အဲဒီထဲကအောင်မြင်ဖို့ အလားအလာများပြားတဲ့ Idol သုံးဦးကတော့ CL, Dean နဲ့ Eric Nam တို့ပဲဖြစ်ပါတယ် ။\

CL

CL က " US မှာအလုပ်လုပ်ရတာ ကျွန်မအတွက်တော့ သိပ်မကွာခြားပါဘူး ။ ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုတွေပြုလုပ်တာလဲ ကျွန်မဟိုအရင်ထဲကလုပ်နေကျအတိုင်းပါပဲ ...

တစ်ခုပဲကွဲပြားသွားမှာက သီချင်းကိုတော့ English လိုဆိုရမှာပေါ့ ။ " လို့ပြောကြားခဲ့ပါတယ် ။

CL ဟာ ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာတော့ 2NE1 အဖွဲ့ဝင်တစ်ယောက်အဖြစ်သာမက

တစ်ဦးချင်းအဆိုတော်အဖြစ်လဲ ထင်ရှားကျော်ကြားသူပါ ။ သူမရဲ့ ပြိုင်ဖက်ကင်းပြီး ဆန်းသစ်တဲ့ စတိုင်လ်တွေ အနုပညာတွေ ကို ပရိတ်သတ်တွေဆီအမြဲချပြလေ့ရှိပါတယ် ။ အမေရိကန် ဂီတလောက မှာလဲ ဒီလိုပုံစံအတိုင်းပဲဆက်လက်နေသွားဖို့ ရည်ရွယ်ပါတယ် ။ သူမဟာ လက်ရှိအမေရိကန် အနုပညာရှင်များထဲက မိန်းမရွယ်လေးပုံစံတွေထက် မိန်းမတစ်ယောက် အထူးသဖြင့် အာရှနွယ်ဝင် မိန်းမတစ်ယောက်ရဲ့ ပုံစံကို အမှန်အတိုင်း ပြသသွားမယ်လို့လဲ ပြောကြားသွားပါတယ် ။ 


 

Dean

ကိုရီးယားအဆိုတော် Dean ကတော့ korea မှာရော US မှာပါ 2015 ခုနှစ်ထဲက အောင်မြင်တဲ့ အဆိုတော်ပါ ။ Korea မှာ Debut မလုပ်ခင်ထဲကအမေရိကန်မှာ Debut လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ 

အင်တာဗျူးမှာ သူ့ရဲ့ သီချင်းထွက်ပြီးနောက်မှာ အမေရိကန်ပရိတ်သတ်တွေ ဘယ်လိုတွေတုန့် ပြန်ကြမလဲဆိုတာ သူသိချင်ခဲ့ပါတယ်တဲ့ ။ 

Dean ဟာသူရဲ့ ပထမဆုံး အခွေကို အမေရိကန်မှာ လွန်ခဲ့တဲ့နှစ် သူ တရားဝင် Debut လုပ်ပြီးနောက် ထွက်ရှိခဲ့တာပါ ။ 

Eric Nam 

Eric Nam က ကိုရီးယား - အမေရိကန် ကပြားအဆိုတော်ဖြစ်ပါတယ် ။ CL လိုပဲ ကိုရီးယားအမွေအနှစ် နဲ့ အမေရိက အနုပညာယဉ်ကျေးမှု ကိုပေါင်းစပ်ချင်သူပါ ။ 

သူရဲ့ပန်းတိုင်နဲ့ အိပ်မက်ကတော့ ပြည်နယ်အနှံကို သူ့ရဲ့  အနုပညာစီးမျောဝင်ရောက်သွားဖို့ပါပဲလို့ ပြောခဲ့ပါတယ် ။

သူတို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုမေးကြည့်တဲ့အခါ အချိန်အတိုင်းအတာတစ်ခုအတွင်း အမေရိကန် ဂီတလောကကိုထိုးဖောက်နိုင်မှာ ယုံကြည်တယ် လို့ ပြောကြားသွားခဲ့ကြပါတယ် ။ သူတို့ရဲ့ ရည်မှန်းချက်တွေပြည့်ဝနိုင်မှာပါ ။ 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 

Source : Koreaboo

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views