2017 ခုနှစ်မှာကွဲကွာသွားရတဲ့ ကိုရီးယားအနုပညာရှင် စုံတွဲများ

Movie & Music
28/10/2017
552 views
သာမန်လူတွေ ချစ်သူထားတာထက်စာရင် ကိုရီးယားအနုပညာရှင်တွေရဲ့ အချစ်ခရီးလမ်းက ပိုမိုဖိအားများလေ့ရှိပါတယ် ။
ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ် အားပေးတာခံရတဲ့ အနုပညာရှင်တွေမို့ ပိုမိုသတိထားခံကြရတာပါ ။
ဒီလို အခက်အခဲတွေရှိတဲ့ကြားက လက်တွဲခဲ့ကြတဲ့ အနုပညာရှင်စုံတွဲတွေလည်း ရှိပါတယ် ။ အချို့တွေက တရားဝင်ချမပြပေမယ့် အချို့တွေကတော့
တရားဝင် ပရိတ်သတ်ကို ပေးသိကြပါတယ် ။ သို့ပေမယ့် ၂၀၁၇ ခုနှစ်မှာ တရားဝင်စုံတွဲတော်တော်များများက လမ်းခွဲခဲ့တာကိုလည်း တွေ့ရှိရပါတယ် ။ 
ဘယ်သူတွေရဲ့ ချစ်ခရီးလမ်းဟာ ဆုံးခန်းတိုင်သွားသလဲဆိုတာ စုစည်းဖော်ပြပေးလိုက်ပါတယ် ။

1. Nam Joo Hyuk and Lee Sung Kyung

   

ဒီ စုံတွဲလေးကတော့ ရုပ်ရှင်အတူတူရိုက်ရင်းသံယောဇဉ်တွယ်ပြီးချစ်သွားကြတာပါ ။ သို့ပေမယ့် စိတ်မကောင်းစရာပဲ သူတို့ချစ်သက်တမ်းက တာရှည်မခံလိုက်ပါဘူး ။
၎ လ အကြာမှာပဲ လမ်းခွဲသွားကြပါတယ် ။

2. Kai and Krystal

   

SM Entertainment ရဲ့ နာမည်ကျော်စုံတွဲပါ ။ သူတို့ dating သတင်းကို SM ကတရားဝင်ကြေညာတုန်းက ထောက်ခံသူတွေရှိသလို ခါးခါးသီးသီးကို ဆန့်ကျင်ကြသူတွေလဲ ရှိပါတယ် ။ သူတို့နှစ်ဦးဟာ လည်း 2017 အတွင်းမှာပဲ ပြတ်စဲသွားခဲ့ပြီလို့ SM က ထပ်မံသတင်းထုတ်ပြန်ပေးခဲ့တာပါ ။ ဒီ တွဲဖက်မှုဟာ တကယ့်အချစ်ရေးမဟုတ်ခဲ့ဘဲ
SM Entertainment ရဲ့ စီစဉ်မှုတစ်ခုလို့လဲ ပရိတ်သတ်တွေက ဆိုကြပါတယ် ။ 

3. Shin Ha Kyun and Kim Go Eun

   

Goblin ဇာတ်ကားနဲ့ တစ်ရှိန်ထိုးနာမည်ကြီးလာတဲ့ မင်းသမီးလေး Kim Go Eun  ကတော့ ထိုဇာတ်ကားကြီးထုတ်လွှင့်ပြီး မကြာခင်မှာပဲ ချစ်သူနဲ့လမ်းခွဲတဲ့သတင်းတက်လာတာပါ ။ သူတို့ရဲ့ ချစ်သက်တမ်းဟာ ၈ လကြာခဲ့ပြီး အသက် ၁၇ နှစ်ကွာတဲ့ သူမရဲ့ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ မင်းသမီးလေးက တစ်ကိုယ်ထဲ Single ဖြစ်သွားပါပြီ ။ 

4. Jang Ki Ha and IU

   

သူတို့ကလည်း အသက် ၁၁ နှစ်ကွာတဲ့စုံတွဲပေမယ့် လိုက်ဖက်သူတွေလို့မှတ်ချက်ပေးထားခြင်းခံရပါတယ် ။ IU က မြင်မြင်ချင်းချစ်မိသွားခဲ့တယ်လို့ ပြောကြားခဲ့ဖူးတဲ့ သူမရဲ့ ချစ်သူ နဲ့ ၂ နှစ်ကျော်တွဲခဲ့အပြီးမှာတော့ လမ်းခွဲလိုက်ကြပါတယ် ။ 

5. Choiza and Sulli

   

ဂျူနီယာနဲ့ စီနီယာ တို့ချစ်ကြိုက်ကြတဲ့ Choiza နဲ့ Sulli တို့စုံတွဲလေးကလည်း ဒီ ၂၀၁၇ မှာပဲ မထင်မှတ်ထားဘဲ ပြတ်စဲသွားခဲ့တာပါ ။
သူတို့နှစ်ယောက်ဟာ အခြားသော အနုပညာရှင်တွေနဲ့ မတူဘဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ချစ်ကြည်နူးနေတဲ့ စုံတွဲပုံရိပ်လေးတွေကို
ပရိတ်သတ်ရှေ့ အချပြဆုံးစုံတွဲလို့ဆိုရမှာပါပဲ ။ ပွင့်ပွင့်လင်းလင်းရှိလှတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေး အဆုံးသတ်ပြီးနောက်မှာ Sulli ရဲ့ ပုံစံကလည်း
နဂိုနဲ့မတူဘဲ Sexy ပိုကျတဲ့ အသွင်ကိုပြောင်းလဲသွားခဲ့တာကတော့ ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ် ။

6. Lee Sang Yoon and Uee

   

အရပ်ရှည်ရှည်နဲ့ အရမ်းလန်းတဲ့ အဆိုတော်မင်းသမီးချောလေး Uee နဲ့ သူမချစ်သူ Lee Sang Yoon တို့လည်း တစ်နှစ်တာချစ်ခရီးကို ၂၀၁၇ မှာပဲ အဆုံးသတ်ခဲ့ကြပါတယ် ။

ဒီ ၂၀၁၇ မှာ စုံတွဲအချို့ ပြတ်ဆဲသွားပေမယ့် လက်ထပ်ဖို့အထိ ဖြစ်လာတဲ့စုံတွဲတွေလည်းရှိသလို ကလေးလေးတွေ မွေးဖွားသွားပြီဖြစ်တဲ့ စုံတွဲတွေလည်းရှိပါတယ် ။
၂၀၁၇ ကတော့ ကိုရီးယားအနုပညာရှင်တွေရဲ့ အချစ်ရေးအတွက် အကောင်းအဆိုးရောတဲ့ ခုနှစ်လို့ပဲဆိုရမှာဖြစ်ပါတယ် ။

Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views