Red Velvet အဖွဲ့ဟာ SM Entertainment ရဲ့ နာမည်ကျော်ကြားတဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ် ။
နုငယ်လှပကြတဲ့ အဖွဲ့ဝင်တွေနဲ့ စုစည်းထားတဲ့ ဒီအဖွဲ့လေးက မိန်းကလေးတွေဟာ ချောမောလှပကြသလို
အကရောအဆိုရော ပြောဖွယ်ရာမရှိတဲ့အတွက် အားပေးကြတဲ့ ပရိတ်သတ်တွေ အခိုင်အမာရှိနေကြပါပြီ ။
အခုလည်း အဖွဲ့ဝင်လေး Yeri က သူတို့ရဲ့ ပရိတ်သတ် တွေအပေါ် ကြင်နာတတ်တဲ့ မိန်းမလှလေးတစ်ဦးဆိုတာ အပြုအမူလေးတစ်ခုနဲ့ သက်သေပြလိုက်ပါတယ် ။
ဖြစ်ပုံကတော့ သူတို့အဖွဲ့ ရဲ့ Ice Cream Cake ပရိုမိုးရှင်း ပြုလုပ်စဉ်က အဖွဲ့သားတွေနဲ့အတူFan တွေကိုလက်မှတ်ထိုးပေးရင်း သူ့ရှေ့ က ကျောင်းသူ ပရိတ်သတ်နဲ့ စကားတွေပြောနေခဲ့တဲ့အချိန်မှာ လေပြင်းတစ်ချက်တိုက်လာပြီး ကျောင်းသူလေးရဲ့ စကပ်က အပေါ်ကို လန်တတ်သွားမတတ်ဖြစ်သွားပြီး ကျောင်းသူလေးခမျာ ထိန်းရသိမ်းရခက်နေတာကို Yeri ဟာချက်ချင်းသတိထားမိသွားတာနဲ့ အမြန်အဆန်ပဲ ကျောင်းသူလေးရဲ့ စကပ်လေးကို ပေါ်ကို ဖိပြီး သိမ်းကြုံးဖက်ထားပေးတာ သူတို့အနားကို ၀န်ထမ်းတစ်ယောက်ရောက်မလာခင်ထိပါပဲ ။
နောက်ဆုံးမှာတော့ သူတို့ကိုသတိထားမိပြီး အနားရောက်လာတဲ့ ၀န်ထမ်းက ကျောင်းသူလေးကို ဂျာကင်ဝတ်ပေးပြီး ကူညီခေါ်ထုတ်သွားပေးတာကိုတွေ့ခဲ့ရပါတယ် ။ Yeri အချိန်မှီ ကူညီလိုက်တာကြောင့် ပရိသတ်တစ်ယောက်တော့ အရှက်ရမယ့်ဘေးကလွတ်ကင်းသွားခဲ့တဲ့ ဒီ Video File လေးပျံနှံလာတဲ့ အချိန်မှာ Yeri ရဲ့ ကြင်နာတတ်မှုကို ချီးကျူး ခံခဲ့ရတာဖြစ်ပါတယ် ။
Source : koreaboo