ကိုယ့် Fan နဲ့ ပြန်လက်ထပ်သွားတဲ့ တရုတ်အနုပညာရှင်များ

Movie & Music
26/10/2017
3.1k views

အနုပညာရှင်တစ်ယောက်ကို အားပေးတယ်ဆိုကတည်းက ချစ်လို့ အားပေးကြတာမဟုတ်ပါလား ...
သူတို့ရဲ့ အနုပညာကိုအားပေးရင်း သူတို့ကို ချစ်မြတ်နိုးပြီး ၀န်းရံနေကြတဲ့သူတွေက အမာခံ Fan တွေဖြစ်လာတော့တာပါပဲ ။
Fan တွေဟာပုံမှန်ဆို ကိုယ်ကြိုက်တဲ့အနုပညာရှင်ကို သဘောကျပိုင်ခွင့်ရှိပေမယ့် မပိုင်ဆိုင်ပါဘူး ။ 
Fan တော်တော်များများရဲ့ အိပ်မက်ကတော့ သူတို့ချစ်တဲ့ အနုပညာရှင်ကို လက်ထပ်လိုကြတာပဲဖြစ်ပါတယ် ။ 
ခက်ခဲတယ်ဆိုပေမယ့် ကိုယ်အားပေးတဲ့ အနုပညာရှင်နဲ့ တကယ်အပြင်မှာ ချစ်ခွင့်ရသွားတဲ့ Fan အချို့လဲရှိပါသေးတယ် ။
သူတို့ဟာ Fan တွေရဲ့ အိပ်မက် ပြည့်ဝသွားတဲ့ ကံအထူးဆုံ Fan တွေလို့ဆိုရမှာပါ ။ 
သူတို့ဘယ်သူတွေလဲ ကြည့်လိုက်ကြရအောင်နော် ... 

1. Tang Wei 

Tang Wei ဟာ သူ့ ကို နှစ်သက်တဲ့ သူ့ ရဲ့ Fan ဒါရိုက်တာ Ang Lee နဲ့ လက်ထပ်သွားတာပါ ။ ခုဆို သမီးလေးတစ်ယောက်တောင်ပိုင်ဆိုင်နေပါပြီ ။ 

 

2. Daniel Chan

Daniel Chan ဟာ ပျိုတိုင်းကြိုက်တ အဆိုတော်မင်းသားပါ ။ သူဟာမင်းသမီးတော်တော်များများနဲ့ လဲအချစ်ဇာတ်လမ်းတွေရှိခဲ့ဖူးပေမယ့်

နောက်ဆုံးမှာတော့ အနုပညာရှင်မဟုတ်တဲ့ သူနဲ့ ဖူးစာဆုံသွားပါတယ် ။ 

ဆေးပညာနဲ့ပါတ်သတ်တဲ့ ဇာတ်လမ်းတွဲ တစ်ခုကိုရိုက်ရင်း သူ့ရဲ့ပရိတ်သတ် ထိုင်ဝမ်နာစ်မလေးနဲ့ လက်ထပ်သွားတာပဲဖြစ်ပါတယ် ။ 

 

3. Zhao Wei

သူမကိုတော့မြန်မာပြည်ကလူတော်တော်များများမြင်ဖူးကြမှာပါ ။ ဇာတ်လမ်းတွဲတော်တော်များများပါ သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသမီးပါ ။

သူမဟာလဲ သူမရဲ့ ပရိတ်သတ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနဲ့လက်ထပ်သွားပါတယ် ။

4.  Andy Lau

သူကတော့ Fan နဲ့ လက်ထပ်သွားတဲ့ထဲ နာမည်အကြီးဆုံးဖြစ်မယ်ထင်ပါတယ် ။ သူဟာသူ့ရဲ့ ပရိတ်သတ်ထဲကတစ်ယောက်နဲ့ နှစ် ၂၀ ကျော် လျိုဝှက်ချိန်းတွေ့ပြီးမှ လက်ထပ်သွားတာပါ ။ သူ့ဇနီးကလဲ သူရဲ့ သစ္စာအရှိဆုံး Fan ဖြစ်မှာပါပဲ ။ ဒီလောက်အကြာကြီး မင်းသားအောင်မြင်မှုအတွက်သိုဝှက်နေပေးခဲ့ပါတယ် ။ ခုတော့ သူတို့လက်ထပ်ပြီးမင်းသားက သူ့ဇနီးကို ပေါ်တင်ဂရုစိုက်ပေးနေနိုင်ပါပြီ ။

သူငယ်ချင်းတို့ရော ... သူတို့လိုသာ ကံကောင်းခဲ့မယ်ဆို ဘယ်သူနဲ့ လက်ထပ်ချင်လဲ ပြောသွားခဲ့ကြည့်ပါလားနော် !

Source : Dramafever

Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views