Breaking News ! ကွယ်လွန်သွားတဲ့ မော်ဒယ် Lee Ui Soo

Movie & Music
08/10/2017
9.4k views
SM Entertainment ရဲ့ လက်ခွဲဖြစ်တဲ့ ESteem Entertainment က ယောကျာင်္းလေးမော်ဒယ်တစ်ဦးဖြစ်တဲ့ မော်ဒယ် Lee Ui Soo ဟာ အောက်တိုဘာ ၈ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ် ။

   

သူ့ရဲ့ အေဂျင်စီကနေသတင်းထုတ်ပြန်ရာမှာတော့ 
" ရုတ်တရက် ဒီလို ကြေကွဲစရာသတင်းတစ်ခုကိုကြေညာရတာ အလွန်ကိုပဲ ၀မ်းနည်းမိပါတယ် ။ ဒီသတင်းအတွက်ခုချိန်ထိ ရှော့ရနေတုန်းပါပဲ ။ Lee Ui Soo ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် ကွယ်လွန်သွားတယ်ဆိုတာ မှန်ကန်ပါတယ် ။ အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ ။ Lee Ui Soo မိသားစုရဲ့ ဆန္ဒအရ အသုဘအခမ်းအနားကို မိသားစုဝင်တွေနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ် ကျင်းပချင်တယ်လို့ဆိုပါတယ် ။ သူ့အတွက်ဆုတောင်းပေးလိုက်ကြပါ " လို့ သတင်းထုတ်ပြန်ခဲ့တာပါ ။ 

   

ဘာအကြောင်းကြောင့် ဒီလို သတ်သေသွားရသလဲ ဆိုတာ မသိပေမယ့် သတ်သေဖို့ တကယ့်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချပြီးလုပ်ဆောင်သွားခဲ့တာပါ ။
သူ့ရဲ့ အကိုဖြစ်သူကတော့ သူ့ညီလေးဟာ မော်ဒယ်အလုပ်နဲ့  DJ သမားအလုပ်ကို ကြိုးကြိုးစားစားလုပ်ဆောင်ရင်းနေထိုင်ရာက ခက်ခဲတဲ့ အချိန်တွေကနေရုန်းမထွက်နိုင်တာကြောင့် ဒီလိုလုပ်သွားတာဖြစ်မယ်လို့ ကောက်ချက်ချပါတယ် ။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးကြဦးမှာပါ ။ 
သူ့ရဲ့ ပရိတ်သတ်တွေ ကတော့ ၀မ်းနည်းကြေကွဲနေကြပါတယ် ။ ကိုရီးယားနိုင်ငံက အနုပညာရှင်လောကမှာ suicide လုပ်ပြီး ကြွေလွင့်သွားတဲ့ အနုပညာရှင်တွေထဲ မော်ဒယ် Lee Ui Soo လဲပါဝင်သွားပါပြီ ။ စိတ်မကောင်းစရာပါပဲ ... 

 

  

   

 

ဒီစာလေးကို အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ...

Source : allkpop
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints
Myat Phyu 08/10/2017 at 06:18 PM

omg

Mann Saw Paing Paing 09/10/2017 at 06:37 AM

😢😭

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  210 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  216 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views