ကလေးဘ၀ထဲက သရုပ်ဆောင်လုပ်ခဲ့တဲ့ Male Idol ၅ ယောက်

Movie & Music
01/10/2017
864 views
ခုချိန်မှာတော့ သူတို့ဟာ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးတာခံရတဲ့ အဆိုတော်တွေဖြစ်နေပါပြီ ။
သို့ပေမယ့် ငယ်စဉ်ကတည်းက သူတို့ ပရိတ်သတ်ရှေ့ မှောက်ရောက်ရှိခဲ့တယ်ဆိုတာကိုတော့ သိသူရှားပါတယ် ။
ခုချိန်မှာ အောင်မြင်ကျော်ကြားနေပြီး ငယ်ငယ်တုန်းထဲက ကလေး သရုပ်ဆောင်ဖြစ်ခဲ့ဖူးတယ်ဆိုတာ လူသိနည်းတဲ့ Male Idol ၅ ယောက်တောင် ရှိနေပါတယ် ။
သူတို့တွေက ဘယ်သူတွေလဲ ဆိုတာ ကြည့်လိုက်ကြရအောင်နော် ...

1. BIGBANG’s Taeyang

   

Taeyang ဟာ 2001 ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Kiss Me Much ဆိုတဲ့ ဇာတ်ကားမှာ ၀င်ရောက်သရုပ်ဆောင်ခဲ့ဖူးပါတယ် ။
ထိုစဉ်အခါက သူ့အသက် 13 နှစ်သာရှိပါသေးတယ် ။ သူဟာ အစအနောက်သန်ပြီး ဆိုးတဲ့ကျောင်းသားတစ်ယောက်နေရာကနေ ၀င်ပြီးသရုပ်ဆောင်ခဲ့တာပါ ။ လူဆိုးလေးပေါ့နော် ...

   

2. FTISLAND’s Hongki

   

Hongki ဟာ အဆိုတော်မဖြစ်လာခင်ထဲက သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံတွေ အများကြီးရှိပါတယ် ။ ဒါကြောင့်မို့ အဆိုတော်ဖြစ်ပြီးနောက်ပိုင်း လူကြီးခန်းကသရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တာပါ ။ 2002 ခုနှစ်ကတည်းကစပြီး Magic Card Masuri, There’s a Light at the Tip of My Fingernails, Ggangsoon နဲ့ Side Dot စတဲ့ ဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ 

   

3. B1A4’s Jinyoung

      

Jinyoung ကလည်း ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပါတယ် ။ Emergency Escape Number 1 ဆိုတဲ့ ပညာပေးအစီအစဉ်မှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တာပါ ။

   

4. SF9’s Chanhee



Chanhee ဟာ “Mini TVXQ" ဆိုတဲ့ အဖွဲ့လေးထဲက “Little Micky Yoochun” အဖြစ်လူသိများပြီးသားပါ ။
SF9 အဖွဲ့မှာ ပြန်လည်ပါဝင်ပြီး ပွဲဦးမထွက်ခင် Signal, Can You Hear My Heart? နဲ့ The Innocent Man စတဲ့ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ် ။ 

   

5. ASTRO’s Moonbin

   

Moonbin ဟာလည်း ငယ်စဉ်က “Mini TVXQ" ဆိုတဲ့ အဖွဲ့လေးထဲက အဖွဲ့သားတစ်ဦးပါပဲ ။ Moonbin ကိုတော့ “Little U-Know Yunho” အဖြစ်သိကြပါတယ် ။
TVXQ ရဲ့ music video “Balloons” မှာ ၀င်ရောက်သရုပ်ဆောင်ဖူးပြီး မြန်မာမှာ F4 လို့ နာမည်ကြီးတဲ့ Boys Over Flowers ဇာတ်ကားထဲက အိုးလုပ်တဲ့ Kim Bum ရဲ့ ငယ်ဘ၀ character ကိုလည်း သူပဲ သရုပ်ဆောင်ခဲ့တာပါ ။

   

ကြီးလာတော့ ဘယ်လိုတွေတောင် ခန့်ချောသွားသလဲဆိုတာ ကြည့်ကြည့်ကြပါဦး ...
သူတို့ကတော့ ငယ်ငယ်လေးထဲက အနုပညာစွမ်းရည်တွေ ပြခဲ့သူတွေမို့ ခုချိန်မှာကျော်ကြားတဲ့သူတွေ ဖြစ်လာတာ မဆန်းတော့ပါဘူး ...
ကိုယ်အားပေးတဲ့ အနုပညာရှင်များပါခဲ့ရင် ပြောသွားကြည့်ပါလားနော် ... 

ဒီစာလေးကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားလို့ရပါတယ် ။
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာလေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  210 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  216 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views