ကမ္ဘာကျော်မဖြစ်ခင်က သူတို့ဘာအလုပ်လုပ်ကြလဲ ?

Movie & Music
30/09/2017
352 views
ခမ်းနားကျော်ကြားလူသိများတဲ့ ကမ္ဘာကျော်တွေဟာလည်း ကမ္ဘာကျော်မဖြစ်ခင်က သာမန်လူတွေလို အလုပ်တွေလုပ်ဖူးကြပါတယ် ။
သူက အရင်က ဒီအလုပ်လုပ်ခဲ့တာပေါ့ လို့ပြောရင် မယုံနိုင်လောက်မယ့်သူတွေလည်းရှိတာပေါ့ ။ ဒီတစ်ခါမှာတော့ အဲဒီလို မယုံနိုင်လောက်မယ့် ကမ္ဘာကျော်တွေရဲ့ အရင်အလုပ်တွေ အကြောင်းကို ပြောပြပေးသွားပါမယ်နော် ။ 

Steve Buscemi – မီးသတ်သမား



မီးသတ်သမား ၀တ်စုံဝတ်ပြီး မီးတွေငြိမ်းနေမယ့် Steve Buscemi ရဲ့ မျက်နှာကို မြင်ယောင်ကြည့်ပါဦး ။ 
အဲဒါဟာ သူ့အရင်ကဘ၀ပါတဲ့ ။ 

Rihanna – ကြည်းတပ်စစ်သမီး

   

ဒီလောက် Sexy ကျပြီးလှပတဲ့ စစ်သမီးကတော့ စစ်တိုက်ဖို့ထက် ဒီလို ကမ္ဘာကျော်ဖြစ်တာပဲ ပိုသင့်လျော်မယ်ထင်ပါတယ် ။

Pierce Brosnan – မီးစားသူ

   

James Bood မင်းသားချော Pierce Brosnan ဟာ တစ်ချိန်ဟာ ဖျော်ဖြေရေးစင်မြင့်တွေပေါ်မှာ မီးကစားပြပြီး မီးတွေကိုစားပြတဲ့ ဖျော်ဖြေသူတစ်ဦးဖြစ်ခဲ့ပါတယ်တဲ့ ။
သို့ပေမယ့်လည်း ထင်ပေါ်တော့ စင်တော်ကကောက်ခဲ့တာပါပဲ ... ။ 007 ရဲ့ ဂန္တ၀င် မင်းသားကြီးတစ်လက်ဖြစ်ခဲ့တာပါ ။

George Clooney – ကြုံရာကျပန်း 

   

George Clooney ဆိုရင် အသက်ကြီးတဲ့ထိ SKB ဖြစ်နေတဲ့မင်းသားကြီးမှန်း ဟောလိဝုဒ် ပရိတ်သတ်တွေ အကုန်သိကြပါတယ် ။ မင်းသားမဖြစ်ခင်က လူတွေ မတွေးထင်ထားလောက်တဲ့ အလုပ်အားလုံးကို သူလုပ်ကိုင်ခဲ့တာပါ ။ မိန်းမဖိနပ်တွေ ရောင်းဖူးတယ် ။ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ အာမခံအရောင်းသမားလုပ်ဖူးတယ် ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ကြမ်းသမားလုပ်ဖူးတယ် ။ ဆေးရွက်ခူးသူလုပ်ဖူးတယ် ။ မုတ်ဆိတ်ရိတ်သမား လုပ်ဖူးတယ် ... ဒါတွေဟာ သူလုပ်ခဲ့တဲ့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ ။ ဒီထက်ဆိုးတဲ့အလုပ်တွေတောင်လုပ်ခဲ့ဖူးတယ်လို့ဆိုပါတယ် ။ မယုံနိုင်စရာပါပဲနော် ။ 

Johnny Depp – ဖုန်းဆက်အရောင်းသမား

   

ပင်လယ်ဓါးပြ မင်းသားကတော့ ဖုန်းဆက်ပြီး ပစ္စည်းတွေရောင်းတဲ့အလုပ်တွေလုပ်ခဲ့ပါတယ် ။ ထိုစဉ်က ငြင်းပယ်မှုများစွာကြုံခဲ့ပေမယ့် ခုချိန်မှာတော့ သူနဲ့ ဖုန်းထဲကစကားပြောခွင့်ရရင်တောင် ၀မ်းသာလုံးဆို့မယ့် ပရိတ်သတ်တွေ တစ်ပုံတပင်ရှိနေပါပြီ ။ 

Kate Winslet – Sandwich ရောင်းသူ

   

တိုက်တန်းနစ် ဇာတ်ကားလို ခမ်းနားကြီးကျယ်လွန်းတဲ့ ဂန္တ၀င်ဇာတ်ကားကြီးက ခေါင်းဆောင်မင်းသမီးက အရင်က Sandwich လုပ်ရောင်းခဲ့တယ်ဆိုတာ ၀ယ်စားဖူးတဲ့ သူတွေ သိကြပါတယ် ။ တိုက်တန်းနစ်မင်းသမီးလုပ်တဲ့ Sandwich ကိုစားဖူးသူတွေကတော့ ကံကောင်းသူတွေလို့ ဆိုရမှာပါပဲ ။ 

Hugh Jackman – Gym Teacher

   

X Man မင်းသားကြီးကတော့ Body အလန်းဖြစ်နေတာကို အံ့သြစရာမရှိပါဘူး ။ အရင်အလုပ်လုပ်ခဲ့တာကိုက Gym မှာ Trainer တဲ့ ။ 

Megan Fox – စားပွဲထိုး

   

နာမည်ကျော် မင်းသမီးချော Megan Fox ကတော့ တကယ်ကို စားပွဲထိုးလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာ သူမ အလုပ်ကထွက်လိုက်ရတာပါပဲ ။ စားသုံးသူဖောက်သည်တွေက သူမရဲ့အလှမှာနစ်မြောပြီး ဆိုင်ကပိုရောင်းကောင်းလာပေမယ့် ဆိုင်လာတဲ့ယောကျာင်္းတွေက သူမရဲ့ ခန္တာကိုယ်ကို ကိုင်တွယ်မှုတွေ ခဏခဏ လုပ်ကြတဲ့အခါ သူမ အလုပ်ကထွက်ခဲ့တာပါ ။ 

ကမ္ဘာကျော်တွေလည်း တစ်ချိန်က သာမန်လူတွေပါပဲ ။ သူတို့မှာလည်း သာမန်ဖြတ်သန်းခဲ့တဲ့ဘ၀ အစိတ်အပိုင်းတွေရှိခဲ့ပါတယ် ။
ခုချိန်မှာ သာမန်ဖြစ်နေပေမယ့် တစ်ချိန်ချိန်မှာအောင်မြင်ကျော်ကြားသွားနိုင်တာပါပဲ ။
လူတိုင်းမှာ ကံအကောင်းဆုံးအချိန်တော့ တစ်ချိန် ရှိကြပါတယ် ... 
အသေအချာဖမ်းဆုပ်မိဖို့ပဲ လိုတာပါ ... 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views