ကလေးမွေးပြီးမှ ပိုလှလာတဲ့ ထိုင်းမင်းသမီးများ

Movie & Music
30/09/2017
609 views
ကလေးအမေ ဖြစ်သွားပြီဆို အပျိုဘ၀က အလှအပတွေ ဘယ်နားရောက်သွားမှန်းမသိတော့ပါဘူးလို့ ပြောတတ်ကြပေမယ့်
ထိုင်းမင်းသမီးအချို့ ကတော့ ဇွဲရှိတဲ့ကြိုးစားမှုနဲ့ ထိုစကားကိုတော်လှန်ပစ်ခဲ့ကြပါတယ် ။ မိခင်နို့ချိုတိုက်ကျွေးရပေမယ့် သေသေချာချာ ဂရုစိုက်ပြီး Exercise တွေလုပ်ကြတဲ့
သူတို့ဟာ ကလေးမွေးပြီးမှ တစ်သားမွေးတစ်သွေးလှဆိုသလို ပိုတောင်လှလာကြတာပါ ။ ဘယ် ဆယ်လီမေမေတွေက ဘယ်လိုလန်းနေကြသလဲဆိုတာ ကြည့်ကြမယ်လေနော် ... 

ပထမဆုံးတစ်ယောက်ကတော့ မင်းသမီး Pat Napapa ပါ ။ ကလေးမွေးပြီးချိန်မှာ ကလေးမမွေးခင်ကလို ခန္တာကိုယ်မျိုးပြန်ရရှိနေပြီဖြစ်တဲ့အပြင် ပိုလှလာတဲ့အကြောင်းကို ဓါတ်ပုံတွေ ကသက်သေပြနေပါတယ် ။ 

   

နောက်တစ်ယောက်ကတော့ မင်းသမီး Gubgib Sumonthip ပါ ။

   

သူဟာ သားလေးဖြစ်တဲ့ Nong Bao Bao ကိုမွေးဖွားပြီးလပိုင်းအကြာမှာပဲ Body Shape ကို ပေါ်လွင်စေမယ့် Swim Suit ကို ရဲရဲဝံ၀ံ ၀တ်ဆင်ပြီး ပြန်လှပနေပါပြီ ။ 

လှပ ပြည့်စုံလွန်းတဲ့ Body နဲ့ မင်းသမီးလေးကတော့ Kratae Supasorn ပါ ။

   

သူမဟာကလေးအမေလို့တောင် ထင်နိုင်စရာမရှိပါဘူး ။ သူမလဲ ကလေးမွေးပြီး တစ်လအကြာမှာ အရင်ခန္တာကိုယ်ကို ပြန်လည်ရရှိနေပြီလို့ ဆိုပါတယ် ။ 

ဒီမေမေကတော့ ခွဲမွေးထားတာပါ ။ သူကတော့ Lydia Sarunrat ပဲဖြစ်ပါတယ် ။

   

ဘယ်လောက်တောင်ကြိုးစားပြီး Rebuild လုပ်ခဲ့သလဲဆို ကလေးမွေးပြီး သုံးလအကြာမှာ ခွဲစိတ်အမာရွတ်နဲ့ ဗိုက်သားမှာ ကြွက်သား ၆ မြောင်းကို ပြန်မြင်ရတဲ့ထိပါပဲ ။ ( 6 Pack ဖြစ်ဖို့ဆိုတာ သိပ်တော့မလွယ်လှဘူးလေ ) ကြံခိုင်လွန်းတဲ့ မေမေပါပဲ ။

နောက်ဆုံးတစ်ယောက်ကတော့ Admin အချစ်တော်လေးပါ ။ 
အမြွှာတို့မေမေ Chomp Araya ပဲဖြစ်ပါတယ် ။

   

ချောမောပြီး ပြည့်စုံတဲ့ မျက်နှာလေးက ကလေးတို့မေမေ ဖြစ်တော့လည်း အလှတွေ မလျော့သွားဘဲ ပိုလို့တောင်လှနေပါသေးတယ် ။ ဒီမေမေရဲ့ Recover Time ကတော့ အရမ်းမြန်လွန်းပါတယ် ။ မွေးပြီး 14 ရက်အကြာမှာတင်ထားတဲ့ ဗိုက်သားပေါ်နေတဲ့ ပုံလေးကို ကြည့်မိရင် မကြာသေးခင်ကမှ အမြွာကလေးလေးတွေ ကိုမွေးထားတဲ့သူဆိုတာ ယုံနိုင်စရာတောင်မရှိပါဘူး ။ တကယ့်ကို အားကျစရာကောင်းပါတယ် ။ 

တစ်သားမွေး တစ်သွေးလှနေကြတဲ့ မေမေတို့ကို ကြည့်ရတာ မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောပြနေသလိုပါပဲနော် ... 
ဒီပုံလေးတွေကို ကြိုက်နှစ်သက်ရင် အောက်က Facebook ပုံလေးကိုနှိပ်ပြီး Share ယူသွားဖို့မမေ့ပါနဲ့ဦး.. 
တစ်ခါ Share တိုင်း တစ်ခါရမယ့် Aavapoint အမှတ်လေးတွေကို များအောင်စုပြီး ဖုန်းငွေဖြည့်ကတ် ( သို့ ) အခြားဆုလက်ဆောင်တွေနဲ့ ပြန်လဲလို့ရတာမို့ပါ ။
အစီအစဉ် အသေးစိတ်ကို http://www.aavashare.com/promo_&_events/544/%E1%80%A1%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AF%E1%80%B6%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8_%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%84%E1%80%BC%E1%80%BB%E1%80%96%E1%80%8A%E1%80%B9%E1%80%B7%E1%80%80%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%BC_free_%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%84%E1%80%B9_!!!.html မှာ ၀င်ရောက်လေ့လာနိုင်ပါတယ် ... ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ ... 
 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views