ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ အင်အားကတော့ မသေးလှပါဘူး ။ Asia တစ်ခွင်ကို ရေပန်းစားပြီး အောင်မြင်မှုတွေရရှိခဲ့တာပါ ။
ကိုရီးယားကားတွေ အောင်မြင်ကျော်ကြားရခြင်းအကြောင်းရင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ကောင်းမှုအပြင် ဇာတ်လမ်းဇာတ်ညွှန်း
ဒါရိုက်တာ နည်းပညာ အားလုံးကောင်းမွန်တာကြောင့်လည်းဖြစ်ပါတယ် ။ ဘယ်လိုပဲဆိုဆို ကိုရီးယားဇာတ်ကားတွေကတော့
မြန်မာပရိတ်သတ်တွေရဲ့ အသည်းစွဲဖြစ်လာနေတာတော့ ငြင်းလို့မရပါဘူး ။ ကိုရီးယားနဲ့အတူ ရေပန်းစားလာတာကတော့ ထိုင်းဇာတ်လမ်းတွဲတွေဖြစ်ပါတယ် ။ ဖက်ရှင်ကျနတဲ့ သရုပ်ဆောင်တွေရဲ့ ပုံစံ နဲ့ ကောင်းမွန်တဲ့ ဇာတ်လမ်းကျောရိုးတွေက ပရိတ်သတ်တွေကို
ဆွဲဆောင်ထားနိုင်တာပါ ။ တရုတ်ဇာတ်ကားတွေဟာဆိုရင်လည်း ကိုရီးယားဇာတ်ကားတွေထက်တောင် မြန်မာနိုင်ငံကိုရောက်ရှိတာ ပိုစောတယ်လို့ ဆိုနိုင်ပါတယ် ။
Admin ရဲ့ငယ်ဘ၀မှာ လွီပု နဲ့ သောင်းချန် ၊ ၀ူခုန်း ၊ ပေါင်ချိန် ၊ ပိုးမင်းသား စတဲ့ ဇာတ်ကောင်တွေနဲ့ပဲကြီးပြင်းလာရတာပါ ။ ခုချိန်ထိလဲ တရုတ်ဇာတ်လမ်းတွဲတွေ ဘယ်လောက်ရှည်ရှည်
ကြည့်ရှုအားပေးတဲ့ ပရိတ်သတ်ကတော့ အခိုင်အမာရှိတုန်းပါပဲ ။ ခုနောက်ပိုင်းမှာတော့ ဖိလစ်ပိုင် ဇာတ်ကားတွေကိုလည်း သဘောကျစွာကြည့်လာနေကြပါပြီ ။
ယခင်က ရုပ်သံလိုင်းတွေမှာ ပြသတဲ့ ဇာတ်လမ်းတွဲတွေကိုသာစောင့်မျှော်ကြည့်ရှုခဲ့ရပေမယ့် ခုနောက်ပိုင်း အင်တာနက်မြန်ဆန်လာတဲ့အချိန်မှာ ကိုယ်ကြည့်ချင်တဲ့ဇာတ်ကားတွေကို Online ပေါ်မှာ အလွယ်တကူရှာဖွေကြည့်ရှုနိုင်နေပါပြီ ။
နိုင်ငံခြားမှာ လက်ရှိလွှင့်နေတဲ့ ဇာတ်လမ်းတွဲကို မြန်မာနိုင်ငံက တိုက်ရိုက်ကြည့်ရှုနိုင်တဲ့အထိ နည်းပညာတွေကတိုးတက်လာတဲ့အတွက်
ဇာတ်ကားတွေကို အချိန်နဲ့တပြေးညီကြည့်ပြီး သတင်းတွေကိုအချိန်နဲ့ တပြေးညီ ဖတ်ရှုနေနိုင်တာမို့ ကြည့်ရတာ ပိုလို့အရသာရှိလာပါတယ် ။
ဒါကြောင့်မို့ Admin လို ရုပ်ရှင်ဝါသနာအိုးတွေအတွက် မကြည့်လိုက်ရ မရှိရအောင် 2017 ရဲ့ အကောင်းဆုံး အာရှ ဇာတ်လမ်းတွဲတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။
1. Kluen Cheewit ( The waves of life )
Jee လို့ ခေါ်တဲ့ နာမည်ကျော်မင်းသမီးတစ်ယောက်မှာ အလွန်ချမ်းသာတဲ့ပထွေးနဲ့ သူမအပေါ်မနွေးထွေးလှတဲ့ မိခင်ရှိပါတယ် ။ မေတ္တာငတ်ခဲ့တဲ့ Jee ဟာ အဖွားဖြစ်သူကိုပဲ
ခင်တွယ်နေရှာတာပါ ။ တစ်နေ့မှာတော့ သူမကို သဘောကျပြီးမကောင်းကြံစည်ချင်နေတဲ့ ပထွေးရဲ့လက်ချက်နဲ့ မူးယစ်ဆေးဝါးတွေ သောက်မိခဲ့ပေမယ့် ရအောင်ရုန်းပြီး ကားမောင်းပြန်ခဲ့ပါတယ် ။
အပြန်လမ်းမှာ မိန်းကလေးတစ်ယောက်ကို ကားနဲ့တိုက်မိလို့ပွဲချင်းပြီး သေဆုံးသွားခဲ့တဲ့အခါ ထိုမိန်းကလေးရဲ့ ချစ်သူ ရှေ့ နေလေး Sathit က ထိုကိစ္စအတွက် မင်းသမီးကို အငြိုးဖွဲ့ပြီးနည်းမျိုးစုံသုံး လိုက်နှောက်ယှက်ပါတော့တယ် ။
ချစ်သူဆုံးပါးသွားလို့ နာကျည်းမုန်းတီးနေတာမို့ ပြင်းပြင်းထန်ထန်တွေ အနှောက်အယှက်ပေးခဲ့ပေမယ့် နဂိုစိတ်ရင်းကောင်းတဲ့ ရှေ့ နေလေးက
မင်းသမီးကို တကယ်တမ်းဒုက္ခရောက်အောင်တော့ မလုပ်နိုင်ခဲ့ပါဘူး ။
မင်းသမီးကလည်း သူမကြောင့်ဆုံးပါးသွားတဲ့ မိန်းကလေးအတွက် သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားရတာမို့ ဖွင့်ဟ၀န်မခံပေမယ့်
သူ့ချစ်သူရှေ့ နေလေး နှိပ်စက်သမျှကို ခံရင်း ရှေ့ နေလေးကို ဘေးရန်တွေကနေလဲ သူမကိုယ်သူမအနစ်နာခံပြီး အကြိမ်ကြိမ် ကယ်ပေးခဲ့ပါတယ် ။ မင်းသမီးလေးရဲ့ နှလုံးသားအမှန်ကို မြင်လာတဲ့ ရှေ့ နေလေးရဲ့ အမုန်းတွေကြား ချစ်ခြင်းမေတ္တာတွေရောယှက်ဝင်လာတဲ့ အခါမှာတော့ ...
အခြေအနေတွေ အမျိုးမျိုးကြောင့် Jee ကိုချစ်မိဖို့ကို လက်မခံနိုင်တဲ့ရှေ့ နေလေးက ချစ်နေရက်နဲ့ ဘယ်လိုတွေ နှိပ်စက်ပြမလဲ ။
အမုန်းနဲ့ အချစ်ကြားလွန်ဆွဲပြမယ့် ထိုင်းအချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ် ။ မြန်မာပရိတ်သတ်တို့ ရဲ့ အချစ်တော် နှစ်ယောက်ဖြစ်တဲ့ Prin Suparat နဲ့ Urassaya Sperbund တို့ကခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပါတယ် ။
2. Three Lives Three Worlds, Ten Miles of Peach Blossoms ( Eternal Love )
နတ်ဘုရားမိုယွမ်ဆိုတာ အကြီးကျယ်အမြင့်မြတ်ဆုံးသော စစ်နတ်ဘုရားတစ်ပါးပဲဖြစ်ပါတယ်
မိုယွမ်ရဲ့ အငယ်ဆုံးတပည့်လေးကတော့ စစ်ရင်ပါ ။ တပည့်တွေအားလုံးထဲက တစ်ဦးထဲသောမိန်းကလေးလဲဖြစ်ပါတယ် ။ စစ်ရင် ပညာဆည်းပူးနေစဉ်အတွင်းမှာ မိုယွမ်က ဂရုစိုက် စောင့်ရှောက်သလို
ဆရာတူအကိုတွေကလည်း အလိုလိုက်ပြီး ၀ိုင်းချစ်ကြပါတယ် ။ ဒီလိုသာယာနေတဲ့ဘ၀လေးဟာ သရဲတိုင်းပြည်က သရဲဘုရင်ရဲ့ ပုန်ကန်ထကြွမှုကြောင့် ပျက်ယွင်းသွားခဲ့ပြီး
သရဲဘုရင်ကို ပိတ်လှောင်ထားဖို့အတွက် မိုယွမ်ရဲ့ ၀ိညာဉ်ကို စွန့်လွှတ်လိုက်ရတဲ့နောက်မှာ စစ်ရင်ဟာလည်း သရဲဘုရင်ကြောင့် မှတ်ဥာဏ်တွေဖျက်ဆီးခံရပြီး လူ့လောကကိုရောက်ရှိသွားကာ
လူဖြစ်သွားခဲ့ပါတယ် ။ သိကြားမင်းရဲ့ သားတော် အိမ်ရှေ့ မင်းသား ရဲ့ဟွာဟာလည်း မကောင်းဆိုးဝါးနဲ့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ခဲ့ပြီး
အသွင်ယူထားတဲ့ နဂါးပေါက်လေးအသွင်ကနေ နတ်အသွင်ကို ပြန်မပြောင်းနိုင်သေးတဲ့ကာလမှာ အထီးကျန်နေတဲ့ စစ်ရင်က ဒဏ်ရာရနေတဲ့မြွေလေးအမှတ်နဲ့ အိမ်ကိုခေါ်ဆောင်သွားပြီး ပြုစုစောင့်ရှောက်
ပေးခဲ့ပါတယ် ။ စစ်ရင်ကိုချစ်မိသွားတဲ့ နတ်ဘုရားလေး ရဲ့ဟွာက လူအသွင်နဲ့ ပြန်ရောက်လာပြီး ကျေးဇူးဆပ်ရင်း စစ်ရင်နဲ့လက်ထပ်ကာ နာမည်မသိတဲ့အတွက် စုစုလို့ နာမည်ပေးခဲ့ပါတယ် ။
စုစုကို ကောင်းကင်ဘုံအကြောင်းတွေ လုံးဝမပြောခဲ့ဘဲ လူ့ပြည်မှာပဲ စိတ်ချမ်းသာစွာနဲ့ နေထိုင်ခဲ့ကြပေမယ့် တရက်မှာတော့ ကောင်းကင်ဘုံက သိရှိသွားခဲ့ပြီး ရဲ့ဟွာကိုယ်ဝန် လွယ်ထားရတဲ့ စုစုတစ်ယောက် ကောင်းကင်ဘုံကို
ရောက်သွားပါတော့တယ် ။ လူဖြစ်နေတဲ့ စုစုကို မနာလိုတဲ့ မိဖုရား ဆုကျင်းရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ စုစုတစ်ယောက် ... သူမရဲ့ ဘ၀မှန် ကို ဘယ်လိုသိရှိပြီး အဆင်မြင့်နတ်ဘုရားမတစ်ပါးအဖြစ်
ဘယ်လိုပြောင်းလဲသွားမလဲ ... ပိုင်ချန်ကို ချစ်လွန်းတဲ့ ရဲ့ဟွာရဲ့ အချစ်တွေ ... ဘ၀တွေပြောင်းသွားပေမယ့် ဖူးစာကမပြောင်းလဲတဲ့အခါ ... အထူးပြုလုပ်ချက်တွေဟာ အရမ်းလှပပြီး နတ်ဘုရားတို့ရဲ့ ခမ်းနားမှုကို
ခံစားရမယ့်အပြင် ကောင်းမွန်လွန်းတဲ့ ဇာတ်လမ်းကြောင့် ကြည့်မိသူတော်တော်များများစွဲလန်းသွားကြရတဲ့ ဇာတ်လမ်းတွဲကြီးပါ ။ မကြည့်ရသေးတဲ့သူတွေရှိရင် ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်နော် ။
3. On the wing of love
ဆင်းရဲတဲ့ မိသားစုက သမီးလေး Leah Olivar ဟာ အမေရိကကို ရောက်လာတဲ့အခါ အရာရာစနစ်တကျစီစဉ်ထားခဲ့ပေမယ့် လွှဲချော်မှုတွေကြောင့် အမေရိကမှာ ဆက်နေခွင့်ရဖို့အတွက် ဟန်ဆောင်လက်ထပ်မှုတစ်ခုကိုလက်ခံဖို့ ဖြစ်လာခဲ့ပါတယ် ။
Clark ကတော့ San Francisco မှာ ၁၁ နှစ်လောက်နေလာခဲ့ပြီးတဲ့ ဖိလစ်ပိုင်သားလေးတစ်ယောက်ပါ ။ သူ့ရဲ့ ဘ၀ကလည်း အလွန်ကြမ်းတမ်းပါတယ် ။ ဖိလစ်ပိုင်မှာနေတဲ့ မိခင်ဖြစ်သူက ဖခင် အမေရိကန်နိုင်ငံသားနဲ့ မိတ်ဆက်ပေးဖို့ ဒီကိုခေါ်လာခဲ့တာပါ ။
တကယ်တမ်းတွေ့ကြတဲ့အခါမှာတော့ ဖခင်က အသိအမှတ်မပြုခဲ့တဲ့အပြင် မိခင်ပါ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ ဒီနိုင်ငံမှာပဲဆက်နေခဲ့ပြီး အလုပ်တွေလုပ်ကာ ဖိလစ်ပိုင်က မောင်နှမ၀မ်းကွဲတွေကို ပြန်လည်ထောက်ပံ့ပေးနေခဲ့သူဖြစ်ပါတယ် ။
ပိုက်ဆံအမြဲလိုနေတဲ့ Clark နဲ့ ဟန်ဆောင်လက်ထပ်ဖို့လိုနေတဲ့ Leah တို့နှစ်ယောက်တွေ့ဆုံဖို့ ကြုံလာတဲ့အခါ ... ဟန်ဆောင်ရင်းနဲ့ အချင်းချင်းစာနာနားလည်နိုင်လာကြပြီး တကယ်ချစ်မိသွားကြပါတယ် ။ ဟန်ဆောင်လက်ထပ်ရင်းနဲ့ တကယ်လက်ထပ်ဖြစ်တဲ့အထိ
့ဖြစ်လာပြီးတဲ့နောက်မှာ ... ပြင်ပက တကယ့်စုံတွဲ မင်းသမီး adine Lustre နဲ့ အဆိုတော်မင်းသား James Reid တို့စုံတွဲရဲ့ အချစ်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။
ံWeekend မှာမပျင်းရအောင် ကြည့်ဖို့ ဇာတ်လမ်းတွေကိုညွှန်းပေးလိုက်ပြီနော် ။ Happy Friday မှာပျော်ရွှင်ကြပါစေဗျိုး ... ။