အင်ဒိုနီးရှားဖန်တွေရဲ့ အသည်းနှလုံးကို လှုပ်ခါသွားတဲ့ Park Bo Gum

Movie & Music
07/09/2017
998 views
မင်းသား Park Bo Gum ကတော့ Anti Fan မရှိတဲ့မင်းသားတစ်လက်အဖြစ်နာမည်ကြီးသူပါ ။
Anti Fan မရှိဘဲ လူချစ်လူခင်ပေါရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အောင်မြင်မှုရနေတဲ့မင်းသားတစ်လက်ဖြစ်ပေမယ့် မာန်မာနမရှိ ဟိတ်ဟန်မရှိဘဲ
ရိုးရိုးရှင်းရှင်း နေထိုင်တတ်လို့ပါပဲ ။ ခုလည်း အင်ဒိုပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ရိုးရိုးရှင်းရှင်းလေးနဲ့ပဲ လှုပ်ခါလိုက်ပြန်ပါပြီ ။

   

Jakarta, Indonesia မှာကျင်းပတဲ့ Music Bank ဆုပေးပွဲမှာ Red Velvet အဖွဲ့က Irene နဲ့တွဲဖက်ပြီး အစီအစဉ်တင်ဆက်သူအဖြစ်
ဆောင်ရွက်ဖို့ အင်ဒိုနီးရှားကို Park Bo Gum ရောက်ရှိလာတဲ့အခါ ပရိတ်သတ်တွေက စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းပြီး လက်ဆောင်ပစ္စည်းလေးတွေပေးကာ သူတို့ရဲ့ နွေးထွေးတဲ့ ကြိုဆိုခြင်း နဲ့ Park Bo Gum ကိုချစ်ခင်အားပေးပုံကို ပြသခဲ့ပါတယ် ။ နောက်နေ့ မနက်စာစားဖို့ ဟိုတယ်ရဲ့ စားသောက်ခန်းထဲကိုဆင်းလာတဲ့ Park Bo Gum ကတော့ ပရိတ်သတ် လက်ဆောင်ပေးထားတဲ့ 'Damn! I Love Indonesia' လို့ရေးထားတဲ့ ဦးထုပ်လေးကိုစွပ်လို့ပါ ။ ပေးတဲ့ ပရိတ်သတ်ကတော့ အရမ်းပျော်မှာပါပဲ ။

   

အခြားပရိတ်သတ်တွေကလည်း " ပရိတ်သတ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးထားဝတ်လို့ကျေးဇူးပါ " " ဒီလက်ဆောင်လေးက Bo Gum အတွက်ဈေးပေါတဲ့အရာလေးဖြစ်ပေမယ့်လည်း သေသေချာချာကို ဆောင်းထားတယ် ။ " " ကိုယ်သာ သူ့ကိုအဲဒီဦးထုပ်လက်ဆောင်ပေးတဲ့သူ ဖြစ်ကြည့်ပါလား ... ရူးတောင်သွားဦးမယ် "
စသဖြင့် အွန်လိုင်းမှာ မှတ်ချက်အမျိုးမျိုးနဲ့ ပျံနှံကာ ပရိတ်သတ်ကိုအလေးထားတဲ့ Park Bo Gum အပေါ်အချစ်တွေတိုးနေကြတာပဲဖြစ်ပါတယ် ။ 

 

 

အသဲကျော်
Source : kstarlive    
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views