မင်းသားတွေ အများကြီးကြားက Nam Joohyuk ကိုရွေးလိုက်တဲ့ Dara

Movie & Music
06/09/2017
2.2k views
Hyoni TV ကနေစီစဉ်တဲ့ this and that ဆိုတဲ့ Game အစီအစဉ်မှာပါဝင်ခဲ့တဲ့ Dara ကို အစီအစဉ်တင်ဆက်သူက Kim Woobin, Lee Soohyuk, Song Joongki, Hong Jonghyun, Ryu Junyeol, Park Bogum, အစရှိတဲ့ မင်းသားတွေရဲ့ နာမည်တွေကိုပေးပြီးတော့  သူမ သဘောကျတဲ့ ယောကျာင်္းလေးပုံကိုရွေးချယ်စေခဲ့ပါတယ် ။ 
အစကတော့ Dara လွယ်လွယ်ပဲရွေးချယ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခက်ခက်ခဲခဲစဉ်းစားပြီး ရွေးချယ်ခဲ့ရပါတယ် ။ Dara ဟာ အကြိမ်ကြိမ်
သေချာစဉ်းစားပြီးမှ သဘောအကျဆုံးပုံစံကို Nam Joohyuk ရဲ့ပုံစံပါလို့ ရွေးချယ်ပေးခဲ့ပါတယ် ။

   

ထို့နောက်မှာတော့ Dara က 
" ဘယ်သူနဲမှသေချာမသိလို့ ပုဂ္ဂိုလ်ရေးအရခင်မင်မှုကိုကြည့်ပြီး ရွေးချယ်ခဲ့တာမဟုတ်ပါဘူး " လို့ဖြေရှင်းချက်လည်းပေးခဲ့ပါသေးတယ် ။ 
" ကျွန်မက hiphoppers လိုပုံစံမျိုးတွေကို ကြိုက်တာမို့ YG KPLUS မှာအလုပ်လုပ်နေတဲ့ Nam Joohyuk ကိုရွေးချယ်ခဲ့တာပါ ။ " လို့ပြောတဲ့အချိန်မှာတော့ အစီအစဉ်မှာအတူပါဝင်နေတဲ့ Hyoni က " Dara က Nam Joohyuk ရဲ့ ကိုယ်စောင့်နတ်သမီးလိုမျိုးလား " လို့တောင်ပြန်လည်စနောက်ခြင်းခံခဲ့ရပါတယ် ။

   

Nam Joohyuk ဟာ လူငယ်မင်းသားတွေထဲ ပရိတ်သတ်အင်အားတောင့်တင်းသူဖြစ်ပြီးနောက်ဆုံးရိုက်ကူးခဲ့တဲ့ The Bride of Water God ဇာတ်ကားမှာလည်း ရေနတ်ဘုရားအဖြစ် အလန်းစားသရုပ်ဆောင်ခဲ့တာကိုလည်းတွေ့ရှိရမှာပဲဖြစ်ပါတယ် ။ 

 

     

အသဲကျော် 
Source : kstarlive
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views