ထိုင်းမင်းသမီးချောလေး Margie ရဲ့ အကြောင်း

Movie & Music
24/08/2017
3.4k views
Margie လို့ပရိတ်သတ်တွေ သိကြတဲ့ ထိုင်းမင်းသမီးလေးကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ် ။

   

သူမရဲ့ အကြောင်းလေးတွေကိုကြည့်ကြည့်ကြရအောင်နော် ... သူမရဲ့ နာမည်အရင်းကတော့  Rasri Balenciaga (ราศรี บาเลนซิเอก้า) လို့ခေါ်ပါတယ်။
အနုပညာအမည်ကတော့ Margie (มาร์กี้) ပါ ။ 1990 August 22 မှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၂၂ ရက်နေ့ကပဲ သူမ ၂၇ နှစ်ပြည့်ပြီးသွားပါပြီ ။ 

   

ထိုင်းနဲ့ စပိန်သွေးနှောတဲ့ သူမဟာ ထိုင်းနိုင်ငံမှာပဲမွေးဖွားခဲ့တာပါ ။ Marina Sadanun Balenciaga လို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်း ရှိပါတယ် ။
သူမရဲ့ ညီမလေးကလည်း မင်းသမီးတစ်ယောက်ပါပဲ ။
 
Image result for Marina Sadanun Balenciaga

သူမရဲ့ အရပ်အမြင့်ကတော့ 165cm ရှိပါတယ် ။

   

အချစ်ရေးကတော့ မင်းသားတစ်ဦးဖြစ်တဲ့ Pok Patsonkorn နဲ့စေ့စပ်ထားတာဖြစ်ပြီး မကြာခင်မှာပဲလက်ထပ်ကြတော့မှာပါ ။

 
  
အခင်ဆုံး သူငယ်ချင်းတွေကတော့ Boy Pakorn Chatborirak, Urassaya Sperbund, Kimberly Ann Voltemas နဲ့ Taew Natapohn Tameeruks တို့ပဲဖြစ်ပါတယ် ။ Margie ဟာ 4 Hearts of the Mountains ဆိုတဲ့ ဇာတ်ကားမှာ Kati ဆိုတဲ့ကောင်မလေးနေရာက ၀င်သရုပ်ဆောင်ရင်း လူသိများလာပါတယ် ။ Mario Maurer နဲ့ Ruk Kerd Talai Sode ဆိုတဲ့ဇာတ်ကားကို တွဲဖက်ရိုက်ကူးခဲ့ပါတယ် ။ Mike နဲ့လည်း Raak Boon ဆိုတဲ့ဇာတ်ကားမှာ ဇာတ်ရုပ်ဆန်းဆန်းလေးနဲ့ ပရိတ်သတ်ကိုဖမ်းစားခဲ့ပါသေးတယ် ။ 

   

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကတော့ ... 
Kularb Tud petch (2006)
Chao Noo Taekwondo (2006)
Khun Yay Sai Diew  (Ch.3 2007)
Hub Khao Gin Khon  (2007)
Badaan Jai  (Ch.3 2008)
Luk Maai Blien See  (Ch.3 2009)
Wan Jai Gub Nai Jom Ying  (Ch.3 2010)
4 Huajai Haeng Koon Kao  (Ch.3 2010)
Ngao Pray  (Ch.3 2011)
Roy Marn 2011 (Ch.3 2011)
Ruk Kerd Nai Talad Sode  (Ch.3 2012)
Raak Boon (Ch.3 2012)
Mon Jun Tra 2013  (Ch.3 2013)
Nang Rai Sai Lab (Ch.3 2013)
Nai Suan Kwan  Ch.3 2014)
Raak Boon 2 (Ch.3 2014)
Phu Khong Yod Rak  (Ch.3 2015)
Tai Ngao Jan (Ch.3 2015)
Bussaba Rae Fun (Ch.3 2016) တို့ဖြစ်ပါတယ် ။ 
လက်ထပ်ပွဲကိုစီစဉ်နေတာနဲ့ပါတ်သတ်လို့ လက်ထပ်မယ့် ၀တ်စုံရဲ့ တန်ဖိုးကြီးမြင့်မှုအပေါ် ဝေဖန်မှုအချို့ တောင်ခံခဲ့ရတဲ့ margie ဟာ ဘီလျံနာချစ်သူတွေပိုင်ဆိုင်ထားကြတဲ့ ထိုင်းအနုပညာရှင်များစာရင်း Top 5 မှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ် ။ 

   

Source : thainarak.net
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views