သင်မသိသေးတဲ့ Sandara Park ရဲ့ Personal အကြောင်းများ

Movie & Music
07/08/2017
4.8k views
Disband လုပ်လိုက်ပြီးဖြစ်တဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Sandara Park ဟာ ကမ္ဘာကျော် Idol တစ်ယောက်ပါ ။
ရှိရင်းစွဲအသက်ထက် ပိုမိုငယ်ရွယ်နုပျိုနေတဲ့သူမဟာ ပလက်စတစ်ဆာဂျရီလုပ်စရာမလိုဘဲ နဂိုချောမောသူလည်းဖြစ်ပါတယ် ။
အနုပညာလုပ်ခဲ့တဲ့သက်တမ်းလည်း ကြာရှည်နေပြီဖြစ်သလို ကမ္ဘာအနှံအပြားမှာလည်း သူမရဲ့ ပရိတ်သတ်တွေရှိနေပါတယ် ။
နာမည်ကျော်ကြားတဲ့ သူမရဲ့ အနုပညာအကြောင်းကတော့ Fan တွေအားလုံးလိုလိုသိပြီးသားဖြစ်မှာပါ ... လူသိနည်းသေးတဲ့ သူမရဲ့ Personal အကြောင်းအရာအချို့ကို ကြည့်ကြရအောင်နော် ...

1. သူမဟာ 2NE1 ကိုမ၀င်ခင်ထဲက Cele တစ်ယောက်ပါ ။

   

2NE1 အဖွဲ့လေးဖြစ်မလာခင်ထဲက Dara ဟာ ဖိလစ်ပိုင်က ရုပ်ရှင်တွေ ၊ ဇာတ်လမ်းတွဲတွေ ၊ ကြော်ငြာတွေ ရိုက်ကူးနေတဲ့ နာမည်ရှိပြီးသား Celebrity တစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ ဖိလစ်ပိုင်မှာ ချစ်သူတောင်ရှိခဲ့ပြီး Joseph Bitangcol  လို့ခေါ်တဲ့ ဖိလစ်ပိုင်သား အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ 2009 လောက်ထိ သူတို့နှစ်ယောက်တွဲနေခဲ့ပြီး နောက်ပိုင်းမှာ လမ်းခွဲသွားကြတာပါ ။ 

   

2. သူမရဲ့မောင်လေးဟာလဲ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။

   

Dara ချောသလို သူ့မောင်လေးကလည်း အလန်းစားလေးပါပဲ ။  ကိုရီးယားမှာ Thunder လို့လူသိများသူ နာမည်အရင်း Park Sang Hyun လို့ခေါ်တဲ့သူမမောင်လေးက MBLAQ ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ် ။ Thunder ရဲ့ Solo Music Video မှာတောင် Dara က featuring ၀င်ဆိုပေးခဲ့ပါသေးတယ် ။ 

3. သူမရဲ့ မွေးရပ်မြေက ဘူဆန်ပါ ။ 

    

သူမဟာ ဘူဆန်လေယူလေသိမ်းအတိုင်းလဲပြောဆိုတတ်ပါတယ် ။ ၈ နှစ်အရွယ်မှာ မိသားစုနဲ့အတူ ဖိလစ်ပိုင်ကို ပြောင်းသွားခဲ့ပြီး August 1, 2007 မှ မိသားစုနဲ့အတူပဲ ကိုရီးယားကိုပြန်လည်ရောက်ရှိလာခဲ့တာပါ ။ 

4. အမြဲစာတွေပဲပို့လေ့ရှိတယ် ။ 



ဖုန်းပြောရတာ ရှက်ကိုးရှက်ကန်းဖြစ်သလို ခံစားရလို့ တစ်ခုခုပြောစရာရှိတိုင်း ဖုန်းခေါ်မယ့်အစား message ပဲပို့တတ်သူပါတဲ့ ။

5. T.O.P နဲ့ နမ်းခဲ့တာတစ်ကယ်မဟုတ်ပါဘူး 

   

T.O.P ရဲ့ MV I’m Sorry ထဲမှာပါခဲ့တဲ့ Dara နဲ့ အနမ်းပေးခဲ့တဲ့ ဇာတ်ကွက်ဟာ တကယ်မနမ်းခဲ့ပါဘူး ။ ကင်မရာလှည့်စားချက်ပြုလုပ်ထားတာလို့ဆိုပါတယ် ။

6. ခွေးကြောက်တတ်ပါတယ် ။

   

သူမဟာ ခွေးတွေ အကောင်ကြီးတဲ့သတ္တ၀ါတွေဆိုအရမ်းကြောက်ပါတယ် ။ G-Dragon ရဲ့ခွေး Gaho တောင်မချန်ပါဘူး ။ Dara က Gaho ကိုလည်းကြောက်ပါတယ် ။

7. ဒေါသထွက်လွယ်တယ် 

   

တစ်ယောက်ယောက်ကများ သူမ မက်ဆေ့တွေကိုမပြန်ဘူးဆိုရင်တော့ သူကို သူမ Contact list ထဲက ချက်ချင်းဖျက်လိုက်တော့တာပဲတဲ့ 2NE1 အဖွဲ့ဝင်အချို့ တောင် အဖျက်ခံရဖူးတယ်လို့ ဆိုပါတယ် ။

8. သူမသဘောကျတဲ့ယောကျာင်္းပုံစံ

   

သူမသဘောကျတဲ့ယောကျာင်္းပုံစံကတော့ မင်းသား Won Bin လိုပုံမျိုးပါတဲ့ ။ အခြားဆိုရင် သူမအကြိုက်ချင်းဆင်တူတဲ့ ယောကျာင်္းလေးတွေကိုလည်းသဘောကျပါတယ်လို့ ဆိုပါတယ် ။ ကြွက်သားအမြောင်းမြောင်းထနေတဲ့သူထက် ပိန်ပိန်သေးသေးလေးနဲ့ချစ်စရာကောင်းတဲ့သူတွေကိုပဲပိုကြိုက်ပါတယ်တဲ့ ။ 

9. အစအနောက်သန်သူပါ 

   

Dara ဟာသူငယ်ချင်းတွေဆီက ဖုန်းတွေဖွက်ထားတတ်တယ် ၊ ဖုန်း background image တွေကို သူမပုံတွေလိုက်ပြောင်းပြီး စလေ့ရှိပါတယ် ။ 

10. သူမရဲ့ အမည်အကြောင်း

   

သူမရဲ့ နာမည်က ကိုရီးယားဗိုလ်ချုပ်ကြီး Kim Yushin ကနာမည်ကနေဆင်းသက်လာတာပါတဲ့ ။ ငယ်စဉ်က San Sa Ra လို့ခေါ်ကြတယ်လို့ ဆိုပါတယ် ပရိတ်သတ်ကြီးရေ ... သဘောကျတယ် ဆို like and share လုပ်ဖို့မမေ့ပါနဲ့ဦးနော် ... အခြားအနုပညာသတင်းတွေကိုလည်း www.aavashare.com မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင် ... သာယာပျော်ရွှင်ချမ်းမြေ့ ကြပါစေ ... 

Source : koreaboo

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views