ချောမောတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးလာတဲ့ Song Jihyo ရဲ့ မောင်လေး

Movie & Music
29/07/2017
1.1k views
Running Man အစီအစဉ်ရဲ့ တစ်ဦးတည်းသောမိန်းကလေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ Song Jihyo ဟာ ချောမောတဲ့မင်းသမီးတစ်ဦးအဖြစ်လည်း နာမည်ကြီးသလို သူ့ရဲ့ မောင်အရင်းဖြစ်တဲ့ Chun Sungmoon ဟာလည်း ခန့်ငြားတဲ့ရုပ်ရည်ကြောင့် ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုကိုခံလာရပါပြီ ။ 
Running Man အစီအစဉ်မှာ ဧည့်သည်အဖြစ်ပါဝင်ပေးခဲ့တဲ့ Chun Sungmoon ကို ပရိတ်သတ်တွေ သတိထားမိတာဖြစ်ပါတယ် ။
အမှန်တကယ်တော့ ဒီအပိုင်းဟာ သူပထမဆုံးပါဝင်ဖူးတဲ့ အပိုင်းမဟုတ်ပါဘူး ။ အပိုင်း 342 မှာ သူ့အမ Song Jihyo ရဲ့ mission အတွက် ကင်မရာရှေ့ ကို စားပွဲတစ်ခု မယူလာပေးခဲ့ဖူးပါတယ် ။ သို့ပေမယ့် ထိုအချိန်ကသူက Mask တပ်ထားခဲ့တဲ့အတွက် ပရိတ်သတ်တွေ သူ့မျက်နှာကိုမမြင်လိုက်ရပါဘူး ။ ခုတစ်ခေါက်မှာတော့ သူဟာ သူ့ရဲ့ ချောမောတဲ့ရုပ်ရည်ကိုထုတ်ပြလိုက်ပါတယ် ။ အဲဒီအပိုင်းကိုလွှင့်ပြီးတဲ့နောက်မှာ ပရိတ်သတ်တွေကြား Chun Sungmoon က ရေပန်းစားလာခဲ့သလို လူတွေက သူ့အကြောင်းကို ပိုမိုသိချင်နေကြတာပဲဖြစ်ပါတယ် ။ Chun Sungmoon က လက်ရှိမှာတော့ အမ ဖြစ်သူရဲ့ အေဂျင်စီ MY Company မှာပဲ actor-trainee အဖြစ် စာချုပ်ချုပ်ဆိုထားတာပါ ။ Training ကာလပြီးဆုံးရင်တော့ သူ့ကိုလည်း မင်းသားတစ်ယောက်အဖြစ် ပရိတ်သတ်ရှေ့ မှောက်မြင်ရဖို့ ရှိပါတယ် ။ ခုလက်ရှိမှာတော့ Chun Sungmoon က Running Man ရဲ့ အဟော့ဆုံး ဧည့်သည်လေးဖြစ်နေတော့တာပါ ။ 
တကယ်ပဲချောလားမချောလား ပရိတ်သတ်တို့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့နော် ...

Source : kstarlive




Image result for song ji hyo and Chun Sungmoon

Related image
 
Image result for song ji hyo and Chun Sungmoon
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views