သူ့ Fan တွေအတွက် လုံခြုံရေးနဲ့ အမြဲအတိုက်အခံလုပ်တဲ့ KAI

Movie & Music
29/07/2017
5.6k views
အက အတော်ဆုံး EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ KAI ကတော့ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေဘက်က အမြဲရပ်တည်ပေးသူအဖြစ်နာမည်ကြီးလှပါတယ် ။
စင်ပေါ်မှာဖျော်ဖြေနေရင်းနဲ့လည်း ပရိတ်သတ်တွေ ပစ်တင်ပေးတဲ့လက်ဆောင်တွေကို သေသေချာချာ ကောက်ယူတတ်သလို ပြင်ပမှာလည်း လုံခြုံရေးတွေက
တားမြစ်ထားပေမယ့် ပရိတ်သတ်တွေပေးတဲ့စာတွေကို ရအောင်ယူလေ့ရှိပါတယ် ။ 



လေဆိပ်လို လူများတဲ့နေရာမျိုးမှာ EXO အဖွဲ့သားတွေ အနေနဲ့ ဘေးအန္တရယ်ကင်းရှင်းဖို့ ပရိတ်သတ်တွေဆီက မည်သည့်လက်ဆောင်ကိုမှ ယူခွင့်မရှိပါဘူး ။ သို့သော်လည်း KAI ကတော့ လုံခြုံရေးတွေ အလစ်မှာ ရအောင်ယူလေ့ရှိသူပါ ။ လုံခြုံရေးတွေက တားမြစ်ဖို့ ကြိုးစားပေမယ့် သူကတော့ ယူမြဲယူဆဲပါပဲ ။ 
ယူသွားတဲ့ စာတွေကိုလည်း တကယ်ကိုဖတ်တဲ့ Idol ပါ ။ လက်အပြည့် ပရိတ်သတ်တွေပေးတဲ့စာတွေကိုကိုင်ပြီး ရတဲ့နေရာမှာ ရသလို ဖတ်နေတဲ့ ပုံတွေကို မကြာခဏ တွေ့ရှိရမှာပဲဖြစ်ပါတယ် ။





KAI ကတော့ ပရိတ်သတ်တွေအတွက် လုံခြုံရေးတွေနဲ့ပါ အတိုက်အခံလုပ်တဲ့သူပါ ။ အဲဒီလို ပရိတ်သတ်ကိုအလေးထားလို့လဲ သူ့ ပရိတ်သတ်တွေက သူ့ကိုသည်းသည်းလှုပ်ချစ်နေကြတာဖြစ်ပါတယ် ။ Aavashare ရဲ့ ပရိတ်သတ်တွေထဲမှာရော KAI ကိုအားပေးတဲ့သူတွေရှိရင်ပြောသွားနော် ! 

( အောက်ပါလင့်တွေမှာ KAI ရဲ့ Fan တွေ ပေးတဲ့စာတွေကိုဘယ်လိုရအောင်ယူသလဲဆိုတာ ကြည့်နိုင်ပါတယ်)

https://gfycat.com/AllPettyFoxterrier

https://gfycat.com/QuaintGlisteningBarracuda

Source : koreaboo
 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views