Happy Virus လေး ကိုChanyeol အကြောင်း

Movie & Music
29/07/2017
2.2k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။ လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။ EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။ သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။
 
Related image

အနုပညာအမည် : Chanyeol
အမည်ရင်း : Park Chan Yeol
မွေးနေ့ : November 27, 1992
ရာသီခွင် : Sagittarius
လူမျိုး : Korean
အရပ်အမြင့် : 185 cm (6’1″)
သွေးအမျိုးအစား: A
ဇာတိ : Seoul, South Korea
အဖွဲ့ခွဲ : EXO-K
ကျွမ်းကျင်မှု : Playing musical instruments (guitar, drum, bass, djembe), rap, acting
စွမ်းရည် :  Flame (Phoenix)
 
Related image

ဒီတစ်ခါတော့ ပရိတ်သတ်အချစ်တော် Chanyeol အလှည့်ပါ ။ Chanyeol လေးကတော့ ကိုရီးယားနိုင်ငံရဲ့ မြို့ တော် ဆိုးလ်မြို့ မှာမွေးဖွားခဲ့ပါတယ် ။
အမ ချောချောလေးတစ်ယောက်ရှိပြီးတော့ သူမကလည်း နာမည်ကျော်ကြားတဲ့သတင်းကြေညာသူတစ်ယောက်ပါ ။
 
Image result for Chanyeol family
 
Related image

မိဘနှစ်ပါးကလည်း စားသောက်ဆိုင်တွေဖွင့်လှစ်ထားပြီး သူတို့ရဲ့ ဆိုင်မှာ Chanyeol ရဲ့ အမှတ်တရပုံလေးတွေ ပြည့်နှက်နေပါတယ် ။
 
Image result for Chanyeol dad shop
Chanyeol's Dad Cafe

Related image
Chanyeol's mother's italian-restaurant
 
နိုင်ငံတကာက Chanyeol ပရိတ်သတ်တွေ ကိုရီးယားရောက်တဲ့အခါ ရောက်အောင်သွားကြတဲ့ ဆိုင်လေးတွေလည်းဖြစ်ပါတယ် ။ 
Chanyeol ဟာ အထက်တန်းကျောင်းမှာထဲက တီးဝိုင်းအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ဖူးပါတယ် ။ 
SM ကိုတော့ 2008 မှစတင်ဝင်ရောက်ခဲ့တာပါ ။ EXO ရဲ့နောက်ဆုံးအဖွဲ့ဝင်အဖြစ် February 23rd, 2012 မှမိတ်ဆက်ပေးခြင်းခံခဲ့ရပါတယ် ။ 
သူရဲ့ နာမည်ပြောင်တွေကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ " ‘Wealthy Teeth’, ‘Happy Virus’, ‘King of Derps’ တို့ပဲဖြစ်ပါတယ် ။
 
Image result for Chanyeol sexy

သူကသူ့ကိုယ်သူတော့ ‘Reversal Voice’ လို့ခေါ်လေ့ရှိပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ကလေးမျက်နှာလေးနဲ့ သူ့ရဲ့ ယောကျာင်္းပီသတဲ့အသံသြရှရှက ပြောင်းပြန်ဖြစ်နေလို့ပါတဲ့ ။ TVXQ အဖွဲ့ရဲ့ MV “HaHaHa Song” မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် Kai , Suho တို့နဲ့အတူပါဝင်ခဲ့ဖူးပါတယ် ။ 
Girls’ Generation ရဲ့ MV “Genie နဲ့ TaeTiSeo ရဲ့ Twinkle MV မှာလဲပါဝင်သရုပ်ဆောင်ပေးဖူးပါတယ် ။ 
ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေအတွက် အမှတ်အသားဖြစ်လာမယ့် EXO ရဲ့ Logo ကိုလည်း သူဆွဲပေးခဲ့တာပါ ။ 
 
Image result for exo logo

သူဟာပျော်တတ်ပြီး ဥာဏ်အလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ် ။ 
ပျင်းနေရင် သူနဲ့စကားလာပြောပါ ။ စိတ်ဝင်စားဖို့ကောင်းတာတွေ အများကြီးတွေ့လာပါလိမ့်မယ် လို့သူကဆိုဖူးပါတယ် ။
သူက ဘာပဲဖြစ်နေဖြစ်နေ စိတ်တိုခဲတဲ့သူတစ်ဦးပါ ။ သူ့ပစ္စည်းတစ်ခုခုမပျောက်ခင်အထိပေါ့ ။ အကယ်၍များပျောက်ခဲ့မယ်ဆိုရင်တော့ အဲဒါကို အသုံးလိုလို့ ရှာနေရတဲ့အချိန်မှာ ဒေါသတွေထွက်လာပါရော တဲ့ ။ နောက်ဆုံးပြန်တွေ့သွားပြီးဆို အရင်ကလို ပျော်ရွှင်နေတတ်တဲ့ အမြဲပြုံးဖြီးနေတတ်တဲ့ Chanyeol ပြန်ဖြစ်သွားပါတယ် ။
 
Image result for chanyeol

သူ့ရဲ့ အကျင့်လေးတစ်ခုကတော့ သီချင်းတွေနားထောင်ရင် လက်ချောင်းလေးတွေနဲ့ တီးလုံးအတိုင်းလိုက်ခေါက်နေတတ်တာပါ ။ ဂီတသမားပီသပါတယ် ။
 
Image result for chanyeol hand

သူအကြိုက်ဆုံးအဖွဲ့ကတော့ TVXQ ပါတဲ့ ။ အကြိုက်ဆုံး music အမျိုးအစားကတော့ Hip Hop နဲ့ Rap ဖြစ်ပါတယ် ။ သူအကြိုက်ဆုံး ဇာတ်ကားကတော့  ‘School of Rock’ ပါတဲ့ ။ Lucky no ကတော့ 21 ပါ ။ အကြိုက်ဆုံးအရောင်ကတော့ အနက်ဖြစ်ပါတယ် ။ 
အကြိုက်ဆုံးအစားအသောက်ကတော့ Galbi နဲ့ Tonkatsu ။ သီချင်းနားထောင်နေရတာနဲ့ တူရိယာတွေတီးနေရတာကိုသူသဘောအကျဆုံးပါ ။
သူဟာ တူရိယာတွေနဲ့ပါတ်သတ်ပြီး တော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တဲ့ပါရမီရှင်ပါ ။ သူ့မှာကိုယ်ပိုင် စတူဒီယိုအခန်းလေးတစ်ခန်းလဲရှိပြီး အဲဒီအခန်းထဲကနေ ပရိတ်သတ်တွေကို သီချင်းတွေ ဆိုပြလေ့ရှိပါတယ် ။
 
Image result for chanyeol in his studio

မိန်းကလေးတွေ အများဆုံးကြွေကြမယ့် အချက်ကတော့ သူက Romantic အရမ်းဆန်တတ်သူဖြစ်ပါတယ်တဲ့ ။ ပရဟိတ လုပ်ငန်းတွေကို လုပ်ရတာနှစ်သက်ပြီး သူ့အတွက်ကတော့ ဒီလိုလုပ်ရတာကို အလုပ်သက်သက်ကြီးလို့မသတ်မှတ်ပါဘူးတဲ့ ။
 
Related image

သူကိုပျော်ရွှင်စေတဲ့ အရာကိုလုပ်နေရသလို ခံစားရပါတယ် လို့ ဆိုပါတယ် ။ EXO အဖွဲ့ဝင်တွေထဲမှာ အငိုခဲ့ဆုံး သူလို့လဲ ၀န်ခံခဲ့ပါတယ် ။
သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း Baekhyun ကတော့ Chanyeol ရဲ့ အသက်ရှုသံက အရမ်းပြင်းတယ်တဲ့ ။ တစ်ခါတစ်ရံ သူအိပ်ပျော်နေစဉ်မှာ ကျယ်ကျယ်လောင်လောင် အသက်ရှုသံကြီးထွက်ထွက်လာတတ်တယ်လို့ အခန်းဖော် Baekhyun ကဆိုပါတယ် ။
 
Related image

နောက်ပိုင်းမှာတော့ Chanyeol ဟာ DO. နဲ့ Kai တို့နဲ့ အခန်းဖော်ဖြစ်သွားပါတယ် ။
 
Image result for chanyeol DO. Kai

သီချင်းတွေရေးရတာကိုအလွန်နှစ်သက်ပြီး တစ်ချိန်ချိန်ကျရင် EXO Album တစ်ခုလုံးအတွက်ကို သူသီချင်းတွေရေးပေး တီးပေးဖို့ ဆန္ဒရှိပါတယ်တဲ့ ။ EXO ရဲ့ နာမည်ကျော်ကြားတဲ့ “Heaven” သီချင်းဟာ Chanyeol ရေးခဲ့တာပါ ။
 
Image result for chanyeol 2017

သူအကြိုက်ဆုံးအဆိုတော်တွေက Jason Mraz နဲ့ Eminem ဖြစ်ပါတယ် ။ 2NE1 က Dara ရဲ့ Fan စစ်စစ်ပါ ။
 
Image result for chanyeol and dara

သူဟာ ဟင်းချက်ကောင်းတဲ့ တစ်စုံတစ်ယောက်နဲ့ ချစ်သူတွေဖြစ်ချင်တယ်လို့ စိတ်ကူးမိဖူးတယ်လို့ဆိုပါတယ် ။ သူချစ်တဲ့သူနဲ့ အတူတူ ချက်ပြုတ်ချင်တာဟာ သူ့ရဲ့ အိပ်မက်တစ်ခုပါတဲ့ ။  Chanyeol ဟာ တိရစ္ဆာန်လေးတွေကိုလည်း အလွန်ချစ်တတ်သူတစ်ယောက် ဖြစ်ပါတယ် ။ “Salut D’Amour” (2015) နဲ့ “So I Married An Anti-Fan” (2016) ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ် ။
 
Related image

Image result for So I Married An Anti-Fan

ဇာတ်လမ်းတွဲတွေအနေနဲ့ “Things We Do That We Know We Will Regret” (KBS2, 2008), “To The Beautiful You” (SBS, 2012 – ဧည့်သည်သရုပ်ဆောင်), “Welcome to Royal Villa” (jTBC, 2013 – ဧည့်သည်သရုပ်ဆောင်), “EXO Next Door” (LINE/Naver TV Cast, 2015), နဲ့ “Missing 9” (MBC, 2017) တို့မှာ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကိုတွေ့မြင်ရမှာပါ ။
 
Image result for EXO Next Door
 
Image result for missing 9

Chanyeol သဘောကျတဲ့ ကောင်မလေးပုံစံကတော့ ချစ်ဖို့ကောင်းပြီး သူ့အပေါ်တကယ်ချစ်ရမယ် အမြဲပြုံးနေတတ်တဲ့ ကောင်မလေးမျိုးလို့ဆိုပါတယ် ... ဒီလိုကောင်မလေးမျိုးတွေ မြန်မာနိုင်ငံမှာအများကြီးပါနော် ... ဖော်ရွေတတ်လို့ အမြဲပြုံးနေတာ ... ကဲပရိတ်သတ်တို့ရေ ... Chanyeol လေးအကြောင်း သိလိုက်ရလို့ ပျော်ရွှင်နိုင်ကြပါစေ ... နောက်ထပ်အဖွဲ့သားတွေအကြောင်း ဆက်လက်စောင့်မျှော်ဖတ်ရှုပေးပါဦးနော် ... အားပေးကြလို့ ကျေးဇူးအထူးတင်ပါတယ် ။ 

   

Source : Kprofile
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views