High-notes King Chen ဆိုတာ ...

Movie & Music
29/07/2017
1.4k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။ လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။ EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။ သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။
 
Image result for Chen

အနုပညာအမည် : Chen
အမည်ရင်း : Kim Jong Dae
မွေးနေ့ : September 21, 1992
ရာသီခွင် : Virgo
လူမျိုး : Korean
အရပ်အမြင့် : 173 cm (5’8″)
Blood Type: B
သွေးအမျိုးအစား: O
ဇာတိ : Siheung, Gyeonggi province
အဖွဲ့ခွဲ : EXO-M, EXO-CBX
ကျွမ်းကျင်မှု : Singing, piano
စွမ်းရည် :  Lightning (Scorpion)
 
Image result for Chen

Chen ရဲ့ မိသားစုမှာတော့ အဖေအမေနဲ့ အကိုတစ်ယောက်ရှိပါတယ် ။
သူဟာ ကြင်နာတတ်တယ် ။ နူးညံ့တယ် ။ ဆင်ခြင်တွေးတောနိုင်စွမ်းရှိတယ် ။ ဟာသဥာဏ်ရွှင်တယ် ။ တက်ကြွတယ် ။ ပျော်ပျော်နေတတ်တယ် ။ ယဉ်ကျေးတယ်လို့ နာမည်ကြီးသူဖြစ်ပါတယ် ။ 
သူရယ်တိုင်းမှာ လျှာထုတ်တတ်တဲ့ အကျင့်လေးရှိပါတယ် ။
 
Image result for Chen laugh

သီချင်းဆိုတဲ့နေရာမှာ high-notes တွေထိကိုအကောင်းဆုံးဆိုနိုင်တဲ့သူပါ ။ 
အသံပါဝါအပြည့်ရှိပါတယ် ။ SM Entertainment ကို 2011 ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။ သူ့ရဲ့ ဖခင်ကတော့ အဆိုတော်တစ်ယောက်ပါပဲ ။တကယ်လို့သာသူအဆိုတော်တစ်ယောက်မဖြစ်ခဲ့ဘူးဆို vocal trainer တစ်ယောက်ဖြစ်နေမလားမသိဘူးတဲ့ ။ ပွဲဦးမထွက်ခင်က သူ့မိဘတွေကသူ့ကိုအဆိုတော်လုပ်ဖို့ သဘောမတူခဲ့ပါဘူး ။ SM Entertainment ရဲ့ ကမ်းလှမ်းမှုဟာ သူတို့သားလေးအတွက် အခွင့်အလမ်းတွေအများကြီးရှိလာနိုင်တာကို သူတို့လေ့လာပြီးသွားတဲ့နောက်မှာတော့ Chen ကို အပြည့်အ၀ထောက်ပံ့ပေးခဲ့ကြပါတယ် ။ 
 
Related image

Chen ဟာ ဟာသဥာဏ်ရွှင်ပြီး အဆော့သန်တဲ့ ကောင်လေးတစ်ယောက်ပါတဲ့ ။
အခြားအဖွဲ့ဝင်တွေကို ဟာသတွေလိုက်ပြောပြီး လိုက်စနေတတ်ပါတယ် ။ သူက Group ရဲ့ Troller တစ်ယောက်လို့သတ်မှတ်ခြင်းခံထားရသူပါ ။ အခြား အဖွဲ့ဝင်တွေကို ဆေးထိုးကြမ်းလို့ ဒီလိုသတ်မှတ်ထားတာဖြစ်တယ်လို့ ဆိုကြပါတယ် ။ 
အင်တာဗျူးအချို့ မှာ ငြိမ်ငြိမ်လေးတွေ့ရတတ်ပေမယ့် တကယ်တမ်းကတော့ Chen ဟာ အလွန်သွက်လက်သူတစ်ယောက်ဖြစ်ပါတယ် ။ 
EXO အဖွဲ့မှာ အသံအကောင်းဆုံးသူတစ်ယောက်ဖြစ်ပေမယ့် အကအညံ့ဆုံးသူတစ်ယောက်လဲဖြစ်ပါတယ်တဲ့ ။ 
ပွဲတစ်ပွဲမှာ ပရိတ်သတ်တစ်ယောက်က သူ့ကို Dancing Machine လို့ ခေါ်လိုက်တဲ့အခါ EXO အဖွဲ့သားတွေအားလုံး ၀ိုင်းရယ်တာကိုသူခံလိုက်ရပါတယ် ။ 
ထိုကိစ္စနဲ့ပါတ်သတ်ပြီးနောက်ပိုင်းမှာ Chen က သူအကနဲ့ပါတ်သတ်ပြီး ကျွမ်းကျင်သူဖြစ်လာမှာပါ ။ ခုလက်ရှိကတော့ အဆိုပိုင်းကို perfect ဖြစ်ဖို့အရင်ကြိုးစားနေပါတယ်လို့ ပြောခဲ့ပါတယ် ။
 
Image result for Chen cute

ကိုရီးယားလူမျိုးပေမယ့် EXO-M အဖွဲ့ခွဲရဲ့ အဖွဲ့ဝင်ပါ ။ Fansign event တွေမှာဆိုရင် သူဟာအဖော်ရွေဆုံး အဖွဲ့သားဖြစ်ပါတယ် ။ စကားတွေပြောတယ် ။ Fan တွေကို ဧည့်ခံတယ် ။ အထူးသဖြင့် ပရိတ်သတ်မမ တွေကိုဆို အရမ်းကောင်းကောင်း ဧည့်ခံတယ်လို့ ဆိုပါတယ် ။ =D Fan တွေပြောသမျှဟာသတွေတိုင်းကိုလဲ ရယ်မောနေတတ်တဲ့သူပါ ။ လေဆိပ်မှာ ပရိတ်သတ်တစ်ယောက်က သူတို့ကိုလိုက် ဓါတ်ပုံရိုက်ရင် နောက်ကတိုးလို့ ဖုန်းပြုတ်ကျသွားတဲ့အခါ Chen က ပရိတ်သတ်တွေအားလုံးကို ဂရုစိုက်ပြီးသွားကြဖို့ပြောပြီး ဖုန်းလေးကိုပြန်ကောက်ပေးခဲ့ပါတယ် ။ 
 
Image result for chen

သူဟာ အရင်က Video Game ကိုဘယ်တော့မှဆော့လေ့မရှိသူပါ ။ EXO အဖွဲ့ဝင်ဖြစ်လာပြီးတော့မှ Game ကိုကောင်းကောင်းဆော့တတ်လာပါတယ် ။
သို့ပေမယ့် လည်း အဖွဲ့သားတွေနဲ့ပြိုင်ဆော့တိုင်း အမြဲရှုံးလေ့ရှိပါတယ်တဲ့ ။ သူရဲ့ဝါသနာကတော့ သီချင်းဆိုရတာရယ် စန္ဒယားတီးရတာရယ်ပါ ။ 
R&B ဂီတအမျိုးအစားကိုသူသိပ်နှစ်သက်ပါတယ် ။ အကြိုက်ဆုံးကာတွန်းဇာတ်ကောင်တွေက Donald Duck နဲ့ Garfield တဲ့ ။ အကောင်တွေချည်းနော် ။ အကြိုက်ဆုံးအရောင်ကတော့ ပန်းရောင်လို့ဆိုပါတယ် ။
 
Image result for chen

သူ့ဆီမှာရှိတဲ့ MP3 Player နဲ့ Notebook ကသူအနှစ်သက်ဆုံးပစ္စည်းတွေပါ ။ 
ထမင်းလိပ် ၊ တရုတ်အစားအစာ ၊ ဟော့ပေါ့ ၊ ဖက်ထုပ် ၊ ပေါင်မုန့်နဲ့ ကိုရီးယားအစားအစာတွေကိုကြိုက်နှ်စ်သက်တယ် လို့သိရပါတယ် ။
အကြိုက်ဆုံးကတော့ သူ့မိဘတွေရဲ့ လက်ရာစားစရာတွေပါပဲတဲ့ ။ သူဟာ မေ့တတ်သူဖြစ်တာမို့ တစ်ခုခုဆို စာအုပ်ထဲမှာချမှတ်ထားတဲ့အလေ့အထရှိပါတယ် ။ အဲဒါကြောင့်မို့ သူ့မှာရှိတဲ့ ပစ္စည်းတွေထဲကအကြိုက်ဆုံးဆို Notebook လို့ပြောခဲ့တာပါ ။ သူဟာ သူလိုချင်တာမှန်သမျှရရမှကျေနပ်တဲ့ အကျင့်ဆိုးလေးရှိတယ်လို့လဲ ကိုယ့်ကိုယ်ကို ၀န်ခံထားပါတယ် ။ အခင်ဆုံးသူငယ်ချင်းကတော့ Xiumin ပါ ။
 
Image result for chen and xiumin

Super Junior ကအကိုတွေကတော့ သူ့ရဲ့ စံပြတွေဖြစ်ပါတယ် ။ Justin Timberlake နဲ့ Maroon 5 ကသူကြိုက်တဲ့အဆိုတော်တွေပါတဲ့ ။ Chen ဟာ သိပ်ပြီး Romantic ဆန်တတ်တဲ့သူမျိုးတော့မဟုတ်ပါဘူး ။ သို့ပေမယ့် သူဟာ လူတွေကိုသိပ်ဂရုစိုက်တတ်ပါတယ် ။ သူတစ်ချိန်ချိန်မှာလက်ထပ်ခဲ့မယ်ဆို သူ့ရမယ့် ဇနီးဟာ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို ကောင်းကောင်းသိမယ်လို့ သူမျှော်လင့်ပါတယ်တဲ့ ။ Chen ကြိုက်တဲ့မိန်းကလေးပုံစံကတော့ သူ့ထက်အသက်ကြီးတဲ့ မမဖြစ်ရမယ် ။ သူ့ကိုကောင်းကောင်းဂရုစိုက်ပေးနိုင်တဲ့သူမျိုးကို သူသဘောကျတယ်လို့ ဆိုထားပါတယ် ... ။ Chen အကြောင်းပြီးတော့ အခြား အဖွဲ့သားတွေအကြောင်းဆက်လာမယ်နော် ... Page လေးကို ဆက်လက်အားပေးကြပါဦးလို့ ... 
Source : Kprofile
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views