EXO က Lay ရဲ့ အကြောင်း

Movie & Music
28/07/2017
2.1k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။
လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun
တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။
EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။
သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။
 
Related image

အနုပညာအမည် : Lay
အမည်ရင်း        : Zhang Yixing
မွေးနေ့            : October 7, 1991
ရာသီခွင်          : Libra
လူမျိုး              : Chinese
အရပ်အမြင့်      : 177 cm (5’10”)
သွေးအမျိုးအစား: A
ဇာတိ              :  Changsha, Hunan, China
အဖွဲ့ခွဲ              : EXO-M
ကျွမ်းကျင်မှု       : Guitar, dancing, piano
စွမ်းရည်           : Healing (Unicorn)
 
Image result for Zhang Yixing

EXO အဖွဲ့ထဲကတရုတ်လူမျိုး အဖွဲ့ဝင်ကတော့ Lay ပဲဖြစ်ပါတယ် ။ Lay ဟာ အဘိုးအဘွားတွေရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းခဲ့သူပါ ။ 
တရုတ်ပြည်မှာ ကလေးသရုပ်ဆောင်အဖြစ် ရုပ်မြင်သံကြားအစီအစဉ်တော်တော်များများမှာပါဝင်ခဲ့ဖူးသူလည်းဖြစ်ပါတယ် ။
2015 မှာတော့ TV Star Academy Show မှာ တတိယနေရာရရှိခဲ့ပါတယ် ။ 2008 မှာ Lay ဟာ SM Entertainment ကိုဝင်ရောက်ခဲ့ပါတယ် ။
 January 17th, 2012 မှာ EXO အဖွဲ့ဝင်အဖြစ်မိတ်ဆက်ပေးခြင်းခံခဲ့ရပါတယ် ။ ပထမကတော့ သူကို EXO-M အဖွဲ့ခွဲရဲ့ ခေါင်းဆောင်အဖြစ်လျာထားခဲ့တာပါ ။ တကယ်တမ်းမှာတော့ ထိုနေရာကို Kris ကပိုင်ဆိုင်သွားခဲ့ပါတယ် ။ SM ကို Luhan နဲ့တစ်ရက်ထဲရောက်ခဲ့တာပါတဲ့ ။ ဒါကြောင့်မို့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးကြပါတယ် ။
 
Image result for Zhang Yixing and luhan

Lay ဟာ စင်ပေါ်မှာဖျော်ဖြေနေတဲ့အခါ သြဇာပြည့်ဝတဲ့အသံနဲ့ ကြံခိုင်တဲ့ခန္တာကုယ်လှုပ်ရှားပုံတွေနဲ့ တင်ဆက်တတ်ပေမယ့် စင်ပေါ်မှာမဟုတ်တဲ့ အပြင်က Lay ဟာ အလွန်ဆော့ပြီး ဟာသဥာဏ်ရွှင်သူတစ်ယောက်ဖြစ်ပါတယ်တဲ့ ။
 
Image result for Zhang Yixing on stage

Lay ရဲ့ ထူးဆန်းတဲ့ အမူအကျင့်လေးတွေကတော့
သူဟာ ဧည့်ခန်းကြမ်းပြင်ပေါ်မှာ အိပ်ရတာကို နှစ်သက်ပါတယ် ။ ဘာလို့လဲဆိုတော့ ကြမ်းပြင်က အေးတဲ့ ခံစားမှုလေးကိုကြိုက်တယ် ပြီးတော့ မတူညီတဲ့နေရာပြောင်းအိပ်ရင် မတူညီအိပ်မက်အသစ်တွေမက်မယ်လို့ထင်လို့တဲ့ ။ သူဟာ တရုတ်လိုရော ကိုရီးယားလိုပါ ကျွမ်းကျင်ပါတယ် ။ တစ်ခုခုကိုလေ့ကျင့်ပြီဆိုလည်း အချိန်အကြာကြီး ကြိုးစားပမ်းစားလေ့ကျင့်တတ်တဲ့သူပါ ။
 
Related image

သူဟာ တုန့်ပြန်မှုလဲနှေးကွေးတတ်တယ်တဲ့ ။ ဥပမာ - တစ်ယောက်ယောက်က ဟာသပြောပြီဆိုပါစို့ အားလုံးကရယ်နေပြီ Lay က အဓိပ္ပါယ်ကိုစဉ်းစားတုန်း နောက်တစ်မိနစ်လောက်နေမှ သူစရယ်ပါတယ်တဲ့ ။ =D သူ့ဝါသနာတွေကတော့ ပျိုမေတွေအကြိုက်တွေ့စရာပါ ။ ချက်ရပြုတ်ရတာကြိုက်တယ် ။ ချစ်သူချက်ပေးတဲ့ ဟင်းလျာစားဖို့ Lay လိုချစ်သူမျိုးရွေးဖို့လိုပါတယ် ။ သူဟာဘယ်လောက်တောင်ချက်ပြုတ်ရတာကြိုက်လဲဆို ဘာမှလုပ်စရာမရှိရင် မီးဖိုထဲဝင် ချက်တော့တာပါပဲတဲ့ ။ နောက်တစ်ခုကတော့ စန္ဒယားတီးရတာနဲ့ ဂစ်တာတီးရတာကိုနှစ်သက်ပါတယ်တဲ့ ။ Romantic ဆန်ဆန်လေး ကိုယ့်အတွက် သီချင်းတီးပြဖို့ တောင်းဆိုလို့ရမယ့် ချစ်သူမျိုးပေါ့ ။ 
 
Related image

အခြားဝါသနာတွေကတော့ ကွန်ပျူတာကို ကလိရတာ ကြိုက်တယ် ။ ကိုရီးယားဘာသာစကားလေ့လာရတာကြိုက်တယ် ။ သီချင်းရေးရတာကြိုက်ပါတယ်တဲ့ ။ သူကြိုက်တဲ့ အစားအသောက်တွေကလည်း ရှင်းနေရောပဲ ။ သူချက်သမျှ သူအကုန်ကြိုက်တယ်တဲ့ ။ ကိုယ်ချက်တာ ကိုယ်အားပေးတဲ့သဘောပေါ့ ။ 
 
Image result for Zhang Yixing cooking

သစ်သီးတွေဟာလည်း သူ့အကြိုက်တွေပါပဲ ။ ခရမ်းနဲ့ အနက် က သူအကြိုက်ဆုံးအရောင်ပါ ။ Lay ရဲ့နောက်ထပ်ထူးဆန်းတဲ့ အကျင့်တစ်ခုကတော့ အမှောင်ထဲမှာ အကကျင့်တာပါ ။ အမှောင်ထဲမှာကရတာကို သူအလွန်နှစ်သက်တယ်လို့ဆိုပါတယ် ။
 
Image result for Zhang Yixing dancing

ထူးထူးဆန်းဆန်းပဲ ချစ်စရာကောင်းတဲ့ ပင်ကွင်းငှက်လေးတွေကို Lay က သိပ်ကြောက်တယ်လို့ ဆိုပါတယ် ။ သူက သူများကိုစနောက်တာ ရှားပေမယ့် အဲဒီလိုနောက်တဲ့အချိန်တွေမှာလဲ သူ့ပုံကလဲ အရမ်းရယ်စရာကောင်းပါတယ်လို့ ဆိုကြပါတယ် ။ သူရဲ့ အနာဂတ်အိပ်မက်ကတော့ producer တစ်ယောက်ဖြစ်ချင်တာပါတဲ့ ။ Kung Fu Yoga ဆိုတဲ့ ဇာတ်ကားမှာ ကမ္ဘာကျော်မင်းသား ဂျက်ကီချန်းနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားပါတယ် ။
 
Image result for Zhang Yixing Kung Fu Yoga

Lay သဘောကျတဲ့ မိန်းကလေးပုံစံကတော့ ချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ မိန်းကလေးပီသတဲ့ ကောင်မလေးမျိုးပါတဲ့ ။ သမီးအလိမ္မာလေးကိုလိုချင်ပုံရပါတယ် ။ Lay ရဲ့ ပရိတ်သတ်တွေ Lay ရဲ့ အကြောင်းကိုသိရလို့ ပျော်ရွှင်နိုင်ကြပါစေနော် ။ နောက်ထပ် ဘယ်သူ့အကြောင်းတွေ ထပ်လာဦးမလဲဆိုတာ ... Page လေးကို နေ့တိုင်းဝင်ကြည့်ဖို့တော့ မမေ့နဲ့ဦးနော် ... အားပေးတဲ့ အတွက်ကျေးကျေးအထူးပါ ။ 
 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views