EXO အဖွဲ့က အသံပါရမီရှင်လေး Baekhyun ဆိုတာ ...

Movie & Music
27/07/2017
2.2k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။ လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။ EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။ သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။
 
Related image

အနုပညာအမည် : Baekhyun
အမည်ရင်း : Byun Baek Hyun
မွေးနေ့ : May 6, 1992
ရာသီခွင် : Taurus
လူမျိုး : Korean
အရပ်အမြင့် : 174 cm (5’9″)
သွေးအမျိုးအစား: O
ဇာတိ : Bucheon, Gyeonggi Province, South Korea
အဖွဲ့ခွဲ : EXO-K, EXO-CBX
ကျွမ်းကျင်မှု : Hapkido, piano
စွမ်းရည် : Light (Sun)

Baekhyun မှာ အကိုတစ်ယောက်ရှိပါတယ် ။
 
Related image

သူ့မှာဘုရားပေးတဲ့ကောင်းမွန်လှပတဲ့အသံကိုပိုင်ဆိုင်ထားပြီး Stage ပေါ်မှာဆို သူ့ရဲ့ဖျော်ဖြေမှုဟာ နတ်ဘုရားအလားပါပဲ ။
 
Related image

Stage နောက်ကွယ်မှာတော့ သူဟာ ဥာဏ်ကောင်းပြီး ပျော်တတ်တဲ့ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့သူတစ်ဦးပါ ။
 
Related image

သူကိုချစ်စနိုးနဲ့ “Bacon” လို့ခေါ်ကြပါတယ် ။ Baekhyun ဟာ မူလတန်းထဲက အဆိုတော်ဖြစ်ချင်ပြီး သူကြီးလာရင် လူသိများတဲ့ အနုပညာရှင်တစ်ဦးဖြစ်အောင်လုပ်မယ်လို့ သူငယ်ချင်းတွေကိုပြောလေ့ရှိပါတယ် ။ သူအထက်တန်းကျောင်းမှာတုန်းက သူ့သူငယ်ချင်းတွေကို ရယ်ရအောင် ချစ်ဖို့ကောင်းတဲ့ အမူအရာတွေ အမြဲလုပ်ပြနေတတ်တယ်လို့ဆိုပါတယ် ။ SM က Baekhyun တက်တဲ့ ကျောင်းပေါက်ဝမှာ Baekhyun ကိုတွေ့ပြီး SM ကို Join ချင်ပါသလားလို့ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ် ။ သူဟာ SM ကို 2011 မှာဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။
 
Image result for babe baekhyun

Aikido အားကစားလုပ်ခြင်း ၊ စန္ဒယားတီးခြင်း ၊ သီချင်းနားထောင်ခြင်း ၊ ရုပ်ရှင်ကြည့်ခြင်း ၊ သီချင်းသီဆိုခြင်းတို့ဟာသူဝါသနာပါတဲ့အရာတွေပါ ။ သူအကြိုက်ဆုံးအစားအစာတွေကတော့ ကိုရီးယားရိုးရာအစားအစာတွေ ၊ ဂျပန်အစားအစာ ၊ တရုတ်အစားအစာ ၊ အနောက်တိုင်းအစားအစာတွေပဲဖြစ်ပါတယ် ။ သူက အစားသိပ်ကြိုက်တဲ့သူမို့ အစားအသောက်အားလုံးနီးပါးကြိုက်ပါတယ်တဲ့ ။ သိပ်ချေးမများတတ်ပေမယ့် သခွားသီးတော့ လုံးဝမစားတဲ့သူပါ ။
 
Related image

အရောင်တွေထဲမှာတော့ အနက် ၊ ခဲနဲ့ အဖြူကို အကြိုက်ဆုံးလို့ဆိုပါတယ် ။ သူ့အတွက် Lucky Number က 48 ပါတဲ့ ။ R&B, pop, Punk Rock အမျိုးအစားသီချင်းတွေကိုကြိုက်နှစ်သက်ပါတယ် ။ ခင်မင်တတ်ပြီး အပေါင်းအသင်းမင်တဲ့ ကောင်လေးတစ်ယောက်ပါတဲ့ ။ Chanyeol ကတော့ Baekhyun အိပ်ပျော်လု အိပ်ပျော်ဆဲဖြစ်နေတဲ့ အချိန်တွေမှာဆို အကြိမ် ၄၀ လောက် ညည်းနေတတ်တယ်လို့ဆိုပါတယ် ။ ( ယောင်ယမ်းပြီး ညည်းနေတာဖြစ်မှာ )
 
Image result for baekhyun and chanyeol

။ TVXQ က Yunho က Baekhyun ကို အကြံဥာဏ်တွေ အများကြီးပေးခဲ့တယ်လို့ဆိုပါတယ် ။ SNSD ရဲ့ အဖွဲ့ခွဲ 'TTS’ ရဲ့ “Twinkle” MV မှာလည်းဝင်ရောက်သရုပ်ဆောင်ဖူးပါတယ် ။ Girls’ Generation အဖွဲ့က Taeyeon နဲ့ ချစ်ကြိုက်နေပါတယ်လို့ 2014 June လမှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး September 2015 မှာတော့ လမ်းခွဲလိုက်ကြတယ်လို့ ပြန်လည်ကြေညာတဲ့ အတွက် သူတို့ရဲ့ တရားဝင်တွဲချိန်ဟာ 14 months ကြာခဲ့ပါတယ် ။
 
Image result for baekhyun and Taeyeon

Baekhyun ဟာ အရာရာသိလွယ်တတ်လွယ်ပြီး သီချင်းသစ်တွေအတွက် အကကွက်တွေကိုတောင် တရက်ထဲရအောင်သင်နိုင်တဲ့သူပါတဲ့ ။ သူမှာအရမ်းလှတဲ့ လက်ချောင်းလေးတွေလဲ ရှိပါတယ် ။
 
Image result for baekhyun hand

အခင်ဆုံးသူငယ်ချင်းကတော့ Chanyeol ပါ ။ Baekhyun ဟာစကားကိုအဆက်မပြတ်အောင်ပြောနိုင်သူဖြစ်ပြီး သူအားတဲ့ အချိန်တိုင်း Chanyeol နဲ့ အတူ Video Game ဆော့ရင်းသူတို့ရဲ့ အချိန်တွေကိုအတူကုန်ဆုံးလေ့ရှိပါတယ် ။ သူအကြိုက်ဆုံး အဆိုတော်က ဘယ်သူလဲသိလား ! Rain ပါတဲ့ ။ သူရဲ့ စံပြပုဂ္ဂိုလ်လဲဖြစ်တယ်လို့ဆိုပါတယ် ။ “Moon Lovers: Scarlet Heart Ryeo” (2016) မှာ ချစ်စရာ မင်းသားလေးအဖြစ်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားဟာလည်း အောင်မြင်မှုရခဲ့ပါတယ် ။
 
Image result for baekhyun Scarlet Heart Ryeo

RCY ပရဟိတဂေဟာအတွက် EXO အဖွဲ့သားတွေနဲ့ အတူပါဝင်ကူညီပေးခဲ့ပါတယ် ။ သူက အပြင်ထွက်ရတာကိုမကြိုက်ဘဲ အပြင်ထွက်လည်မယ့်အစားဂိမ်းထိုင်ဆော့နေမယ်ဆိုတဲ့ အိမ်တွင်းပုန်းလေးပါတဲ့ ။ မင်းသားချော လီဂျွန်ကီနဲ့လဲ ညီအကိုလို ရင်းနှီးပါတယ် ။
 
Image result for baekhyun Scarlet Heart Ryeo

Baekhyun ကြိုက်တဲ့ မိန်းကလေးပုံစံကတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ကောင်မလေးမျိုးလို့ ဆိုပါတယ် ... ။ EXO ရဲ့ ချစ်စရာ Bacon လေးဟာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ EXO Show မှာမွေးနေ့နဲ့ တိုက်ဆိုင်လို့ မြန်မာပရိတ်သတ်တွေနဲ့ အတူမွေးနေ့ကိတ်ခွဲသွားပါသေးတယ် ... ။
 
Related image

Bacon ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အကြောင်းလေး တင်ဆက်ပြီးနောက်မှာ အခြားအဖွဲ့သားတွေ အကြောင်း ဆက်လက်တင်ဆက်သွားဦးမှာ မို့ Page လေးကို နေ့တိုင်းလာကြည့်ဖို့ မမေ့ပါနဲ့ဦးနော် ... အားပေးဖတ်ရှုတဲ့အတွက်ကျေးဇူးအထူးပါ ...
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  210 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  216 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views