ရုပ်ရှင်ရိုက်နေတဲ့ Krystal ကိုအားပေးဖို့ ရှုတင်ကို ကော်ဖီလှည်းပို့လိုက်တဲ့ Park Shin Hye

Movie & Music
21/07/2017
32.2k views
လတ်တလောမှာ အရမ်းဟော့နေတဲ့ ဇာတ်ကားလေးဖြစ်တဲ့ 'The Bride of Habaek' ဟာဆိုရင် ကိုရီးယားမှာတင်မက မြန်မာနိုင်ငံမှာပါရေပန်းစားလို့နေပါတယ် ။ ထွက်ပြီးသမျှအပိုင်းတွေကိုစောင့်ကြည့်နေတဲ့ ပရိတ်သတ်တွေတောင်ရှိလာပါပြီ ။ ဒီဇာတ်ကားထဲမှာ f(x) အဖွဲ့ရဲ့ Krystal က လူ့လောကမှာနေတဲ့ရေနတ်ဘုရားမလေးအဖြစ် သရုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှအပတွေနဲ့ ဒီဇာတ်ရုပ်နဲ့ကလည်း ကွက်တိဖြစ်နေတာကိုတွေ့ရပါတယ် ။
 
Related image

မင်းသမီးလေး Shooting မှာအလုပ်တွေကြိုးစားနေချိန်မှာပဲ မင်းသမီးချော Park Shin Hye ကလည်း Krystal ကိုအားပေးဖို့ ရှုတင်ကို ကော်ဖီလှည်းပို့ပေးလိုက်တာပါ ။ Krystal က ကော်ဖီလှည်းရှေ့ မှာ ပြုံးနေတဲ့ပုံလေးကို Social Network မှာတင်ခဲ့ပြီး အဆိုပါ ကော်ဖီလှည်းမှာလည်း 

" တို့တွေ တစ်ခုလေးတောင်မှအမှားမလုပ်ခဲ့ကြပါဘူး ။ တို့ရဲ့ တစ်ခုထဲသောအပြစ်က အရမ်းကိုလှပလွန်းနေတာပါပဲ ။ ကျေးဇူးပြုပြီး တို့ရဲ့ အလှပဂေးလေး Soojung ကို ဂရုစိုက်ပေးကြပါ ... မှ Soojung ကို အချစ်ဆုံး အမ Shin Hye " လို့ရေးသားထားခဲ့တာဖြစ်ပါတယ် ။ 



Park Shin Hye နဲ့ Krystal တို့ဟာ 2013 ခုနှစ်ကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ 'The Heirs' မှာတွဲဖက်သရုပ်ဆောင်ခဲ့ဖူးပြီး ခုချိန်ထိ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေတာပဲဖြစ်ပါတယ် ။ 

ဘယ်လောက်ကောင်းတဲ့ သူငယ်ချင်း အမလဲနော် !
 
Image result for krystal and park shin hey
 
Related image
 
Related image

Image result for krystal and park shin hey

Source : koreaboo
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views