သွေးမတော်သားမစပ် တူလွန်းတဲ့ Cele တွေ

Movie & Music
03/07/2017
1.1k views
နာမည်တူမရှား လူတူမရှားဆိုတဲ့ စကားအတိုင်း လူတစ်ယောက်ဆီတိုင်းမှာ ကိုယ်နဲ့ ဆင်တူတဲ့သူတစ်ယောက်ဟာ ကမ္ဘာကြီးမှာ အသက်ရှင်လျက်ရှိနေနိုင်ပါတယ် ။ တစ်ချို့ တွေကတော့ ဝေးဝေးလံလံရှာနေစရာမလိုဘဲ အနီးအနားမှာကိုရှိနေတာပါ ။ ဒီအထိမထူးဆန်းသေးပါဘူး ။ တကယ်ထူးဆန်းတာက တိုက်တိုက်ဆိုင်ဆိုင် လူပါတူတဲ့ အပြင် လုပ်တဲ့ အလုပ်ပါတူနေတာပါပဲ ။ သို့ပေမယ့် သူတို့တွေဟာသွေးမတော်သားမစပ်ကြပါဘူး ။ ဟောလိဝုဒ်အနုပညာရှင်တွေထဲမှာ ပရိတ်သတ်တွေတောင် ခဏခဏ လူမှားရလောက်အောင်တူတဲ့ သူတွေရှိနေပါတယ် ။ သူတို့ကိုခွဲခြားမရဖြစ်တိုင်းမှာ သူတို့ရဲ့ မိဘတွေကရော ရုပ်ရည်ဆင်တူနေလေမလားရယ်လို့တောင်တွေးမိတဲ့ အထိပါပဲ ။ သူတို့ဟာဘယ်သူတွေလဲ ကြည့်ကြရအောင်နော် ... 

Mila Kunis & Sarah Hyland

သူတို့နှစ်ယောက်ရဲ့ ကလေးဆန်တဲ့ မျက်နှာပေါက်နဲ့ မျက်လုံးလေးတွေကအတော်ဆင်တူပါတယ် ။ 

   

Elijah Wood & Mischa Barton

မျက်ရစ်လေးတွေ က သူတို့နှစ်ယောက်ကို ပိုတူသွားစေတာပါ ။ 

   

Jennifer Garner & Hilary Swank

သေချာတာပါးစပ်တွေကတူတူဖြစ်နေတာပေါ့ ။

   

Minka Kelly & Leighton Meester

ညီအမလို့ပြောရင်တောင် ယုံနိုင်ပါတယ် ။ 

   

Amy Adams & Isla Fischer

သူတို့နှစ်ယောက်က ရုပ်ချင်းဆင်ရုံမကဘဲ သရုပ်ဆောင်တဲ့ ဇာတ်ရုပ်ပုံစံချင်းပါဆင်နေတတ်ပါတယ် ။

   

Javier Bardem & Jeffrey Dean Morgan

တစ်ယောက်ထဲနှစ်ပုံရိုက်ထားတာလားလို့တောင်ထင်သွားတယ်ဟုတ် ?

   

Carrie Underwood & Emily Osment

သူမတို့နှစ်ယောက်ကို တစ်ကွဲတစ်ပြားဆီတွေ့ရင်ဘယ်သူကဘယ်သူဆိုတာချက်ချင်းပြောနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ် ။ 

   

Victoria Justice & Nina Dobrev

သူမတို့နှစ်ယောက်စလုံးဟာ Disney ရဲ့ မင်းသမီးလေးတွေပါ ။ အလုပ်လဲတူပြီး ရုပ်ကလဲ အံ့သြဖို့ကောင်းလောက်အောင် တူတဲ့ သူနှစ်ယောက်ပေါ့ ။

   

Stephen Colbert & Bob Saget

ရုပ်တူပါတယ်ဆိုမှ တက်တဲ့ မျက်မှန်ချင်းတောင်ဆင်နေသေးတယ် ။ 

   

Jena Malone & Kristen Stewart

ဒီမင်းသမီးတွေကတော့နာမည်ကြီးမင်းသမီးတွေပါ ။ သူတို့နှစ်ယောက်တူတာကိုသတိထားမိတဲ့သူတွေလည်းရှိပါတယ် ။ 

   

Chord Overstreet and Austin Butler

ဆံပင်အရောင်ကအစတူတာ ။ 

   

Chord Overstreet and Austin Butler

စကားပြောနေရင်အပိုတွေပဲဖြစ်နေပါလိမ့်မယ် ။ တူမတူ ပုံကိုသာကြည့်လိုက်ပါတော့ ။ 

   

Selena Gomez & Lucy Hall

ဆင်လဲဆင်ပြီး လှလဲလှတဲ့ နှစ်ယောက်ပါ ။

   

Jessica Biel & Christy Turlington

အမြွှာလားလို့တောင်ထင်မှတ်မှားရပါတယ် ။ 

   

Tom Hardy & Logan Marshall Green

နှစ်ယောက်ထဲကတစ်ယောက်ရွေးဆို ဘယ်သူ့ကိုရွေးမလဲ ?

   

Henry Cavill & Matt Bromer

မျက်လုံးအရောင်ကအစတူတာပါ ။ 

   

သူတို့ကတော့ သွေးမတော်သားမစပ်ပေမယ့် တူနိုင်လွန်းသူတွေပါ ။ ပရိတ်သတ်တို့လဲ ကိုယ်နဲ့တူတဲ့လူတစ်ယောက် ရှာတွေ့နိုင်မလားဆိုတာ ... 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  212 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views