ခန္တာကိုယ်အစိတ်အပိုင်းကြောင့်ကျော်ကြားလာတဲ့ Cele များ

Movie & Music
02/07/2017
553 views
Cele ဖြစ်ဖို့ ဘာတွေလိုအပ်လဲ လို့ ဆိုလိုက်ရင် အများစုပထမဆုံးစဉ်းစားမိကြမယ့်အရာကတော့
ရုပ်ရည်သွင်ပြင်ချောမောလှပရင် ဆိုတဲ့ အချက်ပဲဖြစ်ပါလိမ့်မယ် ။
အဲဒါက ယေဘုယျသဘောတရားအရမှန်ကန်ပါတယ် ။ 
ဒါပေမယ့် အချို့  Cele တွေကတော့ ရုပ်ရည်ကြောင့်မဟုတ်ဘဲ သူတို့ကိုယ်ပေါ်က
ထင်ရှားတဲ့ အစိတ်အပိုင်းတစ်ခုကြောင့်ထင်ရှားလာတာပါ ။ သူတို့ကဘယ်သူတွေလဲ ကြည့်ကြရအောင်နော် ...

Kylie Jenner ရဲ့ နှုတ်ခမ်း

Kylie Jenner ကမင်းသမီးလဲမဟုတ်ပါဘူး ။ အဆိုတော်လဲ မဟုတ်ပါဘူး ။ ဒါပေမယ့် ထင်ရှားတဲ့သူတစ်ယောက်ဖြစ်ပြီးဆယ်ကျော်သက်မီလျံနာတစ်ဦးလဲ ဖြစ်ပါတယ် ။ သူမရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများဆုံး အစိတ်အပိုင်းကတော့ နှုတ်ခမ်းပဲဖြစ်ပါတယ် ။ 



Cara Delevigne ရဲ့ မျက်ခုံးများ

အားမာန်အပြည့်ရှိတဲ့ မျက်ခုံးများကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ ။


celebrities-body-parts-02-cara-delevigne-eyebrows

Julia Roberts ရဲ့ အပြုံး

မင်းသမီးကြီး Julia Roberts ဟာဆိုရင် ဟောလိဝုဒ်ရဲ့ ပါးစပ်အကျယ်ဆုံးအပြုံးပိုင်ရှင်ဘွဲ့ကို ရထားသူပါ ။ 
ဘယ်လောက်ပဲပြုံးပြုံး ရုပ်မဆိုးသွားတာဟာလည်း မင်းသမီးကြီးရဲ့ ထူးခြားတဲ့ အစွမ်းတစ်ခုပဲဖြစ်ပါတယ် ။ 

celebrities-body-parts-03-julia-roberts-smile

Kim Kardashian ရဲ့ တင်ပါး

TV အစီအစဉ်တင်ဆက်သူ Kim Kardashian ဟာ သူမအလုပ်ကြောင့်ကျော်ကြားတာမဟုတ်ပါဘူး ။ သူမရဲ့ ထူးခြားတဲ့ ခန္တာကိုယ်အဆစ်အပေါက်ကြောင့်နဲ့ 
တင်ပါးကြောင့် နာမည်ကြီးတာပါ ။ 

celebrities-body-parts-04-kim-kardashian-butt

Miley Cyrus ရဲ့ ၀မ်းဗိုက်ကြွက်သားများ

ဒီလို ကြွက်သားမျိုးရဖို့ သူမ အပြင်းအထန်ကြိုးစားခဲ့ရမှာပါ ။ ကြိုးစားရကျိုးလဲနပ်ပါတယ် ။ 

celebrities-body-parts-05-miley-cyrus-abs

Cindy Crawford ရဲ့ မှဲ့

မျက်နှာမှာအမှတ်အသားတစ်ခုခုများပါလာခဲ့ရင် မိန်းကလေးအများစုဟာ စိတ်ညစ်ရတတ်ပါတယ် ။
မော်ဒယ် Cindy Crawford ကတော့ ဒီလိုမဟုတ်ပါဘူး သူမရဲ့ မျက်နှာပေါ်ကမှဲ့ကြောင့် သူမအလှက ပိုမို ၀င့်ကြွားသွားခဲ့တာပါ ။

celebrities-body-parts-08-cindy-crawford-mole

J Lo ရဲ့ တင်ပါး

အဆိုတော် J Lo ရဲ့ တင်ပါးတွေဟာဆိုရင်လည်း အလှပဆုံးလို့နာမည်ကြီးပါတယ် ။ သူမဟာ တင်ပါးတွေကို အာမခံတင်ထားသူပါ ။ 

Related image

angelina jolie ရဲ့ နှုတ်ခမ်း

Jolie ရဲ့ နှုတ်ခမ်းတွေဟာ ညှို့ငင်နိုင်စွမ်းအားအပြည့်ရှိတယ်လို့ဆိုပါတယ် ။ မင်းသမီးဟာ ခုနောက်ပိုင်းမှာ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်နဲ့ တော်တော်ကြည့်ကောင်းနေတာကိုတော့ ဘယ်သူမှငြင်းလို့ရမယ်မထင်ပါဘူး ။ 
 
Image result for angelina jolie lip

သူတို့ဆီမှာ ထူခြားတဲ့ အစိတ်အပိုင်းတွေ ကို ကိုယ်ဆီပိုင်ဆိုင်ထားကြပါတယ် ။ ပရိတ်သတ်တို့မှာရော သူများနဲ့ မတူတဲ့ ထူးကဲတဲ့ အစိတ်အပိုင်းတွေများပိုင်ဆိုင်ထားကြမလား ? တစ်ကိုယ်လုံးက ဘယ်နေရာကို သဘောအကျဆုံးလဲ ပြောသွားကြည့်ပါလားနော် ?
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  210 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  216 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views