Face of The Group KAI အကြောင်း

Movie & Music
27/06/2017
1.3k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။
လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun
တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။
EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။
သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။

Image result for family of kai

အနုပညာအမည် : Kai
အမည်ရင်း        : Kim Jong In
မွေးနေ့            : January 14, 1994
ရာသီခွင်          : Capricorn
လူမျိုး              : Korean
အရပ်အမြင့်      : 182 cm (6’0″)
သွေးအမျိုးအစား: A
ဇာတိ              : Dance (ballet, jazz, hip hop, popping, rocking)
ကျွမ်းကျင်မှု       : တိုက်ကွမ်ဒို ၊ ကန်တို
စွမ်းရည်           : Teleportation

Kai EXO handsome

EXO ရဲ့ Main Dancer လဲဖြစ် Lead Rapper လဲဖြစ် Face of The Group အဖြစ်လည်းရွေးချယ်ခံထားရတဲ့ အဖွဲ့ဝင်ကတော့
KAI ပါ ။ KAI ကို ကိုရီးယား ဆိုးလ် မြို့မှာမွေးဖွားခဲ့ပါတယ် ။ 
 
Related image

အမ နှစ်ယောက်ရှိပြီး မိသားစုမှာအငယ်ဆုံးလေးပါ ။
ဆိုးလ် အနုပညာအထက်တန်းကျောင်းပြီးထားပါတယ် ။
Youth Best Contest in 2007 ပြိုင်ပွဲကိုအနိုင်ရရှိပြီးတဲ့နောက်မှာ SM Entertainment ကိုရောက်ရှိခဲ့တာပါ ။
သူဟာ EXO-K အဖွဲ့ရဲ့ ပထမဆုံးမိတ်ဆက်ပေးခြင်းခံရတဲ့ member လည်းဖြစ်ပါတယ် ။
အကမျိုးစုံကို တတ်ကျွမ်းပြီး Ballet, Jazz, Hip Hop, Popping and Locking အကအမျိုးအစားတွေကို ကျွမ်းကျင်စွာကတတ်ပါတယ် ။
 
Image result for dancing king kai

သူ့ရဲ့ နာမည်ပြောင်က Kkamjong တဲ့ ။ English လိုတော့ ‘Dark Skin’ လို့ အဓိပ္ပါယ်ရပါတယ် ။
ယောကျာင်္းပီသခြင်း ၊ ဆူဆူညံညံနေတတ်ခြင်း ၊ ကလေးလို ဖြူစင်ခြင်း ၊ နွေးထွေးတဲ့နှလုံးသားရှိခြင်း ၊ အငယ်တွေကိုညှာတာတတ်ခြင်း ( အကြီးစိတ်ဓါတ်ရှိခြင်း ) ၊ Game ကစားရတာနှစ်သက်ခြင်း ၊ သူ့ရင်ထဲကခံစားချက်တွေကိုအခြားသူခန့်မှန်း၍မရအောင်သိုဝှက်တတ်ခြင်း စတဲ့ အရည်အသွေးတွေကို KAI ဆီမှာတွေ့ရပါလိမ့်မယ် ။ သို့ပေမယ့် အဖွဲ့သားတွေအားလုံးထဲမှာ KAI က စိတ်မရှည်တတ်ဆုံးသူပါတဲ့ ။ သူ့ရဲ့ အကျင့်လေးတစ်ခုကတော့ နှုတ်ခမ်းကို ကိုက်ကိုက်နေတတ်တာလို့ဆိုပါတယ် ။
 
Image result for kai lip bite

သူဝါသနာပါတာတွေက ကတာ ၊ စာအုပ်ဖတ်တာ ရယ် သီချင်းဆိုတာရယ် တဲ့ ။
သူအကြိုက်ဆုံး ဂီတပုံစံက R&B and Hip Hop လို့ဆိုပါတယ် ။ အကြိုက်ဆုံးဇာတ်ကားတွေက “Billy Elliot” နဲ့ “Pirates of The Caribbean” ပါ ။
Video Game တွေဆော့ရတာကိုအတော်ခုံမင်သူလည်းဖြစ်ပါတယ် ။
 
Image result for kai love

ကြက်ကြော်နဲ့ ဘဲကင်ကို အကြိုက်ဆုံးပဲ တဲ့ ။ နံပါတ်ထဲမှာတော့ အနှစ်သက်ဆုံးက နံပါတ် တစ် ကိုပါ ။ အကြိုက်ဆုံးအရောင်တွေကတော့ အနက် ၊ အနီ ၊ မိုးပြာရောင်တွေပဲဖြစ်ပါတယ် ။ ထူးခြားတာတစ်ခုက သူက Coffee လုံးဝမကြိုက်ပါဘူး ။ အားလပ်တဲ့အချိန်တွေမှာ ဆိုင်ကယ်စီးမယ် ၊ စာအုပ်ဖတ်မယ် ၊ သီချင်းနားထောင်မယ် ၊ ကမယ် ၊ online တက်မယ် ၊ YouTube က videos တွေကိုရှာကြည့်မယ် လို့ဆိုပါတယ် ။ ဘောလုံးကစားတာမှာ Xiumin တို့ Luhan တို့လောက်မကျွမ်းပေမယ့် သူလဲ ဘောလုံးကစားရတာကြိုက်ပါတယ် ။
 
Related image

EXO အဖွဲ့သားတွေအားလုံးထဲမှာ ဘောလုံးသမားနာမည်တွေအမှတ်မိဆုံးက သူပါပဲတဲ့ ။ SHINee ရဲ့ Taemin နဲ့ အလွန်ရင်းနှီးပါတယ် ။ 
 
Image result for Taemin and kai

TVXQ ရဲ့ MV  “HaHaHa Song” မှာ Suho , Chanyeol တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ပေးဖူးပါတယ် ။ 
Taetiseo အဖွဲ့ရဲ့ Twinkle MV မှာလဲ Sehun, Baekhyun , Chanyeol တို့နဲ့ အတူ ဧည့်သည်အဖြစ်ပါဝင်သရုပ်ဆောင်ပေးဖူးပါတယ် ။
DO. , Chanyeol တို့နဲ့ အခန်းအတူတူနေပါတယ်တဲ့ ။
 
Image result for DO. Chanyeol kai

သူ့ရဲ့ စံထားတဲ့ ပုဂ္ဂိုလ်ကတော့ မိုက်ကယ်ဂျက်ဆင် ပါ ။ 
သူသာ EXO အဖွဲ့ထဲမပါခဲ့ရင် ဘဲလေး အကသမားတစ်ယောက်ဖြစ်နေလောက်ပါတယ် လို့ ဆိုပါတယ် ။ 
သူက သူငယ်ချင်းတွေရဲ့ ပုခုံးတွေကို လိုက်နှိပ်နေရတာကို သဘောကျပါတယ် ။
သူအိပ်နေတဲ့ အချိန် လာနှောက်ယှက်ရင်တော့ စိတ်တိုပါတယ်တဲ့ ။
EXO နဲ့ ပါတ်သတ်ပြီး သူအမှတ်အရဆုံးတစ်ခုကတော့ သူတို့ ကြက်ခြေနီအဖွဲ့မှာ သွားရောက်လုပ်အားပေးတုန်းကပါပဲလို့ဆိုပါတယ် ။
( အဲဒီမှာ သူတို့သန့်ရှင်းရေးလုပ်ခဲ့ပြီး မသန်စွမ်းတဲ့ကလေးတွေနဲ့ ဆော့ကစားပေးခဲ့ကြပါတယ် ။ သူကဒီလိုပရဟိတအလုပ်မျိုးကို နောက်လဲလုပ်ချင်ပါသေးတယ်တဲ့ ။ ) 
 
Image result for kai at red cross

လူတစ်ချို့ ကသူ့ကို ဆွဲဆောင်မှုရှိပြီး ဖက်ရှင်ကျပေမယ့် ဥာဏ်တုံးတဲ့သူလို့ထင်ကြတယ် ။ အချို့ တွေကတော့ ပါပီလေးတစ်ကောင်လို့ချစ်ဖို့ကောင်းတယ်လို့ ထင်တဲ့သူတွေလဲရှိတယ်လို့ သူက ဆိုပါတယ် ။
 
Image result for kai love

သူများတွေအပေါ်ကောင်းကောင်းဆက်ဆံချင်ပေမယ့်လည်း သူ့ရဲ့ ခံစားချက်တွေကိုဖော်ပြဖို့ကျရင် ရှက်နေတတ်တယ်လို့ဆိုပါတယ် ။
သူ့ကိုချစ်တဲ့သူတွေရှိနေသရွေ့  သူကလည်း အဲဒီလူတွေတစ်ယောက်ဆီတိုင်းကို သူ့အချစ်တွေ နှစ်ဆတိုးပြီး ပြန်ပေးပါ့မယ်လို့ ကတိပေးထားပါတယ် ။ 
 
Related image

ကောင်မလေးတစ်ယောက်ကိုချဉ်းကပ်မယ်ဆို ဖြည်းဖြည်းချင်းပဲ သူမအကြောင်းကိုသိအောင်အရင်ကြိုးစားပါ့မယ်တဲ့ ။ အလျင်မလိုပါဘူးလို့ဆိုပါတယ် ။
2016 မှာ f(x) အဖွဲ့က Krystal  နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းကို SM Entertainment ကအတည်ပြုပေးခဲ့ပြီး ၂၀၁၇ မှာတော့ ပြတ်ဆဲသွားကြပြီးလို့ ထပ်မံသတင်းထုတ်ပြန်ခဲ့ပါတယ် ။
 
Image result for kai and  Krystal

KAI ရဲ့ စံပြမိန်းကလေးပုံစံကတော့ Han Yeseul လိုလူမျိုးပါတဲ့ ။ Han Yeseul ဟာ သိမ်မွေ့နူးညံတယ် လို့ဆိုပါတယ် ။ 
 
Image result for Han Yeseul

KAI ရဲ့ အကြောင်းတောင်းဆိုထားတဲ့ ပရိတ်သတ်တွေကျေနပ်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်နော် ... နောက်နေ့တွေမှာ ဆက်လက်ဖော်ပြမယ့် EXO အဖွဲ့ဝင်က ဘယ်သူလဲဆိုတာစောင့်မျှော်ဖတ်ရှုပေးကြပါဦး ... 

ယခင်တင်ထားတဲ့သတင်းတွေပါ ဖတ်ရှုချင်တယ်ဆိုရင်တော့ http://www.aavashare.com မှာ အခမဲ့ member ၀င်ပြီးဖတ်ရှုနိုင်ပါတယ် ။
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  213 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  218 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views