EXO ရဲ့ Lead Vocalist နဲ့ Lead Dancer Xiumin ဆိုတာ ...

Movie & Music
22/06/2017
2k views
EXO အဖွဲ့ဟာ ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး Kpop Group တစ်ခုဖြစ်ပါတယ် ။
လက်ရှိမှာတော့ အဖွဲ့ဝင်ကိုးယောက်နဲ့ ဖွဲ့စည်းထားပြီး Suho, Xiumin, Lay, Baekhyun, Chen, Chanyeol, D.O., Kai and Sehun
တို့ပါဝင်ပါတယ် ။ စစပွဲဦးထွက်တုန်းက ပါဝင်ခဲ့တဲ့ Kris, Tao နဲ့ Luhan တို့ကတော့ အဖွဲ့ထဲက ထွက်ခွာသွားခဲ့ပါပြီ ။
EXO အဖွဲ့ဟာ April 8, 2012 တုန်းကစတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် ။
သူတို့အဖွဲ့ ထဲက member တွေရဲ့ အကြောင်းကို ကြည့်လိုက်ကြရအောင်နော် ။

EXO ရဲ့ Lead Vocalist နဲ့ Lead Dancer Xiumin

Xiumnin 2017

အနုပညာအမည် : Xiumin
အမည်ရင်း        : Kim Min Seok
မွေးနေ့            : March 26, 1990
ရာသီခွင်          : Aries
လူမျိုး              : Korean
အရပ်အမြင့်      : 173 cm (5’8″)
သွေးအမျိုးအစား: B
ဇာတိ              : Guri, Gyeonggi province
ကျွမ်းကျင်မှု       : တိုက်ကွမ်ဒို ၊ ကန်တို
စွမ်းရည်           : နှင်း

Xiumin မှာ ညီမလေး တစ်ယောက်ရှိပါတယ် ။ 
EXO ရဲ့ တရုတ် member အများစုနဲ့ ဖွဲ့စည်းထားတဲ့ EXO-M အဖွဲ့ခွဲမှာ တစ်ဦးထဲသော ကိုရီးယား member ပါ ။
Baekhyun , Chen တို့နဲ့အတူ EXO-CBX ဆိုတဲ့အဖွဲ့ခွဲလေးမှာလဲ အဖွဲ့ဝင်ဖြစ်ပါတယ် ။
 
Image result for EXO-CBX

Xiumin ဟာ SM Everysing Contest 2008 မှာ ဒုတိယရခဲ့တဲ့သူပါ ။ 
 
Image result for xiumin on SM Everysing Contest 2008

သူကို ခင်တဲ့သူငယ်ချင်းတွေက Bao Zi (Little Bun), Lil’ Fattie, Mandoo, King of Detail စတဲ့ နာမည်ပြောင်တွေကိုပေးထားပါတယ် ။
့ကြင်နာတတ်သူဖြစ်ပြီး အလွန်အလွန်ကိုအသန့်အပြန့်ကြိုက်တဲ့သူပါတဲ့ ။ ချစ်ဖို့ကောင်း ပြီးပျော်တတ်တဲ့ Xiumin ဟာ သူငယ်ချင်းမိတ်ဆွေလဲ
မင်တတ်ပါသေးသတဲ့ ။ အခြား member တွေကို လိုက်စနောက်နေရတာကို သဘောကျတတ်သူပါ ။ 
EXO M အဖွဲ့ထဲမှာ ရုပ်အပြောင်ဆုံးသူလို့ သတ်မှတ်ခြင်းခံရတာ မလွန်ပါဘူးနော် ။
မျက်နှာဖောင်းဖောင်းလေးနဲ့ နှစ်လိုဖွယ် အပြုံးတို့က Xiumin ရဲ့ အမှတ်အသားတွေပါပဲ ။ 
 
Image result for xiumin on SM Everysing Contest 2008

ယောကျာင်္းလေးပေမယ့် အချက်အပြုတ်လဲ ကောင်းပါတယ်တဲ့ ။
အဖွဲ့ဝင်တွေအားလုံးကြား အငယ်ဆုံးလို့ထင်ရပေမယ့် တကယ်တမ်းကတော့ အကြီးဆုံးပါတဲ့ ။ ( နုချက် =D )
Teamwork တွေမှာအတက်ကြွဆုံးပါဝင်သူဖြစ်ပြီး အခြားအဖွဲ့ဝင်တွေထက် အိပ်ရာအစောဆုံးထတတ်သူလည်းဖြစ်ပါတယ် ။ 
အားကစားဝါသနာပါသူဖြစ်ပြီး တိုက်ကွမ်ဒို ၊ သစ်သားဓါးနဲ့ဆော့ရတဲ့ အားကစား ၊ ကန်တိုနဲ့ ဘောလုံးကစားနည်းတွေကို တတ်ပါတယ် ။
Chanyeol ကတော့ သူကိုကြည့်ရတာ ချစ်ဖို့ကောင်းတဲ့ပုံပေါက်ပေမယ့် တကယ်တမ်းက ယောကျာင်္းပိုဆန်တဲ့သူတစ်ယောက်ပါတဲ့ ။
Super Junior က Henry နဲ့ Sungmin , f(x) က Amber တို့ဟာ သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ် ။
 
Image result for Amber and xiumin

EXO အဖွဲ့ရဲ့ member အဖြစ်ရွေးချယ်ခံရတုန်းက အဖွဲ့ဝင်တွေအားလုံးလိုလို စိတ်လှုပ်ရှားပြီး ငိုကြပေမယ့် သူကတော့ သိပ်မငိုပါဘူးတဲ့ ။
Luhan က သူ့ကို Baozi လို့ခေါ်ပါတယ် ။ မျက်နှာဖောင်းဖောင်းလေးက ပေါက်စီနဲ့ တူလို့ နာမည်ပြောင်ပေးထားတာပါ ။
 
Related image

Kris ကတော့ Xiumin ရဲ့ အကောင်းဆုံးအရည်အသွေးကတော့ အမြန်ဆုံးရင်းနှီးမှုရယူနိုင်ခြင်းနဲ့ နားလည်ပေးနိုင်ခြင်းပါတဲ့ ။
 
Image result for Kris and xiumin

Xiumin က ကြောင်တွေကိုကြောက်ပါတယ် ဘာကြောင့်လဲဆိုတော့ ငယ်ငယ်တုန်းကကြောင်ကုတ်ခံရဖူးလို့ပါ ။
 
Related image

ဘောလုံးကန်တာ ၊ Gym ဆော့ရတာ ၊ အစားကောင်းတွေစားပြီး ဈေးဝယ်ထွက်ရတာတွေက သူ့ရဲ့ ၀ါသနာတွေပါ ။ 
ballad ဂီတအမျိုးအစားကိုအကြိုက်ဆုံးပါပဲ ။
သူမိဘတွေပြင်ဆင်ပေးတဲ့ ပေါက်စီ ၊ ကင်ချီဟင်းရည် ၊ မီဆိုစွပ်ပြုတ် တွေဟာသူ့အကြိုက်ဆုံးအစားအစာတွေပါပဲတဲ့ ။ 
တရုတ် ဟော့ပေါ့ ၊ စီချွမ်ရိုးရာစပ်တဲ့ အစားအသောက်တွေ နဲ့ ဖရုံသီးကိုလည်းကြိုက်ပါတယ် ။
blueberry အရသာကိုအကောင်းဆုံးလို့ထင်တယ်လို့ဆိုပါတယ် ။
အကြိုက်ဆုံးအရောင်ကအပြာရောင်ပါ ။ အကြိုက်ဆုံးကာတွန်းဇာတ်ကားကတော့ Spongebob နဲ့ Baby Huiy တဲ့ ။
MP3 Player, Cell Phone, Computer တွေကသူ့ရဲ့ အဖော်တွေပါပဲ ။
အံအားအသင့်ရဆုံးလက်ဆောင်ကတော့ သူ့ပရိတ်သတ်တွေစုပြီးပေးတဲ့ ဂျပန်ကာတွန်းစာအုပ်အပုံလိုက်ကြီးပါတဲ့ ။
 
Image result for manga present for xiumin

သူဟာ ကော်ဖီဖျော်စက်တစ်လုံးဝယ်ပြီး အဖွဲ့သားတွေအတွက် ကော်ဖီဖျော်ပေးလေ့ရှိပါတယ် ။
သူဟာ ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တယ်လို့ လဲဆိုဖူးပါတယ် ။ 
 
Image result for coffee and xiumin

သူ့မျက်နှာကို လာထိတာကိုမကြိုက်ပါဘူး ။ 
 Infinite က Dongwoo နဲ့အထက်တန်းကျောင်းတူတူပါပဲ ။
 
Image result for Dongwoo and xiumin

“Falling for Challenge” ဆိုတဲ့ဇာတ်ကားကို ၂၀၁၅ ခုနှစ်မှာရိုက်ကူးခဲ့ပါတယ် ။
Super Junior က JJ Lin ကသူ့ရဲ့ စံပြပါတဲ့ ။
 
Image result for JJ Lin and xiumin

သူဟာ တစ်စုံတစ်ယောက်လိုအပ်နေတဲ့ အချိန်မှာ ဖက်ထားပြီး နှစ်သိမ့်ကာ စိတ်သက်သာအောင်
လုပ်ပေးလေ့ရှိပါတယ် ။ သူချစ်တဲ့ကောင်မလေးကိုတွေ့ရင် သူ ကြိုက်နေတဲ့ အကြောင်းကို သူမသိအောင်
သဲလွန်စလေးတွေပေးပြီး ဆွဲဆောင်မယ် လို့ဆိုတဲ့ Xiumin ရဲ့ အကြောင်းတွေကိုသိရလို့ ပျော်ရွှင်နိုင်ကြပါစေ ...
 
Image result for xiumin love

နောက်ရက်တွေမှာအခြား member ၀င်တွေအကြောင်းကိုလည်း စောင့်မျှော်ဖတ်ရှုဖို့ မမေ့နဲ့ဦးနော် ...

သတင်းတွေပိုပြီး ဖတ်ရှုချင်တယ်ဆိုရင်တော့ http://www.aavashare.com မှာ အခမဲ့ member ၀င်ပြီးဖတ်ရှုနိုင်ပါတယ် ။
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Suzy Mat 22/06/2017 at 11:02 AM

😘😘

Trending:

ရုပ်ရှင်အညွှန်း Love Destiny 

ဒီဇာတ်ကားလေးကတော့ ထိုင်းရဲ့
more

Khwarnyo

Share  210 Views

CU လို့ခေါ်တဲ့ Sean ရဲ့ အကြောင်း

ကဲ ဒီတစ်ခေါက်တော့ Sean
more

Khwarnyo

Share  216 Views

သေကြောင်းကြံစည်သွားတဲ့ SHINee အဖွဲ့က Jonghyun 

ပရိတ်သတ်တွေတော့ ရင်ကွဲမယ့်
more

Thel

8 Share  7.1k Views