Online ပေါ်မှာ Tarot အခမဲ့ ကြည့်လို့ရတဲ့ Website များ

Lifestyle
02/02/2018
283 views
ရှေ့ ဖြစ်မယ့် ကံကြမ္မာအဆိုးအကောင်းကိုကြိုသိချင်တဲ့သူတွေ ရှိနေသရွေ့  ဗေဒင် ပညာရပ်က ထွန်းကားနေဦးမှာပါပဲ ။ ဒါကြောင့်မို့လည်း နိုင်ငံတကာမှာ ဗေဒင်ဟောပြောသူတွေ ရှိနေတာပါ ။ ဗေဒင်ကြည့်နည်းမျိုးစုံမှာ Tarot Card ဆွဲပြီး ဗေဒင်မေးတဲ့နည်းဟာလည်း ရေပန်းစားတဲ့ နည်းတစ်ရပ်ပဲဖြစ်ပါတယ် ။ ဟောပုံကတော့ အမျိုးမျိုးပါပဲ ။ အချို့ က Tarot တစ်ကဒ်ပဲဆွဲပြီး သိလိုတဲ့မေးခွန်းရဲ့ အဖြေကို ကြည့်ရှုကြပါတယ် ။ အချို့ က ခြောက်ကဒ်ဆွဲပြီး ပို Detail ကျတဲ့ဟောကိန်းတွေကို ကြည့်ရှုကြပါတယ် ။ အချို့ ကလည်း တစ်ကဒ်ထဲနဲ့ နယ်ပယ်အကုန်အတွက် ကံကြမ္မာအဖြေထုတ်ကြပါတယ် ။ ဘယ်လိုနည်းတွေနဲ့ပဲဟောဟော ကိုယ့်ရဲ့ ကံကြမ္မာကိုကြိုသိနိုင်ဖို့ Tarot တွေကလည်း အရေးပါတဲ့ နည်းလမ်းတစ်ခုအဖြစ် တည်ရှိနေတာပါ ။ ဒီတစ်ခေါက်မှာတော့ Admin က Tarot ဗေဒင်ကို ဗေဒင်ပညာရှင်ဆီ တကူးတက သွားရောက်မမေးမြန်းနိုင်တဲ့သူတွေအဖို့ အွန်လိုင်းကနေ အခမဲ့ မေးလို့ရတဲ့ Website လေးတွေအကြောင်းကို စုစည်းပြောပြသွားမှာပါ ။ 

ပထမဆုံးအနေနဲ့ပြောပြပေးမယ့် website လေးကတော့ မြန်မာ website လေးပါ ။ 

http://www.burmeseclassic.mobi/tarot.php

ဒီ Website ကလေးကတော့ Tarot Card တစ်ကဒ်ကို ဆွဲခိုင်းပြီး ဟောကိန်းတွေကို မြန်မာလိုထုတ်ပေးတဲ့ Website လေး ဖြစ်ပါတယ် ။ 

https://www.free-tarot-reading.net/free

ဒီ တစ်ခုကတော့ နိုင်ငံခြားကပါ ။ ကဒ် ခြောက်ကဒ်ဆွဲရပါလိမ့်မယ် ။ နောက်ပြီးတော့ တစ်ကဒ်ချင်းဆီအတွက် အသေးစိတ်ဟောကိန်းတွေ English လိုပြန်ထုတ်ပေးတာပါ ။ 

http://https://www.astrology.com/tarot/yes-no.html

မေးခွန်းတစ်ခုအတွက် Yes / No အဖြေနှစ်မျိုးပဲ သိချင်တယ်ဆို ဒီ Tarot ကိုဆွဲပါ ။ ပြတ်သားရှင်းလင်းတဲ့ အဖြေကိုပေးပါတယ် ။

ဒီ Website ကလေးတွေကတော့ ဗေဒင်ဝါသနာရှင်တွေအတွက် တကယ့်ကို အသုံးဝင်မယ့် Website ကလေးတွေပါပဲ ။ အချို့  website တွေက မြန်မာလို အဖြေပြန်ပေးပေမယ့် အချို့  website တွေကတော့ English လိုပဲအဖြေပြန်ပေးပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါသနာပါတယ်ဆိုရင်တော့ မှန်မမှန် ကိုယ်တိုင်ပဲ မေးကြည့်ကြပါတော့နော် ... 

Athena
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ဒီလို အချစ်မျိုးနဲ့ ချစ်ကြည့်ပါ !

အများကြီးနဲ့
more

Khwarnyo

Share  224 Views