Idol ထိ ဓါးကြည့် အဖြစ်ကြုံခဲ့ရတဲ့ မောင်နှမနှစ်ယောက် 

Lifestyle
01/02/2018
453 views
Korea Idol တွေရဲ့ စန်းကတော့ တကယ့်ကိုအံ့မခန်းစရာပါ ။ နိုင်ငံတကာမှာသူတို့ကိုအားပေးတဲ့ ပရိတ်သတ်အမြောက်အများရှိပါတယ် ။ အချို့ ကဆို သူတို့အရမ်းနှစ်သက်တဲ့ Idol တွေကို စိတ်ထဲနှစ်ပြီး ပြင်းပြင်းထန်ထန်အားပေးတတ်ကြပါတယ် ။

   

ဒီလို အားပေးတဲ့ Idol ကိုလာထိလို့ကတော့ အလွန်ဒေါသထွက်တတ်တာပါ ။ ခုဖြစ်ရပ်လေးတစ်ခုဟာဆိုရင် Idol ထိ ဓါးကြည့်လို့တောင် ဆိုရမလိုပါပဲ ။ အကို ဖြစ်သူအားပေးတဲ့ Idol ကို ညီမက စော်စော်ကားကားပြောဆိုတဲ့အတွက် စိတ်မထိန်းနိုင်ပဲ ဓါးနဲ့ ဆွဲထိုးခဲ့တာပါတဲ့ ။

   

အကြမ်းဖက်ခံရတဲ့ ညီမဖြစ်သူက သူမရဲ့ အကိုက ကျောင်းထွက်ပြီး အိမ်မှာပဲနေပါတယ် ။ သူ့အခန်းထဲမှာလည်း Korea အဆိုတော်မလေးတွေ ကနေတဲ့ ပုံတွေ အများကြီးကပ်ထားတာပါ လို့ ဆိုပါတယ် ။ ထပ်မံပြောဆိုတာက သူမအကို က Idol ပုံတွေကပ်ပြီးအားပေးရုံပဲ တတ်နိုင်တဲ့ Fan Boy တစ်ယောက်လို့ ဆိုပါတယ် ။ ဓါးနဲ့ထိုးခံရတဲ့ အဖြစ်ထိဖြစ်ခဲ့တာက သူမအကိုအားပေးတဲ့ အဆိုတော် မိန်းကလေးက ကျောင်းမှာ သူများတွေကိုအနိုင်ကျင့်ဖူးတယ်လို့ သတင်းတွေထွက်လာတာမို့ 
" နင်က ကျောင်းမှာအနိုင်ကျင့်ရမ်းကားတဲ့သူရဲ့ Fanboy ပဲ " လို့ ပြောလိုက်မိရာကစတာပါ ။ အငြင်းအခုန်တွေဖြစ်ခဲ့ကြပြီးနောက် သူ့အကိုက ဓါးကိုယူလာပြီး သူမကိုထိုးခဲ့တာလို့ ဆိုပါတယ် ။ သို့ပေမယ့် သူမကရှောင်လိုက်နိုင်တာကြောင့် ဒဏ်ရာတော့မရခဲ့ပါဘူး ။ အဲဒီလို ဓါးနဲ့ ထိုးပြီးနောက် မိဘတွေပါရောက်လာခဲ့စဉ်မှာတော့ အကိုဖြစ်သူက သူ့အခန်းကို Lock ချပြီး အခန်းထဲမှာ ငိုနေတယ်လို့လည်း သူမက ထပ်ဆိုခဲ့ပါတယ် ။ 

   

သူ့ Idol ကို ဘယ်လောက် ချစ်တဲ့ Fan Boy လဲ ... သူငယ်ချင်းတို့မှာရော Idol ထိ ဓါးကြည့်လို့ ဆိုရလောက်အောင် ရူးရူးသွပ်သွပ်ကြိုက်တဲ့ Idol တွေရှိရင်ပြောသွားခဲ့လေနော် ... 

   

Athena 
Source : koreaboo

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ဒီလို အချစ်မျိုးနဲ့ ချစ်ကြည့်ပါ !

အများကြီးနဲ့
more

Khwarnyo

Share  224 Views