သက်ရှိ စင်ဒရဲလားမင်းသမီးလေး ( သို့ ) ဘူတန်ဘုရင်မ

Lifestyle
01/02/2018
639 views
သူမကတော့ ကမ္ဘာမှာ အသက်အငယ်ဆုံး ဘုရင်မလို့ ဆိုရမှာပါ ။ အသက် ၂၇ နှစ်သာရှိသေးပေမယ့် ဘူတန်ပြည်သူတို့ရဲ့ နှလုံးသည်းပွတ် မိဖုရားတစ်ပါး ဖြစ်နေပါပြီ ။ 

   

မိန်းကလေးတိုင်းဟာ ပုံပြင်ဆန်ဆန် အချစ်ဇာတ်လမ်းမျိုးမှာ ချောမောတဲ့ မင်းသားလေးနဲ့ ဖူးစာဆုံချင်ကြပါတယ် ။ သူမကတော့ ဒီအိပ်မက်ကို တကယ်ပြည့်ဝခဲ့သူပါ ။  သက်ရှိစင်ဒရဲလားလို့ ဆိုရလောက်အောင် သူမရဲ့ အချစ်လမ်းခရီးက ပုံပြင်ဆန်ပြီး နဲ့ ချောမောတဲ့ ဘုရင်ရဲ့ ချစ်ခင်မြတ်နိုးခြင်းနဲ့ အတူ ဘုရင်မနေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ် ။ ဘုရင်ကြီး အသက် ၁၇ နှစ်အရွယ် သူမ အသက် ၇ နှစ်အရွယ်မှာ သူတို့နှစ်ယောက်ပထမဆုံးဆုံတွေ့ခဲ့ပြီး အိမ်ရှေ့ မင်းသားလေး Jigme Khesar Namgyel Wangchuck က သူမကို အရွယ်ရောက်ရင်လက်ထပ်မယ်လို့ ကတိပေးသွားခဲ့ပါတယ် ။

   

အဲဒီလိုကတိပေးတဲ့ အတိုင်းပဲ တကယ်လည်း လက်ထပ်ခဲ့ပါတယ် ။ သာမန်အရပ်သူလေးကို မိဖုရားမြောက်လိုက်တာပေမယ့် ဘုရင်မင်းကြီးကလည်း တကယ့်ကို ချစ်မြတ်နိုးတယ်ဆိုတာ သိသာစေတဲ့ တစ်ချက်ကတော့ မိဖုရားပြိုင်တောင် မရှိတာပါပဲ ။ မင်းကြီးရဲ့ ဖခင်ဘုရင်ကြီး လက်ထက်ကတောင် မိဖုရား သုံးပါးရှိခဲ့ပေမယ့် လက်ရှိဘူတန် ဘုရင်ကတော့ ဒီမိဖုရားတစ်ပါးထဲသာလက်ထပ်ထားတာဖြစ်ပြီး နောက်ထပ် ဘယ်မိဖုရားမှာ ထပ်ရှိလာတော့မှာမဟုတ်ဘဲ တစ်အိမ်ထောင် စနစ်ကိုပဲကျင့်သုံးမယ်လို့ မင်းကြီးက ဆိုထားခဲ့တာမို့ ဒီမိဖုရားကို ဘယ်လောက်တောင် တန်ဖိုးထားလိုက်သလဲဆိုတာ သိမြင်နိုင်ပါတယ် ။

   

သူမ မိဖုရားဖြစ်လာခဲ့စဉ်က အသက် ၂၁ နှစ်အရွယ်သာရှိပါသေးတယ် ။ ဘုရင်ကြီးကတော့ ၃၁ နှစ်မှာ သူတို့လက်ထပ်ပွဲကိုပြုလုပ်ခဲ့ကြတာပါ ။ ဒီလိုအချစ်တွေနဲ့ ထုံမွှန်းထားတဲ့ သူတို့နှစ်ယောက်မှာတော့ ခုဆို ချစ်စရာ တစ်နှစ်အရွယ်သားလေးတစ်ယောက်တောင် ဖွားမြင်ခဲ့ပြီးပါပြီ ။ ခုချိန်ထိလဲ လှပဆဲ မိဖုရားနဲ့ ခန့်ငြားတဲ့ ဘုရင်ကြီးတို့စုံတွဲဟာတော့ နိုင်ငံတကာမှာ နာမည်ကျော်ကြားပါတယ် ။

   

သူတို့နှစ်ယောက်စလုံးဟာ England မှာပညာသင်ကြားခဲ့ကြတာမို့ ပညာတတ်တွေပီသစွာပဲ တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ မိဖုရားကပါ ဘုရင်ကြီးကို အထောက်အကူပြုပေးနိုင်နေတာပါ ။

   

2006 ခုနှစ်မှာ စတင်နန်းတက်ခဲ့တဲ့ ဘူတန်ဘုရင်ကြီးက ကမ္ဘာမှာ အသက်အငယ်ဆုံးဘုရင်တစ်ပါးဖြစ်ပေမယ့် သူအုပ်ချုပ်တဲ့ ဘူတန်တိုင်းပြည်က ကမ္ဘာနေချင်စရာအကောင်းဆုံး ၁၀ နိုင်ငံထဲမှာပါဝင်ပြီး သဘာဝတရားမပျက်ယွင်းသေးတဲ့ တိုင်းပြည်တစ်ခုဖြစ်ကာ နိုင်ငံရေး အေးချမ်းတည်ငြိမ်မှုရှိပါတယ် ။

   

အသက်အငယ်ဆုံး အုပ်ချုပ်သူတွေဖြစ်ကြတဲ့ သူတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ပြည်သူတွေချစ်တဲ့ ဘုရင်နဲ့ ဘုရင်မအဖြစ် ဘူတန်ပြည်မှာတင်မကဘဲ ကမ္ဘာတစ်ဝှမ်းနာမည်ကျော်ကြားနေတော့တာပါပဲ ... စင်ဒရဲလားပုံပြင်လေးက အသက်ဝင်လာသလိုပဲ မဟုတ်လား သူငယ်ချင်းတို့ရေ ... 

 

Writer - Athena 

 
Shareလုပ်ပြီးအမှတ်များရယူပါ
1 Aavapoints

Trending:

ဒီလို အချစ်မျိုးနဲ့ ချစ်ကြည့်ပါ !

အများကြီးနဲ့
more

Khwarnyo

Share  224 Views