ပေါက်ပေါက်ဆုပ်

Food & Recipies
30/01/2017
218 views
မြန်မာ့ရိုးရာစားစရာ တစ်မျိုးဖြစ်တဲ့ပေါက်ပေါက်ဆုပ်ကို ကျွန်တော်တို့အထက်ချင်းတွင်းဒေသ မှာ အိမ်ရှေ့ဧည့်ခံမုန့်ပဲသရေစာ အနေဖြင့်လည်းကောင်း၊အလှူမင်္ဂလာ လက်ဆောင်ပြန်အနေဖြင့်လည်းကောင်း၊ဘုရားဆွမ်းတော် ကပ်လှူရာတွင်လည်းကောင်းအသုံးပြုကြပါတယ်။ဓာတုပစ္စည်းမပါ သဘာဝအတိုင်း လက်ဖြင့်ပြုလုပ်တဲ့ပေါက်ပေါက်ဆုပ် ပြုလုပ်ပုံတစ်ပုံခြင်းစီမှာ ကြည့်ရှုနိုင်ပါတယ်။

🚩ပြုလုပ်ပုံအဆင့်ဆင့်🚩

ရင့်မှည့်လွန်ကောက်ညှင်းစပါးစေ့များကိုမီးပြင်းပြင်းထည့်ပြီးဒယ်အိုးထဲမှာလှော်ပါတယ်။ပေါက်ပေါက်ဖောက်မည့် ကောက်ညှင်းစပါးစေ့ဟာရင်မှည့်လွန်လေ ပိုပွရွပြီးစားလို့ကောင်းလေပါ။သွက်သွက်ကလေးမွေပေးရင်း ပေါက်ပေါက် ပေါက်ပေါက်အသံပြုလို့ အစေ့လေးတွေဟာအဖြူရောင်အဆင်းနဲ့ပွင့်ထွက်လာပါတယ်။ပေါက်ပေါက်ပွင့်ပေါ့။ရလာတဲ့ပေါက်ပေါက်ပွင့်တွေကို စကော၊စကာ တို့နဲ့ ခဲ၊စပါးခွံတို့ ဖယ်ထုတ်ပါတယ်။

အဲဒီလိုဖယ်ထုတ်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း သန့်စင်ကောင်းမွန်သော ကြံသကာကို မီးနဲ့လက် မပြတ် ကျိုပေးနေပါတယ်။ကျိုထားတဲ့ကြံသကာရည်ရမရကို ရေအေးထည့်ထားတဲ့ဇလုံထဲမှာ အနည်းငယ်ယူပြီး ထည့်ပါတယ်။ခဲသွားပြီဆိုရပါပြီ။ကြံသကာရည်များကို သန့်စင်ပြီးသောပေါက်ပေါက်ပွင့်များပေါ်လောင်၍နယ်ပါတယ်။
နယ်လို့နှံ့ တဲ့အချိန်မှာ ပေါက်ပေါက်ပွင့်များကို ဆုပ်ပါတော့တယ်။ပေါက်ပေါက်ဆုပ် အလုံး၊ ကန်တော့ချွန်ပုံ မှာယူသူ စိတ်တိုင်းကျလုပ်ထားပါတယ်။နောက်ဆုံးမှာ လတ်ဆတ်၍ကျွတ်ရွ သော ပေါက်ပေါက်ဆုပ် စားသုံးရန်အသင့်ဖြစ်ပါပြီ။

ဟုမ္မလင်းမြို့နယ် နားနှုံး ရွာလေးမှာ ကန်တော့ချွန်ပုံ တစ်ခု ငါးရာ၊ အလုံးလေးတွေ ငါးလုံးပါ တစ်ထုတ်ငါးရာကျပ်ပါ။ပြုလုပ်ပုံများ စိတ်ရှည်စွာပြောကြားပေးတဲ့ မပန်းဆီ ကျေးဇူးပါ။
#ပေါက်ပေါက်ဆုပ်ကို ရှမ်းအခေါ် #ခေါက်တိုက် ပါ။
ခရက်ဒစ် မူရင်းရေးသားသူ                                 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  597 Views