ဂဏန်းမဆလာချက်ကျမယ်

Food & Recipies
30/01/2017
185 views
ဂဏန်း မဆ ချက် လေး ချက် ရအောင်

(1) ဂဏန်းတွေကို ရေဆေးပြီး ရင်ဘတ်ခြမ်းက အပြင်ခွံလေးတွေ အရင်ခွာပါ။

(2) ပြီးမှ ဂဏန်းရဲ့ အောက်ပိုင်းကနေနှစ်ခြမ်းခွဲလိုက်ပါ။ အပေါ်က အခွံမာတစ်ခြမ်း၊ အောက်က ကိုယ်ထည် တစ်ခြမ်းစီဖြစ်သွားတော့မှ အတွင်းပိုင်းက အတက်လေးတွေ ခွာထုတ်လိုက်ပါ။

(3) လက်မတွေကို သီးခြားဖြုတ်ပြီး ငရုတ်ကျည်ပွေ့နဲ့ တစ်ချက် နှစ်ချက် ထုလိုက်ပါ။ ထို့  နောက် ရေဆေးသန့်စင်လိုက်တယ်။ 
ပြီးတော့ ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ထားတယ်။ အခုနက ဖြုတ်ထားတဲ့ ကျောပိုင်း(အပေါ်ပိုင်း) အခွံမာထဲက အညစ်အကြေးကိုထုတ်ပစ်ပြီး အဆီလေးတွေကို ပန်းကန်တစ်ချပ်မှာ ဖယ်ယူထားပေးပါ။ အခွံမာကို ပစ်လိုက်ပေးပါ။

(4) ကြက်သွန်ဖြူနဲ့ ဂျင်းကို ညက်ညက်ထောင်းလိုက်ပါ။ ကြက်သွန်နီကို လည်း အနှစ်ရအောင် သဘောင်္ခြစ်နဲ့  ခြစ်ထားလိုက်ပါ။

(5) ဆီအိုးတည်ပြီး ပူလာရင် ဆနွင်းလေး နည်းနည်းထည့်ပြီး  ကြက်သွန်ဖြူနီဂျင်းကို ရောပြီး ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်ပါ။ ကြက်သွန်ကျက်ပြီး ဆီသတ်နံ့မွှေးရင် မဆလာများများလေးထည့်ပြီး ဆီသတ်ပေးပါ။ တဆက်တည်း အရသာနယ်ထားတဲ့ ဂဏန်းတွေထည့်လုံး၊ အပေါ့အငံထည့်၊ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်တည်ပါ။

(6) ဂဏန်းကျက်ပြီး အရသာ အနေတော်ဆို မဆလာနဲ့ ငရုတ်ကောင်းမှုန့်လေးအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။ ဆိမ့်ဆိမ့်လေးကြိုက်သူများကတော့ ကြ်ဥတစ်လုံးကို ခလောက်ထည့်ရင်ပိုပြီး အရသာရှိပါတယ်။ပင်စိမ်းလေးအုပ်ရင် ပိုပြီး မွှေးပါတယ်။                        
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  597 Views