ရာသီပေါ်မရမ်းသီးလေးတွေကို အမျိုးမျိုးလုပ်စားရအောင်

Food & Recipies
29/01/2017
349 views
မရမ်းသီးကို လူတို့ ဘယ်ခေတ် ဘယ်အခါကာလ က စတင်တွေ့ရှိ စားသုံးခဲ့ကြသည် မသိရသော်လည်း မြန်မာတို့ကမူ ခံတွင်းမြိန်စားစရာအသီးတစ်မျိုးအဖြစ် စားသုံးကြပေသည်...
. မြန်မာတို့ စားသုံးကြသည့် မရမ်းသီးလုပ်နည်းများမှာ ကား 
 မရမ်းသီးစိမ်း အား - မရမ်းသီးငပိထောင်း 
                                  မရမ်းသီး ငါးပိကြော် / 
                                  မရမ်းသီးငါးပိချက် 
                                   မရမ်းသီးသုပ် 
...မရမ်းသီး အမှည့်ကား ယေဘူယျ အားဖြင့် အချို အချဉ် ၂ မျိုး တွေ့ရှိရပြီး များသောအားဖြင့် အချိုကို ဒီအတိုင်းစားကြပြီး အချဉ်သီးကိုမူ ငရုတ်သီးမှုန့် ငံပြာရည် ငါးပိတို့ဖြင့် သုပ်စားကြသည် . အလုံးလိုက် ခွဲကြောင်းပေး မွှန်းကာ အစေ့များထည့်သုပ်ပြီး  ငံပြာရည် ဝ နေသော မရမ်းစေ့ အားမြုံစုပ်ရသည်မှာလည်း ဇိမ်တစ်မျိုးပင် 😜😂😂
.. ရှေးက အသားနက်နက် နှင့် ကုလားလူမိုက် မရမ်းသီး ဆိုသူ ရှိခဲ့သော်လည်း သူ့အားမူ စား၍ စုပ်၍တော့မရချေ 😂😜
 ..မရမ်းသီးစိမ်းအရင့်အားခွဲကာ အခြောက်လှမ်း၍ မရမ်းပြားခြောက် , မရမ်းယို ,မရမ်းသီးသနပ် စသည်ဖြင့်လည်း ပြုလုပ်ကြကာ မရမ်းပြားခြောက်အား မွန်လူမျိုးတို့က ရိုးရာဟင်းများတွင် ( ဝက်သားမရမ်းပြားနှပ် , ငါးသလောက်မရမ်းပြားရေကျိုချက်,,) စသဖြင့်ထည့်ချက်စားကြပေသည် ..
 ..ယခုမူ ပေါ်ကာစ မရမ်းသီးစိမ်းအား ပုစွန်ခြောက်မညက်တညက်,  မြိတ်ငါးပိစိမ်းစား, ငြုတ်စိမ်းစပ်စပ် တို့ဖြင့် ဆောင်းရာသီ အမှီမရမ်းသီးစိမ်းငါးပိချက် အား ချက်ပြီးသကာလ ထမင်းပူပူနှင့် အပီလွေးပါတော့မည် 😂😂😂

ထိုနည်း၎င်း မရမ်းသီးစိမ်းငပိထောင်းနည်းအား အများသူငါ သရည်ကျစေရန်အလို့ငှါ တင်ဆက်လိုက်ရပါကြောင်း......

မရမ်းသီးစိမ်းငါးပိထောင်း
°°°°°°°°°°°°°°°°°°°°°°

မရမ်းသီးနုနု.....................၂၀လုံးခန့်
ကြက်သွန်ဖြူ......................၅တက်
ငရုတ်သီးစိမ်း.. ..................၁၅တောင့်ခန့်
မျှင်ငါးပိ............................၁ဇွန်း
ပုစွန်ခြောက်......................၁ဇွန်း
ပဲဆီသန့်..........................၃ဇွန်းခန့်

မရမ်းသီးကိုထက်​ခြမ်းခွဲပြီးအ​စေ့ထုတ်​၊ခပ်​ပါးပါးလှီးပါ။
မရင့်​​သေးတဲ့အတွက်​ဆားထည့်​နယ်​ပြီး​ဆေးဖို့မလို​သေးပါဘူး။

ရေ​​ဆေးပြီး​ရေစင်​​အောင်​ညှစ်​ထုတ်​ထားပါ။

မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။

လှော်ထားတဲ့ငရုတ်သီးအရောကိုဦးစွာညှက်အောင်ထောင်းပါ။ညှက်သွားလျှင်မီးကင်ထားတဲ့ငါးပိထည့်ထောင်းပါ။

သမအောင်မွှေထောင်းပြီးပြီဆိုမှပါးပါးလှီးထားတဲ့မရမ်းသီးတွေထည့်ထောင်းပါ။

ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပြီးအနည်းငယ်သမသွားအောင်ထောင်းပါ။

နှစ်သက်ပါကပဲဆီသန့်သန့်လေးလောင်းထည့်ပြီးမွှေပေးပါ။

မရမ်းသီးဈေးကတော့ ၁၀သားတစ်ထောင်နဲ့ကျွန်မတို့ဈေးမှာတော့ အသားထက်ဈေးကြီးနေပါကြောင်း😢
                         
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Aavashare Mym 29/01/2017 at 07:27 AM

Yummy

Aavashare Mym 29/01/2017 at 09:26 AM

Dear Blogger, Congratulations! Your Blog qualifies for our our Blogger Reward promotion. Please go to your and make sure your fill in your contact email and mobile number as soon as possible. We will be contacting you soon. Keep Posting, Sharing & having Fun with Aavashare"

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  598 Views