ဝက်သားတုတ်ထိုးချက်ကြမယ်

Food & Recipies
26/01/2017
243 views
          

ဝက်သားတုတ်ထိုးပြုလုပ်နည်း
  • အူမကြီး
  • အူချို
  • အူပိတ်
  • အသည်း
  • ကျောက်ကပ်
  • နှလုံး
  • နားရွက်
  • ၀က်ပါး
  • မျက်လုံး
  • လျှာ
 အားလုံးတို့ကို
မကျည်းသီးမှည့်
အနည်းငယ်ဖြင့်
ရေအထပ်ထပ်ဆေးပါ။
ဝက်သားတုတ်ထိုးထဲမှာဝက်အူပိတ်က
စားရတာအရသာရှိပြီး
လုပ်ရတာအနည်းငယ်လက်ဝင်ပါတယ်။
အထပ်ထပ်အရစ်လေးတွေဖြစ်အောင်
အူပိတ်ကိုအတွင်းဘက်ကိုလှန်ပြီး
ရှာလကာရည်ဖြင့်ရေဆေးရပါတယ်။
ရေဆေးရာနိုက်ရှာလကာရည်များသွားရင်
ဝက်အူများပြဲတတ်ပါတယ်။
**အနည်းငယ်သာသုံးပါ။**
အတွင်းသားကိုအပြင်ဖက်သို့
နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီးအတွင်းထဲသို့ရေထိုးထည့်ပါ။
အပြင်ဘက်သို့ပြန်လှန်သည့်အတွက်နှစ်ထပ်ဖြစ်ကာ(၅)လက်မလောက်အရှည်ဘဲရှိပါတော့တယ်။
 
 
ချက်မည့်အိုးထဲသိှု့ဆီပါတယ်ဆိုရုံမျှထည့်ပါ သကြားကိုဝက်ကလီစာများပေါ်မူတည်ပြီး
အချိန်အဆများမှန်းပြီးအသင့်တင့်ကြော်ပါ။ကျောက်ကပ်မှလွဲပြီးကျန်တဲ့ကလီစာများအားလုံးကိုထည်ံပြီးကြော်ပေးပါ။
နူးအောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသောဂျင်း၊ကြက်သွန်ဖြူ၊နှင့်ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်အသင့်တင့်ထည့်ပြီး
နူးအောင်တည်ပါ။ပြုတ်လျှင်ရှာလကာရည်ထည့်စရာမလိုပါ။နူးပြဲကုန်ပါလိမ့်မယ်။
 
အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင်ဝက်အူပိတ်၊အူချိုနှင့် ကလီစာများပျော့အိအိမဖြစ်ပဲတောင့်တောင့်တင်းတင်းလေးဖြစ်ကာ
ဝက်အညှိနံ့လုံးဝပျောက်ကင်းပါတယ်။အရသာလည်းကွာပါတယ်။အုန်းစိမ်းရေမထည့်လျှင်ဝက်အူပိတ်၊အူချိုမကောင်းဘဲနေတတ်ပါတယ်။
ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ နှင့်ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့်ကျောက်ကပ်ကိုသက်သက်ခွဲပြီးကျက်အောင်ပြုတ်ပါ၊
ပြုတ်ပြီးသားကြက်ဥများကို ပွတ်ပွတ်ဆူနေသောဝက်သားတုတ်ထိုးထဲသို့ အခွံခွာပြီးထည့်ပါ။မိနစ်အနည်းငယ်ထည့်ပြီးပြန်ဆယ်ထားပါ။
ဝက်ကလီစာများနူးလျှင်ကြိုက်နှစ်သက်ရာလှီးပြီးအချဉ်ရည်လေးဖြင့်တွဲဖက်ပြီးစားသုံးနိုင်ပါပြီ၊
အချဉ်ရည်
မကျည်းသီးမှည့် ကိုရေနွေးဖြင့်၁နာရီလောက်စိမ်ထားပါ၊မကျည်းရည်ထဲသို့ငံပြာရည်၊ငရုတ်ဆီအချဉ်ထည့်ပါ၊ထန်းညက်ခဲအသင့်တင့်ကို
ရေနွေးဖြင့်ကျိုပြီးထည့်ပါ၊ညက်အောင်ထောင်းထားသောဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ငရုတ်သီးအရောင်တင်မှုန့်နံနံပင်တို့ကိုမကျည်းရည်ထဲသို့
နှံ့အောင်ရောမွှေပေးပါ။အပေါ့အငံမြည်းကြည့်ပြီးလိုအပ်မှဆားထည့်ပါ။
 
             
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Aavashare Mym 26/01/2017 at 09:05 PM

Yummy. Looking at these pictures makes me hungry again

Aavashare Mym 26/01/2017 at 09:07 PM

Where is this shop? Please give us the address or even link Google Map of your favourite shop, Thanks!

Aavashare Mym 29/01/2017 at 09:38 AM

Dear Blogger, Congratulations! Your Blog qualifies for our our Blogger Reward promotion. Please go to your PROFILE and make sure your fill in your contact email and mobile number as soon as possible. We will be contacting you soon. Keep Posting, Sharing & having Fun with Aavashare.

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  645 Views

Interior Designersများအတွက်​အသုံးဝင်​မဲ့app

သင်ကဒီဇိုင်းမှဒီဇိုင်းပြဲဖစ်နေလား?စာတွေဖတ်နေရတာရောပျင်းနေပြီလား?
more

Thomas

1 Share  389 Views