ရန်ကုန်မြို့ကအလင်းဆိုင်Gallery Cafeလေးအကြောင်း

Food & Recipies
26/01/2017
196 views
ဒီနေ့မှာတော့ ဆိတ်ငြိမ်အေးချမ်းပြီး အင်မတန်မှအနုပညာဆန်တဲ့ Gallery Cafe လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။☺☺

Facebook ပေါ်မှာလည်း Reviewတစ်ချို့မြင်မိကတည်းက သွားမယ် သွားမယ်နဲ့ ဒီနေ့မှရောက်ဖြစ်ပါတယ်။အိမ်နဲ့လဲနီးပါလျက်နဲ့အခုမှ သွားဖြစ်တယ့်ကိုယ့်ကိုကိုယ်တောင်အပြစ်တင်မိပါတယ်။😪

ဆိုင်လေးရောက်တော့ပန်းချီကားလေးတွေမြင်ဟိုငေးဒီငေးလုပ်နေတုန်း ဆိုင်ပိုင်ရှင်အမေကစကားပြောလို့
စပ်စုခဲ့ပါတယ် 😁

အမေတို့ကအငြိမ်းစားအစိုးရဝန်ထမ်းဟောင်းတွေဖြစ်ပါတယ်။ဒီဆိုင်နေရာလေးမှာထမင်းဆိုင်လေးဖွင့်ဖို့ရည်ရွယ်ချက်ကနေ အနုပညာကိုဝါသနာပါတဲ့ သမီးဖြစ်သူပန်းချီဆရာမ (မအိ)ရဲ့အကြံဉာဏ်နဲ့ ဒီgallery cafe လေးကိုဖွင့်ဖြစ်ခဲ့တာပါတဲ့။

အမေတို့ရဲ့ရည်ရွယ်ချက်က ကျွန်မတို့ယနေ့မြင်နေတွေ့နေရတဲ့ အနုပညာယဉ်ကျေးမှုပစ္စည်းတွေဟာ ကျွန်မတို့သားစဉ်မြေးဆက် လက်ထက်နောင်အနှစ်၂၀ ၃၀ရောက်ရင် တွေ့မြင်ဖို့ခက်ခဲတဲ့ပစ္စည်းတွေဖြစ်သွားမှာစိုးတဲ့အတွက် ဒီနေရာလေးမှာတစ်စုတစ်စည်းထဲ မြင်နိုင်အောင်လဲ တတ်နိုင်သလောက်စုစည်းထားတဲ့သဘောပါတဲ့။

ဥပမာ အိုးပုတ်လေးတွေ၊ခုံဖိနပ်လေးတွေ၊ရွှေသွေးကာတွန်းစာစောင်တွေ၊ငွေအကြွေစေ့လေးတွေ၊စည်းနဲ့ဝါးလေးတွေ အစုံပါပဲ။

Gallery cafe ဆိုတဲ့သဘောအတိုင်းလဲ ပြသအလှဆင်ထားတဲ့ အနုပညာပန်းချီလက်ရာတွေကို ဝယ်ယူအားပေးလို့လဲရပါတယ်။ဒါမှမဟုတ် 
ထူးအိမ်သင်သီချင်းလေးတွေပြန်လည်ခံစားရင်း အေးအေးဆေးဆေးကော်ဖီသောက်မယ် အစားအစာစားမယ်ဆိုရင်လဲ ရပါတယ်။ ရရှိနိုင်တဲ့အစားအစာတွေနဲ့ဈေးနှုန်းတွေကိုတော့ဓာတ်ပုံလေးရိုက်ပေးထားပါတယ်နော် ☺

ဒါမှမဟုတ် ဟိုအရင်က(90's kidတွေ)အကြိုက်ကာတွန်းရုပ်ပြတွေ၊ကဗျာစာအုပ်တွေနဲ့ဝတ္ထု တွေကိုဖတ်ရှုချင်တယ်ဆိုလဲရပါသေးတယ်။ဆားငံသီးလေးတွေလဲခုံပေါ်တင်ပေးထားတယ်စာဖတ်ရင်းစားရအောင် 😉

ကလေးငယ်တွေပါလာ လို့အပျော်တမ်းပန်းချီဆွဲချင်တယ်ဆိုရင်လဲနေရာလေးလုပ်ပေးထားပါတယ်။

ဒါ့အပြင်ဂီတဝါသနာပါတဲ့မိသားစုတွေပဲဖြစ်ဖြစ်၊သူငယ်ချင်းအဖွဲ့လိုက်ပဲဖြစ်ဖြစ် ဂစ်တာတီးသီချင်းဆိုဖို့ တီးဝိုင်းနေရာလေးလဲလုပ်ပေးထားပါတယ်။သီချင်းစာသားတွေနဲ့သံစဉ်နုတ်တွေလဲရေးပေးထားတာမို့ မေ့နေရင်လဲစာအုပ်လှန်ကြည့်ပြီးတီးလို့ရပါသေးတယ်။

အစားအသောက်တွေကလဲအိမ်ချက်လေးမို့ အရသာရှိပြီး ကျွန်မတို့သွားတဲ့အချိန်က မရမ်းသီးငပိထောင်းလေးလက်ဆောင်ထည့်ပေးလို့ ထမင်းလဲပိုမြိန်ခဲ့ရပါတယ်။ကျွန်မတို့ကတော့ထမင်း၊လ္ဘက်သုပ်၊ကြက်သွန်ကြော၊်ဘူးသီးဟင်းခါး၊ဆိတ်သားထောင်း၊အလင်းဆိုင်ကော်ဖီနဲ့ထောပါတ်သီး(လက်ဖျော်)တို့စားခဲ့ကျပါတယ်။ဈေးကလဲအရမ်းမကြီးတဲ့အပြင်ရေနွေးကြမ်းအိုးလေးလဲချပေးပါတယ်။😋ဒါ့အပြင်
 ဝိုင်လဲ(တစ်ခွက်ချင်း၊ပုလင်းလိုက်)ရသေးတာမို့
ဆရာထူးအိမ်သင်သီချင်းလေးနားထောင်၊ 
ဝိုင်လေးနဲ့ညိမ့်ဆိုလို့ကတော့သာယာလိုက်မယ့်ဖြစ်ချင်းပါနော် 😁

ကဲဒီလောက်တောင်ညွှန်းပြီးပြီဆိုတော့ကာ
ဓာတ်ပုံလေးတွေထပ်ကြည့်ပြီး အားမရပါနဲ့
ကိုယ်တောင်သွားဖြစ်အောင်သွားပါလို့.....😁😁
အရမ်းကိုအနုပညာဆန်ပြီး၊ရန်ကုန်မှာမြင်ရခဲတဲ့နေရာလေးမို့ကျွန်မကတော့ သွားရောက်ဖို့တိုက်တွန်းချင်ပါတယ်။
နေရာ.... အမှတ်(၁၀၅၁)၊ပြည်ထောင်စုလမ်းမ၊
၇၊၈ လမ်းဆုံအနီး၊မြောက်ဒဂုံမြို့နယ်ပါ။

Rating ပေးရမယ်ဆိုရင်တော့ 5 starပါပဲရှင်။
စာအရေးအသားအမှားရှိရင်လဲခွင့်လွှတ်လေနော်
်😜😁
ဖတ်ရှုအားပေးမှုကိုအထူးကျေးဇူးတင်ပါတယ် 
☺☺   ဆိုင်အဝင်လေး   ဝိုင်လောက်တော့ရပါ၏ 😁😁   အိုးပုတ်၊စုဘူး၊စည်းနဲ့ဝါး၊ပတ္တလား   ခုံဖိနပ်လေးတွေ   ကလေးတွေပန်းချီဆွဲဖို့နေရာလေး   ဆိုကျမယ် ဟဲကျမယ်
    အရင်ခေတ်နှစ်ဆယ့်ငါးကျပ်တန်နဲ့လုပ်ထားတဲ့အနုပညာလက်ရာလေး   စာဘူးတောင်းတွေနဲ့အလှဆင်ထားတဲ့juice bar လေး
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints
Aavashare Mym 26/01/2017 at 06:52 PM

Great Blog! 👏👏👏

Amanda Ko 26/01/2017 at 07:31 PM

Thanks ☺

Aavashare Mym 29/01/2017 at 09:39 AM

Dear Blogger, Congratulations! Your Blog qualifies for our our Blogger Reward promotion. Please go to your PROFILE and make sure your fill in your contact email and mobile number as soon as possible. We will be contacting you soon. Keep Posting, Sharing & having Fun with Aavashare.

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

Sales လား?Marketing လား?

Sale လား၊ Marketing လား ?
more

Amanda

Share  597 Views