My Yangon Best Kept Secret (ကမ္ဘာအေးဘုရားလမ်းပေါ်က Cafe' Lab)

Food & Recipies
23/06/2017
424 views
ကျွန်တော်က ကော်ဖီကိုစွဲစွဲလမ်းလမ်း သောက်တတ်သူတစ်ယောက်ပါ။ အမြဲလိုလို ကော်ဖီဆိုင်တွေလိုက်ထိုင်တတ်ပြီး ဆိတ်ငြိမ်အေးချမ်းတဲ့နေရာမျိုးက ကျွန်တော့အတွက်အဆင်ပြေပါတယ်။ တစ်နေ့ကျွန်တော် fb ပေါ်မှာ ဒီ cafe' Lab ဆိုတဲ့ ဆိုင်လေးတွေ့ပါတယ်။ဒါနဲ့ပဲကျွန်တော့သူငယ်ချင်းနဲ့ ရောက်ဖြစ်တယ်ဆိုပါတော့ဗျာ ကျွန်တော့ကချော်တွင်းကုန်းဘက်ကလာတာဆိုတော့ ကမ္ဘာအေးဘုရားလမ်းအတိုင်း လာပြီးလမ်းနီလေးကုန်းကျော်တံတားကနေဆင်းလာတယ်ဆို ဘယ်ဘက်အခြမ်းမှာပါ။ဝေယံshowroom မရောက်ခင်နားမှာပါ။လိပ်စာအတိအကျကတော့ အမှတ်(၉၈)E,ကမ္ဘာအေးဘုရားလမ်းမပေါ်၊ဗဟန်းမြို့နယ်ပါ။

ရောက်တာနဲ့ကိုကားပါကင်ကအဆင်ပြေပါတယ်။ဆိုင်ရဲ့အပေါ်ထပ်မှာထိုင်ဖြစ်ပါတယ်။ဆိုင်လေးကသပ်ရပ်ပြီး အလင်းရောင်လဲကောင်းကောင်းရတယ်။service ကလဲတော်တော်ကောင်းပါတယ်။Menu အသစ်တွေလဲအခုထပ်လုပ်ထားသေးတယ်။ဈေးတွေကတော့ billကိုသာကြည့်တော့နော်😉 
ကဲအကြိုက်ဆုံးအပိုင်းရောက်ပါပြီ wifi service ပါ အရမ်းမိုက်ပါတယ်။Youtube ကြည့်ရင် အဝိုင်းလည်မနေသလို၊download ချရင်လဲအရမ်းမြန်ပါတယ်။
Menu လေးတွေကိုလဲဓာတ်ပုံရိုက်လာပေးပါတယ်။wifi ကိုအေးအေးဆေးဆေးcoffeeလေးသောက်ပြီးသုံးချင်တယ်ဆိုရင်တော့သွားပါလို့အကြံပေးချင်ပါတယ်။သူငယ်ချင်းတွေနဲ့လဲအေးအေးဆေးဆေးထိုင်လို့ကောင်းပါတယ်။အချိန်ကမနက် ၇နာရီကနေ ည၁၂နာရီထိဖွင့်ပါတယ်။ဘာတွေရနိုင်လဲဆိုတာနဲ့ ဆိုင်အပြင်အဆင်လေးကိုတော့ ဓာတ်ပုံလေးတွေကိုရှိုးလိုက်တော့။cafe' lab ကတော့ ရန်ကုန်ရဲ့ဆိတ်ငြိမ်အေးချမ်းပြီး လူလဲသိပ်မသိသေးတဲ့ အရမ်းမိုက်တဲ့နေရာပါပဲခင်ဗျာ 

   

 

   

   

 
Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

Interior Designersများအတွက်​အသုံးဝင်​မဲ့app

သင်ကဒီဇိုင်းမှဒီဇိုင်းပြဲဖစ်နေလား?စာတွေဖတ်နေရတာရောပျင်းနေပြီလား?
more

Thomas

1 Share  391 Views