My Yangon Best Kept Secret 💫လှည်းတန်းက ကျိုင်းတုံအစားစာတွေသီးသန့်ရောင်းတဲ့ ဆိုင်အကြောင်းလေးပြောပြမယ်💫

Food & Recipies
21/06/2017
161 views

စာရေးသူက ရှမ်းအစားစာဆို အရမ်းကြိုက်တော့ ရှမ်းဆိုင်ဆို မစားဖူးတာမရှိသလောက်ပေါ့နော်😁 ခုပြောပြမယ့်ဆိုင်လေးက ဈေးလဲသင့်ပြီး လက်ရာလဲကောင်းတဲ့ လှည်းတန်း တာလီရွှေဆိုင်ဘေးလမ်းက တန်းတန်းဝင်သွားရင် ဆိုင်ရှေ့မှာ ဗူးစင်လေးနဲ့အလှဆင်ထားတဲ့ နမ့်ဒေါင်ခမ်းဆိုတဲ့ ဆိုင်လေးပါ☺️  

 

ဘာအစားစာတွေရလဲဆိုတော့........အမျိုးအမည်တွေကတော့ ၂၀ကျော်လောက်ရှိတယ်😃 ရှမ်းခေါက်ဆွဲ ,တို့ဘူးနွေး နဲ့ ကြက်ဥကင်ကတော့ main ပေါ့နော် အမဲလုံးခေါက်ဆွဲ , ကွေ့သယို, ဆီချက်လဲ ရသေးဒယ်နော်....အဲ့မှာထူးခြားတာကတော့ အထောင်းတွေပဲ🤤 တခြားမှာမရနိုင်တဲ့ သခွားသီးထောင်း, ပန်းသီးထောင်း, ခါကြက်ဥထောင်း(မုန်လာဥနီထောင်း ကိုပြောတာ😁), သရက်သီးထောင်း, မုန့်တီထောင်း တွေပါရတော့ ရှယ်ပဲ👍👍 ကိုယ်ဆိုနေ့တိုင်းနီးပါးကို ရောက်တယ်😆

ဈေးတွေကလဲ အများဆုံး ၁၀၀၀ပဲ💥💥

စားစရာတွေပဲရှိတာ မဟုတ်ဘူးနော်.....သောက်စရာတွေလဲ ရသေးတယ် 🤗 ဒိန်ချဉ်နဲ့ ဆားငံသီးဖျော်ရည်ကတော့ ကိုယ်အကြိုက်ဆုံးပဲ😋😋 ဒိန်ချဉ်ကိုလဲ အသီးမျိုးစုံနဲ့ရသေးတယ် ဈေးကတော့ ၆၀၀ ကနေ ၁၂၀၀ထိပေါ့😉 ရာသီပေါ်အသီးဖျော်ရည်တွေလဲရသေးတယ်🤗🤗 

 

သန့်ရှင်းသပ်ရပ်ပီး ဈေးလဲအသင့်တင့်မို့ လှည်းတန်းရောက်လို့ ဘာစားရမလဲ ရွေးရခက်နေရင် အဲ့ဆိုင်လေးကိုသွားစားကြည့်ပါလို့....👍🙌

Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   á€±á€†á€¸á€˜á€²á€¥á€€á€­á€¯á€•á€² လူတွေက
more

Thomas

1 Share  650 Views