ံကိုယ့်အတွေး နဲ့ကိုယ် ဘဝအမောတွေပြေပါစေ။

Food & Recipies
10/06/2017
447 views

ဈေးဘန်းလေး ရွက်ပြီး အကြော်ရောင်းတဲ့ လူတယောက်ရှိတယ် ... သူက အမြဲရောင်းနေကျ ... တနေ့တော့ နေတဝက်တာ ကျိုးတော့မယ် အကြော်တွေက မကုန်သေးဘူး ... ဒါနဲ့ သူလည်း သစ်ပင်ရိပ်အောက် ထိုင်ပြီး ခါးကြားက ဖုန်းလေး ထုတ်လိုက်တယ် (မျက်နှာမဲ့မနေ့နဲ့ လူတိုင်းဖုန်းကိုင်တဲ့ခေတ် ) ... ဒါနဲ့ အိမ်ကို လှမ်းဆက်လိုက်တယ် ...သူအမေ လာကိုင်တော့ " အမေ အကြော်တွေ မကုန်သေးဘူး ... အဲဒါ အကြွေးရောင်းခဲ့ရမလား ဈေးလျော့ရောင်းခဲ့ရမလား တဲ့ ... အမေက "ဟဲ့ ဒီလောက်အရေးကြီးတဲ့ ကိစ္စ နင်အဖေကို တိုင်ပင်လိုက် "ဆိုပြီး ဖုန်းပေးလိုက်တယ် ... "ဟင် တော်တော်ကြီးကျယ်သွားပါလား"လို့ စိတ်ထဲက တွေးလိုက်တယ် ...
အဖေက "စီးပွားရေးက မကောင်းတော့ လူတိုင်းလက်ထဲ ငွေရှားနေမယ်ကွ ။ မင်းအကြော်ဖိုးအကြွေး ပေးဖို့ရှိသေးလား ။ အဲဒါ တစ်အချက် ။ နံပါတ်နှစ်က မင်း အကြွေးရောင်းရင် တပတ်ဆိုင်းလား တလဆိုင်းလား ။(ဟိုက် ငါအဖေက အကြော်ရောင်းလို့သာပဲ ) အဓိက ငွေရင်း မဆုံးရှုံးဖို့ အကြွေးပေးရင် အပေါင်ယူခဲ့ ငါသား (ငါနှယ် ရူးချင်တယ် အကြော်လေး လေးငါးထောင်ကို အပေါင်ယူခဲ့ဆိုပဲ ) ...
(မဖြစ်တော့ဘူး ဆက်မေးရင် ကမ္ဘာကြွေးမှီတွေပါ ပါလာနိုင်တယ် ။မြန်မြန်ဖြတ်မှ ) 
"ဟုတ် အဖေ သား အကုန် စီစဉ်လိုက်ပါမယ် "
"အေး ငါသား ။ အော် တခု ပြောမလို့ ပေးတဲ့အခါ ငွေသားလက်ငင်းပေးမှာလား ATM ထဲ ထည့်မှာလားဆိုတာ သေချာမေးခဲ့ "(တိန် လူသာ အကြော်ရောင်းလိုသာပဲ ATM တောင် ပါသေးတယ် ) 
" ဟုတ် အဖေ "... ဆိုပြီး ဖုန်းချလိုက်တယ် ...
ပြီးတော့ နည်းလမ်းစဉ်းစားလိုက်တယ် ..."ဟာ သိပြီ Fb ကနေ ရောင်းရမယ် public ဖွင့်လိုက်ရင် လူသိများပြီပေါ့ "
ဒါနဲ့ fb ပေါ်တင်လိုက်တယ် ... အကြော်မျိုးစုံ ရောင်းရန်ရှိသည် ။ ရောင်းဈေး ၅ထောင် ။

ဆယ်ငါးမိနစ်လောက်ကြာတော့ အင်္ဂလန်သားကြီးက ကွန့်မန့် ရေးလာတယ် ။ 
"အကြော်အားလုံး ယူပါမယ် ။ ဒါပေမဲ့ ကြော်တဲ့ ဆီက FDA ထောက်ခံစာ ထည့်ပေးပါ" တဲ့
ဒါနဲ့ reply ပြန်လိုက်တယ် "Sunday မို့ ရုံးပိတ်လို့ FDA တော့ မရနိုင်ကြောင်း " ( ဒေါင်းဇားဂျီး အကြော်သည်ပါဆိုမှ အကြော်စက်ရုံ မှတ်နေလား )စိတ်ထဲအတွေး

ခဏနေတော့ အမေရိကန် မန့်လာရေးတယ် ။
"စိတ်ဝင်စားပါတယ် ။ Analysis လုပ်ဖို့ အဖွဲ့တဖွဲ စေလွတ်၍ မြည်းခိုင်းလိုကြောင်း "ရေးလာတယ် ။
(နင်တို့ မြည်းမှတော့ ငါ ဘာရောင်းရတော့မှာလဲ )စိတ်ထဲအတွေး
"ဟုတ်ရပါတယ် ။ ကျွန်တော် ဥက္ကဌဆီ တင်ပြလိုက်ပါမယ် "

ခဏနေတော့ ပြင်သစ် သူဌေးက မန့်လာတယ် ...
" ရှမ်ပိန်နဲ့ မြည်းဖို့ ဝယ်ချင်ပါတယ် ။ သို့သော် မျိုးဗီဇမှန်မမှန် DNA စစ်ပေးပါ "
(သောက်ကျိုးနဲ့ အကြော်နဲ့ DNA လမိုင်းမကပ်လိုက်တာနော် )
"ဆီကြော်ဖြစ်လို့ DNA စစ်လို့မရနိုင်ကြောင်းပါ "

နောက်ဆုံးမြန်မာ တယောက် မန့်လာတယ်
"ဝယ်ချင်ပါတယ် "
ဟုတ် ဝမ်းသာပါတယ် "
" ဒါနဲ့ ဘာရောင်းတာလဲ "
(အကြော်စုံ ရေးထားတာကို ကန်းနေလား မသိဘူး )
"အကြော်စုံပါခင်ဗျ "
"ဟုတ်လား အရမ်းကြိုက်တာ ။ ဒါနဲ့ ဈေးက "
(သောက်ကလေး စာဖတ်ပျင်းနေလား )
"ငါးထောင်"
"ဒါနဲ့ ဘယ်မိတ်လဲဗျ "
(ငိုးမ မြန်မာက အကြော်ရောင်း ဘယ်မိတ်လဲဆို့တော့ )
"မြန်မာ"
"အကြော်ဆိုဒ်တွေ သိလိုရမလား"
(ဒေါင်းစား နင့်အဘအကြော်က ဘယ်ဆိုဒ်ဆိုတာ ရှိသေးလို့လဲ )
"ပုံမှန်ပါပဲ"
"အကြော်နဲ့ မတည့်တာ ရှိလား"
(သောက်ကလေး အရက်ပျံဟေ့ )
"ရှိပါတယ် နုတ်ခမ်းအနာ "
"ကဲ ဟုတ်ပြီဗျာ ကျွန်တော်ဝယ်တော့မယ် ။ အော် warranty ကတ်ထည့်လိုက်ပါနော် "
"အေး ထည့်ပေးလိုက်မယ်ဟေ့ ဒေါင်းဇားကြီးရေ "

တော်ပြီ billကုန်တယ် လိုင်းပေါ်ကဆင်းတော့မယ် ...

#ဈေးဘန်းလေးမှတ်စုကြမ်း  # By Thet Aung

Shareလုပ်ပြီးအမှတ်များရယူပါ
0 Aavapoints

Trending:

ဘဲဥ​တော့ဘဲဥပဲ ဒါပေမယ့်ဆားဘဲဥ

   ဆေးဘဲဥကိုပဲ လူတွေက
more

Thomas

1 Share  650 Views

ပဲပြားများသတင်း

( ၁၂.၆.၂၀၁၇)
more

Ei Ei

Share  353 Views